×

သူတို့သည် (အရှင်မြတ်၊ အရှင့်ဗျာဒိတ်တော်တို့နှင့်ဆန့်ကျင်၍ ကဲ့ရဲ့ပြစ်တင်စော်ကားရာရောက်သည့် မည် သည့်အပြောအဆိုကိုမျှ) မပြောဆိုကြကြောင်း အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ကျိန်ဆိုခဲ့ကြသော်လည်း အမှန်မှာ သူတို့သည် 9:74 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:74) ayat 74 in Burmese

9:74 Surah At-Taubah ayat 74 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 74 - التوبَة - Page - Juz 10

﴿يَحۡلِفُونَ بِٱللَّهِ مَا قَالُواْ وَلَقَدۡ قَالُواْ كَلِمَةَ ٱلۡكُفۡرِ وَكَفَرُواْ بَعۡدَ إِسۡلَٰمِهِمۡ وَهَمُّواْ بِمَا لَمۡ يَنَالُواْۚ وَمَا نَقَمُوٓاْ إِلَّآ أَنۡ أَغۡنَىٰهُمُ ٱللَّهُ وَرَسُولُهُۥ مِن فَضۡلِهِۦۚ فَإِن يَتُوبُواْ يَكُ خَيۡرٗا لَّهُمۡۖ وَإِن يَتَوَلَّوۡاْ يُعَذِّبۡهُمُ ٱللَّهُ عَذَابًا أَلِيمٗا فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِۚ وَمَا لَهُمۡ فِي ٱلۡأَرۡضِ مِن وَلِيّٖ وَلَا نَصِيرٖ ﴾
[التوبَة: 74]

သူတို့သည် (အရှင်မြတ်၊ အရှင့်ဗျာဒိတ်တော်တို့နှင့်ဆန့်ကျင်၍ ကဲ့ရဲ့ပြစ်တင်စော်ကားရာရောက်သည့် မည် သည့်အပြောအဆိုကိုမျှ) မပြောဆိုကြကြောင်း အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ကျိန်ဆိုခဲ့ကြသော်လည်း အမှန်မှာ သူတို့သည် မယုံကြည်မှုနှင့်ဆိုင်သော (အရှင့်ဗျာဒိတ်တော်နှင့်ဆန့်ကျင်သည့်) မိစ္ဆာဝါဒစကားကို မုချ ပြောဆိုခဲ့ကြ၏။ ထို့ပြင် (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ မွတ်စလင်ဖြစ်လာပြီဟု ပြောလျက်) အစ္စလာမ် အဖြစ်ခံယူပြီးနောက် မယုံကြည်ခြင်း (အမှန်တရားကို ဖီဆန်ငြင်းပယ်ခြင်း) ၌ နစ်မြုပ်ကြရုံသာမက သူတို့မစွမ်းဆောင် မအောင်မြင်နိုင်သောအရာများကိုလည်း ကြံစည်ရည်ရွယ်၍ ကြိုးပမ်းအားထုတ်ကြသည်။ (မြေပေါ်မြေ အောက် သယံဇာတ၊ စွမ်းရည်၊ စွမ်းအင်စသော) အရှင်မြတ်၏ကျေးဇူးတော်များအနက်မှ အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်တို့က သူတို့အား ကြွယ်ဝချမ်းသာ ကုံလုံပြည့်စုံစေခြင်း (ကို အခွင့်ကောင်းယူခြင်း) မှအပ သူတို့သည် (အစ္စလာမ်၊ တမန်တော်မြတ်တို့နှင့်ဆန့်ကျင်၍ မကျေမချမ်း တုံ့ပြန်လက်စားချေရန်) မလိုမုန်းထား မှုရှိစရာ အခြားမည်သည့် အကြောင်းပြချက်မျှ မရှိပေ။ အကယ်၍ သူတို့သည် နောင်တကြီးစွာရလျက် (အမှန်တရားသစ္စာဘက်သို့) လှည့်ပြန်ကြလျှင် သူတို့အတွက် အကောင်းဆုံး ဖြစ်မည်။ သို့သော် အကယ်၍ သူတို့သည် (အမှန်တရားသစ္စာကို ကျောခိုင်း၍) ရှောင်ပြေးကြလျှင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား လောကီလော ကုတ္တရာနှစ်ဌာနစလုံး၌ ပြင်းပြစူးနစ်သော ပြစ်ဒဏ်ဖြင့် ဒဏ်ခတ်အရေးယူတော်မူလိမ့်မည်။ ထို့ပြင် သူတို့အတွက် ကမ္ဘာဂြိုဟ်၌ (ထိုပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရ၍) ကာကွယ်စောင့်ရှောက်သူနှင့်ကူညီစောင်မသူဟူ၍လည်း မည်သူ တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။

❮ Previous Next ❯

ترجمة: يحلفون بالله ما قالوا ولقد قالوا كلمة الكفر وكفروا بعد إسلامهم وهموا, باللغة البورمية

﴿يحلفون بالله ما قالوا ولقد قالوا كلمة الكفر وكفروا بعد إسلامهم وهموا﴾ [التوبَة: 74]

Ba Sein
၇၄။ သူတို့သည် မုသားစကားကို မဆိုရပါဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်ရ ကျိန်ဆိုကြ၏။သို့ငြားသော်လည်း သူတို့သည် မိစ္ဆာဒိဋ္ဌိစကားကို ပြောဆိုကြ၏။သူတို့သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကျိုးနွံပြီးမှ မယုံကြည် ဖောက်ပြန်ကြ၏။သူတို့သည် မိမိတို့မပြုစွမ်းနိုင်သည်ကိုသာ ကြံစည်ကြ၏။အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ် ၏ တမန်တော်သည် သူတို့အား ကျေးဇူးတာ်များမှ ကျေးဇူးပြုတော်မူသောကြောင့်သာ လက်စားချေကြ၏။သူတို့သည် တရားသံဝေဂရကြလျှင် သူတို့အဖို့သာလွန်ကောင်းမြတ်၏။သူတို့သည် လှည့်သွားကြလျှင် အလ္လာဟ် အရှင်မြတ်သည် သူတို့အား ဤဘဝ၊ နောင်ဘဝ၊ ဘဝနှစ်ပါး၌ ပြင်းပြသောအပြစ်ဒဏ်ကို ပေးတော်မူလိမ့်မည်။သူတို့၌ ကမ္ဘာမြေပေါ်ဝယ်ကာကွယ်သူအဆွေခင်ပွန်းသော်လည်းကောင်း၊ ကူညီသူသော်လည်းကောင်း၊ တစ်စုံ တစ်ယောက်မျှမရှိပေ။
Ghazi Mohammad Hashim
၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား၊ တိုင်တည်၍ မိမိတို့သည် (ထိုစကားကို) မပြောဆိုခဲ့ကြပါဟု ဆိုခဲ့ကြလေသည်၊ အမှန်စင်စစ်သော်ကား၊ ၎င်းတို့သည် ကုဖ်ရ်မိစ္ဆာဝါဒစကားကို မုချပြောဆိုခဲ့ကြလေသည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့ (အယောင်ဆောင်) မုစ်လင်မ်ဖြစ်ခဲ့ကြပြီးနောက်(မျက်မြင်အားဖြင့်လည်း) သွေဖည်ငြင်းပယ်ခဲ့ကြလေသည်။ ထိုမျှမကသေး၊ ၎င်းတို့သည် အကြင်ကိစ္စတရပ်ကိုလည်း ပြုလုပ်ရန် ကြံရွယ်ခဲ့ကြလေသည်။ သို့ရာတွင် ၎င်းတို့သည် မအောင်မြင်ခဲ့ကြပေ။ စင်စစ်သော်ကား၊ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ရစူလ်တမန်တော်က မိမိကျေးဇူးတော်နှင့် ၎င်းတို့အား ချမ်းသာကြွယ်ဝ စေတော်မူခဲ့သည်မှအပ၊ အခြားတစ်စုံတစ်ရာကိုမျှ တုံ့ပြန် လက်စားချေခဲ့ကြသည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အကယ်၍ ၎င်းတို့သည် ဝန်ချတောင်းပန်ကြပါလျှင် ၎င်းတို့အဖို့သာလျှင် အကောင်း ဖြစ်ပေမည်။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် မျက်နှာလွှဲဖယ်ကျောခိုင်း၍ သွားကြပါမူ၊ အလ္လာဟ် အရှင်မြတ်သည် ၎င်းတို့အားဤပစ္စုပ္ပန်လောကီဘဝ၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ပြင်းပြနာကျင်စေသော ပြစ်ဒဏ်ကို ပေးတော်မူအံ့၊ ထိုမှတစ်ပါး ၎င်းတို့အဖို့ ပထဝီမြေပြင်၌ အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ ကူညီစောင်မမည့် သူဟူ၍လည်းကောင်း၊မည်သူတစ်ဦးတစ်ယောက်မျှ ရှိချေမည် မဟုတ်ပေတကား။
Hashim Tin Myint
သူတို့သည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြီး သူတို့သည် (ထိုစကားကို)မ‌ပြောဆိုခဲ့ပါဟု* ကျိန်ဆိုကြသည်။ အမှန်စင်စစ် သူတို့သည် ကုဖ်ရ်ငြင်းပယ်‌သောစကားကို အမှန်ပင် ‌ပြောဆိုခဲ့ကြသည်။ ၎င်းပြင် သူတို့သည် သူတို့၏အစ္စလာမ်‌နောက်တွင် ကုဖ်ရ်ငြင်းပယ်မှု ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် မ‌အောင်မြင်နိုင်‌သော ကိစ္စရပ်တစ်ခုကိုလည်း ပြုလုပ်ရန် ကြံရွယ်ခဲ့ကြသည်။* ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင့်တမန်‌တော်က အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် သူတို့ကို ချမ်းသာကြွယ်ဝ‌အောင်လုပ်သည်ကိုပင် တုံ့ပြန် လက်စား‌ချေသည်မှလွဲ၍ အခြားမည်သည့်အရာကိုမှ တုံ့ပြန် လက်စား‌ချေခဲ့ကြသည် မဟုတ်‌ပေ။* ထို့‌နောက် အကယ်၍ သူတို့သည် ဝန်ချ‌တောင်းပန်ကြလျှင် သူတို့အတွက်ပင် အ‌ကောင်းဖြစ်မည်။ ၎င်းပြင် အကယ်၍ သူတို့သည် မျက်နှာလွှဲ‌ကျောခိုင်းသွားကြလျှင်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ဤ‌လောကီဘဝနှင့် တမလွန်ဘဝတွင် အလွန်နာကျင်‌စေ‌သောပြစ်ဒဏ်ကို ‌ပေး‌တော်မူမည်။ ထို့ပြင် သူတို့အတွက် ကမာ္ဘ‌မြေတွင် မိတ်‌ဆွေနှင့်ကူညီမည့်သူ မည်သူမျှ ရှိမည်မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek