Quran with Burmese translation - Surah At-Taubah ayat 97 - التوبَة - Page - Juz 11
﴿ٱلۡأَعۡرَابُ أَشَدُّ كُفۡرٗا وَنِفَاقٗا وَأَجۡدَرُ أَلَّا يَعۡلَمُواْ حُدُودَ مَآ أَنزَلَ ٱللَّهُ عَلَىٰ رَسُولِهِۦۗ وَٱللَّهُ عَلِيمٌ حَكِيمٞ ﴾
[التوبَة: 97]
﴿الأعراب أشد كفرا ونفاقا وأجدر ألا يعلموا حدود ما أنـزل الله على﴾ [التوبَة: 97]
Ba Sein ၉၇။ ကျေးတောသားအာရဗ်လူမျိုးတို့သည် မိစ္ဆာအယူဝါဒနှင့် ယုံကြည်ဟန်ဆောင်ခြင်း၌ သာလွန်ပြင်းထန်ကြ၏။အလ္လာဟ်အရှင်မြတ်က မိမိတမန်တော်အား ချပေးသနားတော်မူသောကျင့်စဉ်တရားတော်များကို မသိနားမလည် မှု၌ ပိုမိုဆိုးဝါးတတ်ကြ၏။အလ္လာဟ်အရှင်မြတ်သည် သိတော်မူသောအရှင်၊ ဉာာဏ်ပညာရှိတော်မူသောအရှင် ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim ကျေးရွာများ၌ နေထိုင်ကြကုန်သော အရဗ်အမျိုးသား(မုနာဖစ်က်)များသည် ကုဖ်ရ် သွေဖည် ငြင်းပယ်မှုတွင်လည်းကောင်း၊ နိဖာက် အယောင် ဆောင်မှုတွင်လည်းကောင်း၊ ပိုမို၍ပင် ပြင်းထန်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်အလ္လာဟ်အရှင်မြတ်က မိမိ၏ရစူလ်တမန်တော်မြတ်အပေါ်၌ချပေးသနားတော်မူသော အမိန့်ပညတ်တော်များကို ပို၍ပင်မသိထိုက်ကြသူများဖြစ်ကြ၏။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်၊ နက်နဲသိမ်မွေ့သော ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ကျေးလက်ဒေသများတွင် နေထိုင်ကြသော အရဗ်အမျိုးသားများသည် ကုဖ်ရ်ငြင်းပယ်မှုနှင့် နိဖာက် အယောင်ဆောင်မှုတွင် ပို၍ပြင်းထန်ကြသည်။* ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်က အရှင်မြတ်၏တမန်တော်အပေါ်တွင် ချပေးထားသော အမိန့်ပညတ်များကို (တော၌နေသည့်အတွက်)ပို၍ပင် မသိထိုက်ကြသော(သိရန် မလွယ်သော)သူများဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ |