×

သဲကန္တာရာတွင် လှည့်လည်နေထိုင်ကြသော မျိုးနွယ်စုများအနက်မှ (အချို့သည်) သင်တို့၌ (ကံဆိုးမိုးမှောင် ကျစေသည့် အတိဒုက္ခ) အလှည့်ရောက်စေရန် ရည်စူးမျှော်ကိုးလျက် (သင်တို့ကို ဆန့်ကျင်တိုက်ရာတွင် 9:98 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:98) ayat 98 in Burmese

9:98 Surah At-Taubah ayat 98 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 98 - التوبَة - Page - Juz 11

﴿وَمِنَ ٱلۡأَعۡرَابِ مَن يَتَّخِذُ مَا يُنفِقُ مَغۡرَمٗا وَيَتَرَبَّصُ بِكُمُ ٱلدَّوَآئِرَۚ عَلَيۡهِمۡ دَآئِرَةُ ٱلسَّوۡءِۗ وَٱللَّهُ سَمِيعٌ عَلِيمٞ ﴾
[التوبَة: 98]

သဲကန္တာရာတွင် လှည့်လည်နေထိုင်ကြသော မျိုးနွယ်စုများအနက်မှ (အချို့သည်) သင်တို့၌ (ကံဆိုးမိုးမှောင် ကျစေသည့် အတိဒုက္ခ) အလှည့်ရောက်စေရန် ရည်စူးမျှော်ကိုးလျက် (သင်တို့ကို ဆန့်ကျင်တိုက်ရာတွင် သုံးစွဲသည့် အသက်၊ စည်းစိမ်စသော) သုံးစွဲပေးကမ်းလှူဒါန်းသမျှကို (အရှင့်ထံ) ဒဏ်ဆောင်ခြင်းအဖြစ် မှတ်ယူကြ လေ၏။ သို့သော် ထိုကံဆိုးမိုးမှောင်ကျစေသည့် အတိဒုက္ခ) အလှည့်သည် သူတို့အပေါ်၌သာ (ဆိုက်ရောက်မည်ကို သူတို့မသိကြချေ)။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (သက်ရှိတို့၏ဆုတောင်းပန်ကြားမှုအလုံးစုံကို) အကြွင်းမဲ့ ကြားနေသောအရှင်၊ အရာခပ်သိမ်းတို့၏သဘော သဘာဝကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: ومن الأعراب من يتخذ ما ينفق مغرما ويتربص بكم الدوائر عليهم دائرة, باللغة البورمية

﴿ومن الأعراب من يتخذ ما ينفق مغرما ويتربص بكم الدوائر عليهم دائرة﴾ [التوبَة: 98]

Ba Sein
၉၈။ သဲကန္တာရသားအာရဗ်လူမျိုးအချို့သည် အလ္လာဟ်အရှင်မြတ်၏ ဘက်တော်၌ သုံးစွဲခြင်းကို ဆုံးရှုံးခြင်းဟု မှတ်ကြပြီးလျှင် သင်တို့အတိဒုက္ခရောက်သည်ကိုသာ စောင့်ဆိုင်းနေကြ၏။သူတို့သာလျှင် အတိဒုက္ခရောက်ကြ လိမ့်မည်။အလ္လာဟ်အရှင်မြတ်သည် ကြားတော်မူသောအရှင်၊ သိတော်မူသောအရှင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
စင်စစ်သော်ကား၊ ကျေးရွာများ၌ နေထိုင်ကြကုန်သော အရဗ်အမျိုးသားတို့တွင် (ဇကာတ်၊ ဂျိဟာဒ် စသည့်မွန်မြတ်သောကိစ္စများတွင်)မိမိတို့ သုးံစွဲကြသည်တို့ကို ဒဏ်ဆောင် ခြင်း ဖြစ်သည် ဟု မှတ်ယူကြသူများလည်း ရှိကြကုန်၏၊၎င်းပြင် ထိုသူတို့သည် အသင်တို့နှင့်ပက်သက်၍ အလှည့်ကြုံခြင်းများကို စောင့်မျှော်နေကြကုန်၏။ (အမှန်အားဖြင့်)ထိုသူတို့အပေါ်၌ပင် မကောင်းသောအလှည့် ကြုံခြင်းသည်ရှိပေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလုံးစုံတို့ကို ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို သိတော်မူသောအသျှင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
ထို့ပြင် ‌ကျေးလက်‌ဒေသများတွင် ‌နေထိုင်ကြ‌သော အရဗ်အမျိုးသားများထဲ၌ (ဇကာသ်၊ ဂျိဟာဒ်များတွင်) သူတို့ သုံးစွဲကြသည်များကို “ဒဏ်‌ဆောင်ခြင်းဖြစ်သည်“ဟု မှတ်ယူကြသူများလည်း ရှိကြသည်။ ထို့ပြင် သူတို့သည် အသင်တို့နှင့်ပတ်သက်၍ အတုံ့အလှည့်ဖြစ်ခြင်းများကို ‌စောင့်‌မျှော်‌နေကြသည်။ (အမှန်စင်စစ်) သူတို့‌ပေါ်တွင် မ‌ကောင်း‌သောအလှည့်ကြုံခြင်းရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (သူတို့‌ပြောသည်များကို)အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ (သူတို့၏ မှားယွင်း‌သောရည်ရွယ်ချက်များကို)အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek