×

အထွတ်မြတ်ဆုံး ဗလီဝတ်ကျောင်းတော်၌ သင်တို့နှင့်မဟာမိတ်အဖြစ် ကတိပဋိညာဉ်ချုပ်ဆိုကြသော (မယုံကြည်သူ) တို့မှအပ အခြားအရှင်မြတ်နှင့်တွဲဖက်၍ ရုပ်တုကိုးကွယ်ကြသော (အရှင့်စည်းမျဉ်းဥပဒေများကို အသိအမှတ်မပြုကြသည့်) ပုဂ္ဂိုလ်များသည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ထံတွင် 9:7 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:7) ayat 7 in Burmese

9:7 Surah At-Taubah ayat 7 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 7 - التوبَة - Page - Juz 10

﴿كَيۡفَ يَكُونُ لِلۡمُشۡرِكِينَ عَهۡدٌ عِندَ ٱللَّهِ وَعِندَ رَسُولِهِۦٓ إِلَّا ٱلَّذِينَ عَٰهَدتُّمۡ عِندَ ٱلۡمَسۡجِدِ ٱلۡحَرَامِۖ فَمَا ٱسۡتَقَٰمُواْ لَكُمۡ فَٱسۡتَقِيمُواْ لَهُمۡۚ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُتَّقِينَ ﴾
[التوبَة: 7]

အထွတ်မြတ်ဆုံး ဗလီဝတ်ကျောင်းတော်၌ သင်တို့နှင့်မဟာမိတ်အဖြစ် ကတိပဋိညာဉ်ချုပ်ဆိုကြသော (မယုံကြည်သူ) တို့မှအပ အခြားအရှင်မြတ်နှင့်တွဲဖက်၍ ရုပ်တုကိုးကွယ်ကြသော (အရှင့်စည်းမျဉ်းဥပဒေများကို အသိအမှတ်မပြုကြသည့်) ပုဂ္ဂိုလ်များသည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ထံတွင် ကတိပဋိညာဉ် (ဖြင့် မဟာမိတ် ပြုလုပ်ရန် လျှောက်ထားခြင်း) အား သူတို့အတွက် မည်သို့ ခွင့်ပြုနိုင်မည်နည်း။ သို့သော် (သင်တို့ နှင့်ကတိပဋိညာဉ်ထားခဲ့ကြသော) သူတို့သည် (စာချုပ်ပါ စည်းမျဉ်းများနှင့်အညီ) သင်တို့အတွက် ဖြောင့်မတ် မှန်ကန်မြဲမြံစွာဖြင့် ရပ်တည်နေသမျှ ကာလပတ်လုံး သင်တို့လည်း သူတို့အတွက် (ပဋိညာဉ်နှင့်အညီ) မြဲမြံစွာ ရပ်တည်ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာ ဖြင့် လိုက်နာကျင့်သုံးကြသူတို့ကို နှစ်သက်တော်မူ၏။

❮ Previous Next ❯

ترجمة: كيف يكون للمشركين عهد عند الله وعند رسوله إلا الذين عاهدتم عند, باللغة البورمية

﴿كيف يكون للمشركين عهد عند الله وعند رسوله إلا الذين عاهدتم عند﴾ [التوبَة: 7]

Ba Sein
၇။ ဘေးမဲ့ကအ်ဘာပလီဝတ်ကျောင်းတော်ကြီး၌ သင်တို့မဟာမိတ်စာချုပ်ချုပ်ဆိုပြီးသူမိစ္ဆာဒိဋ္ဌိများမှတပါး အခြား မိစ္ဆာဒိဋ္ဌိတို့သည် အလ္လာဟ်နှင့်သော်လည်းကောင်း၊ အရှင်မြတ်၏ တမန်တော်တို့နှင့်သော်လည်းကောင်း၊ အဘယ် သို့ မဟာမိတ်စာချုပ်ချုပ်ဆိုနိုင်မည်နည်း၊ သူတို့သည် သင်တို့အပေါ်တွင် သစ္စာရှိသမျှကာလပတ်လုံး သင်တို့ လည်း သူတို့အပေါ်တွင် သစ္စာရှိကြလော့၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အမှုတော်ကို ကျေကုန် သူတို့ကို ချစ်မြတ်နိုးတော်မူ၏။
Ghazi Mohammad Hashim
မွရှ်ရစ်က်တို့၏ ပဋိညာဉ်ကိုထောက်ထားလိုက်နာရန်တာဝန်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော် အပေါ်၌ လည်းကောင်း၊ အသို့ လျှင်ရှိနိုင်ပါအံ့နည်း။ မတ်စ်ဂျိဒေဟရာမ်ထူးမြတ် သောဗလီ ဝတ်ကျောင်းတော်၏အပါးတွင် အသင်တို့ပဋိညာဉ် ဖွဲ့ခဲ့ကြသောသူတို့မှတစ်ပါး၊ ၎င်းတို့သည် အသင်တို့နှင့် ပတ်သက်၍ ဖြောင့် မတ်စွာ တည်ရှိနေသမျှ ကာလပတ်လုံးအသင်တို့သည်လည်း ၎င်းတို့နှင့်ပတ်သက်၍ ဖြောင့်မတ်စွာတည်ရှိကြလေကုန်။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည်ပြစ်မှုဒုစရိုက်တို့မှ ကြဉ် ရှောင်ကြကုန်သော သူတော်စင်တို့အားချစ်မြတ်နိုးတော်မူပေသတည်း။
Hashim Tin Myint
အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ထံတွင် မုရှ်ရိက်များ၏ ကတိစာချုပ်ကို ‌ထောက်ထားလိုက်နာရန် တာဝန်မည်ကဲ့သို့ ရှိ‌တော့မည်နည်း။ သို့ရာတွင် မတ်စ်ဂျိဒိဟရာမ် ထွတ်မြတ်‌သောဗလီဝတ်‌ကျောင်း‌တော်အပါး၌ အသင်တို့ ကတိစာချုပ် ချုပ်ဆိုခဲ့‌သောသူများကမူ၊ သူတို့သည် အသင်တို့နှင့်ပတ်သက်၍ ‌ဖြောင့်မတ်စွာ တည်ရှိ‌နေသမျှ အသင်တို့သည်လည်း သူတို့နှင့်ပတ်သက်၍ ‌ဖြောင့်မတ်စွာ တည်ရှိကြပါ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများကို ချစ်မြတ်နိုး‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek