×

(အရှင့်စည်းမျဉ်းဥပဒေကို အသိအမှတ်မပြုသော သူတို့နှင့်ကတိပဋိညာဉ်ချုပ်ဆိုရန်) မည်သို့ ဖြစ်နိုင်မည်နည်း။ ထို့ပြင် အကယ်၍ သူတို့သည် သင်တို့အပေါ် ကြီးစိုးလွှမ်းမိုးခွင့်ရလျှင် သင်တို့နှင့်ချုပ်ဆိုထားသည့် ပဋိညာဉ်၌ 9:8 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:8) ayat 8 in Burmese

9:8 Surah At-Taubah ayat 8 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 8 - التوبَة - Page - Juz 10

﴿كَيۡفَ وَإِن يَظۡهَرُواْ عَلَيۡكُمۡ لَا يَرۡقُبُواْ فِيكُمۡ إِلّٗا وَلَا ذِمَّةٗۚ يُرۡضُونَكُم بِأَفۡوَٰهِهِمۡ وَتَأۡبَىٰ قُلُوبُهُمۡ وَأَكۡثَرُهُمۡ فَٰسِقُونَ ﴾
[التوبَة: 8]

(အရှင့်စည်းမျဉ်းဥပဒေကို အသိအမှတ်မပြုသော သူတို့နှင့်ကတိပဋိညာဉ်ချုပ်ဆိုရန်) မည်သို့ ဖြစ်နိုင်မည်နည်း။ ထို့ပြင် အကယ်၍ သူတို့သည် သင်တို့အပေါ် ကြီးစိုးလွှမ်းမိုးခွင့်ရလျှင် သင်တို့နှင့်ချုပ်ဆိုထားသည့် ပဋိညာဉ်၌ ပါရှိသော ကတိကဝတ်များ၊ ဆွေမျိုးတော်စပ်မှုဆိုင် အနှောင်အဖွဲ့များနှင့်တာဝန်ယူမှု၊ တာဝန်ခံမှုများကို အလျှင်း ထောက်ထားကြမည်မဟုတ်ပေ။ သူတို့၏နှုတ်လျှာများဖြင့် သင်တို့အား နှစ်သိမ့်စကားပြောဆို၍ ဖြေသိမ့်ကြသော်လည်း သူတို့၏စိတ်နှလုံးများမှာမူကား (ကတိခံဝန်ချက်များကို သစ္စာမဲ့စွာ) ငြင်းပယ်လျက်ရှိကြသည်။ အမှန်မှာ သူတို့အနက်မှ အများစုသည် အရှင့်စည်းမျဉ်းဥပဒေများကို အာခံဖောက်ဖျက် (သော ယုတ်မာကောက်ကျစ်) သူများသာ ဖြစ်ကြ၏။

❮ Previous Next ❯

ترجمة: كيف وإن يظهروا عليكم لا يرقبوا فيكم إلا ولا ذمة يرضونكم بأفواههم, باللغة البورمية

﴿كيف وإن يظهروا عليكم لا يرقبوا فيكم إلا ولا ذمة يرضونكم بأفواههم﴾ [التوبَة: 8]

Ba Sein
၈။ အခြားမိစ္ဆာဒိဋ္ဌိတို့သည် သင့်အပေါ်၌ အရေးသာသောအခါ မိမိတို့ကတိစာချုပ်ကိုသော်လည်းကောင်း၊ သင့်ကို သော်လည်းကောင်း၊ အရေးမစိုက်ကြချေ၊ ထိုသူတို့နှင့်အဘယ်ကဲ့သို့ မဟာမိတ်စာချုပ်ချုပ်နိုင်အ့ံနည်း၊ သူတို့သည် နှုတ်များဖြင့် သင်တို့ကို စိတ်ကျေနပ်စေ၍ စိတ်နှလုံး၌ သစ္စာဖောက်ကြ၏။သူတို့အနက် အများအပြားသည် ဒုစရိုက်မကောင်းမှုကို ကျူးလွန်သူများဖြစ်ကြ၏။
Ghazi Mohammad Hashim
(ယင်းကဲ့သို့ ကတိဖောက်ဖျက်သူတို့၏ ကတိဝန်ခံချက်ကို)အသို့လျှင် ထောက်ထားနိုင်ပါအံ့နည်း။ အမှန်စင်စစ်သော်ကား အကယ်၍သာ ထိုသူတို့သည် အသင်တို့အပေါ်၌ကြီးစိုးကြပါလျှင်၊ ထိုသူတို့သည် အသင်တို့နှင့်ပတ်သက်၍ ဆွေမျိုးတော်စပ်သည်ကိုလည်းကောင်း၊ ပဋိညာဉ်ဖွဲ့ထားသည်ကိုလည်းကောင်း၊ ထောက်ထားကြမည်မဟုတ်ပေ။ ၎င်းတို့သည်အသင်တို့အား မိမိတို့၏နှုတ်များ ဖြင့်သာလျှင် နှစ်သိမ့်စေကြကုန်သည်။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးများမှာမူကား(၎င်းတို့၏နှုတ်မှ ပြောဆိုချက်တို့ကို) ငြင်းပယ်လျက်ရှိကြကုန်သတည်း။ စင်စစ် ၎င်းတို့အနက် အများစုတို့မှာကား စည်းကမ်း ဖောက်ဖျက်သူများသာ ဖြစ်ကြကုန်သည်။
Hashim Tin Myint
(ထိုကဲ့သို့ ကတိမတည်‌သောသူများ၏ ကတိစာချုပ်ကို) မည်ကဲ့သို့ ‌ထောက်ထားနိုင်မည်နည်း။ ထို့ပြင် အကယ်၍ သူတို့သည် အသင်တို့အ‌ပေါ်တွင် ‌အောင်နိုင်ကြလျှင် သူတို့သည် အသင်တို့နှင့်ပတ်သက်၍ ‌ဆွေမျိုး‌တော်စပ်ခြင်းကို‌သော်လည်း‌ကောင်း၊ ကတိစာချုပ် ချုပ်ဆိုထားခြင်းကို‌သော်လည်း‌ကောင်း ‌ထောက်ထားကြမည် မဟုတ်‌ပေ။ သူတို့သည် အသင်တို့အား သူတို့၏နှုတ်များဖြင့်သာ နှစ်သိမ့်‌စေကြသည်။ ၎င်းပြင် သူတို့၏စိတ်နှလုံးများကမူ (နှုတ်နှင့်)ဆန့်ကျင်လျက် ရှိကြသည်။ ၎င်းပြင် သူတို့ထဲမှ အများစုသည် စည်း‌ဖောက်သူမျာပင်*ဖြစ်ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek