Quran with Burmese translation - Surah At-Taubah ayat 72 - التوبَة - Page - Juz 10
﴿وَعَدَ ٱللَّهُ ٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَا وَمَسَٰكِنَ طَيِّبَةٗ فِي جَنَّٰتِ عَدۡنٖۚ وَرِضۡوَٰنٞ مِّنَ ٱللَّهِ أَكۡبَرُۚ ذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ ﴾
[التوبَة: 72]
﴿وعد الله المؤمنين والمؤمنات جنات تجري من تحتها الأنهار خالدين فيها ومساكن﴾ [التوبَة: 72]
Ba Sein ၇၂။ အလ္လာဟ်အရှင်မြတ်သည် ယုံကြည်သူယောက်ျားမိန်းမတို့အား နိဗ္ဗာန်ဥယျာဉ်တော်များကို ပေးသနားတော်မူမည် ဟု ကတိထားတော်မူ၏။ထိုဥယျာဉ်တော်များအောက်တွင် မြစ်ချောင်းထွေထွေစီးဆင်းလျက်ရှိကြ၏။သူတို့သည် ဥယျာဉ်တော်အတွင်း၌ နေထိုင်ရကြမည်။ဥယျာဉ်တော်များ၌ ကောင်းကြီးမင်္ဂလာအဖြာဖြာပြည့်နှက်လျက်ရှိသော နန်းဘုံဗိမာန်များရှိကြ၏။ယင်းမင်္ဂလာတော်များထက် သာလွန်မွန်မြတ်ခြင်းကား သူတို့ကို အလ္လာဟ်အရှင်မြတ် ၏ အားရနှစ်သက်တော်မူခြင်းဖြစ်၏။ဤအောင်မြင်ခြင်းအပေါင်းတို့၏ အထွဋ်အခေါင်ဖြစ်သည်။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူ ယောက်ျား၊ မိန်းမတို့အား၊ အကြင် ဥယျာဉ်များကို(ချီးမြှင့်တော်မူရန်) ကတိပြုထားတော် မူခဲ့လေသည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများ စီးတွေလျက်ရှိကြပေမည်။ (ထိုသူတို့ သည်) ၎င်းဥယျာဉ်များတွင် ထာဝစဉ်နေထိုင်လျက် ရှိကြပေမည်။ ထို့ပြင် (ထိုအရှင်မြတ်သည်) ထာဝစဉ် တည်သောဥယျာဉ်များ၌ ကောင်းမွန်စင်ကြယ်သောဗိမာန်များကို (ချီးမြှင့်တော်မူရန်)လည်း (ကတိပြု ထားတော်မူခဲ့လေသည်။) ၎င်းပြင် အလ္လာဟ်အရှင်မြတ် ၏ကျေနပ်မှုမှာကား အကြီးကျယ်ဆုံးပင် ဖြစ်ပေသည်။ ဤသည် ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုပင်တည်း။(ရကူ) |
Hashim Tin Myint အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူ ယောက်ျား၊မိန်းမများကို အကြင်ဥယျာဉ်များကို (ပေးတော်မူရန်)ကတိပြုထားတော်မူခဲ့သည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများ စီးဆင်လျက်ရှိသည်။ သူတို့သည် ထိုဥယျာဉ်များတွင် အမြဲနေကြရမည်။ ထို့ပြင် အမြဲတည်သောဥယျာဉ်များတွင် ကောင်းမွန်စင်ကြယ်သော ဗိမာန်များကို(ပေးဆောင်တော်မူရန်)လည်း (ကတိပြုထားတော်မူခဲ့သည်)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ကျေနပ်မှုကမူ အကြီးကျယ်ဆုံးပင်*ဖြစ်သည်။ ဤသည် ကြီးကျယ်သော အောင်မြင်မှုဖြစ်သည်။ |