Quran with Burmese translation - Surah Yunus ayat 22 - يُونس - Page - Juz 11
﴿هُوَ ٱلَّذِي يُسَيِّرُكُمۡ فِي ٱلۡبَرِّ وَٱلۡبَحۡرِۖ حَتَّىٰٓ إِذَا كُنتُمۡ فِي ٱلۡفُلۡكِ وَجَرَيۡنَ بِهِم بِرِيحٖ طَيِّبَةٖ وَفَرِحُواْ بِهَا جَآءَتۡهَا رِيحٌ عَاصِفٞ وَجَآءَهُمُ ٱلۡمَوۡجُ مِن كُلِّ مَكَانٖ وَظَنُّوٓاْ أَنَّهُمۡ أُحِيطَ بِهِمۡ دَعَوُاْ ٱللَّهَ مُخۡلِصِينَ لَهُ ٱلدِّينَ لَئِنۡ أَنجَيۡتَنَا مِنۡ هَٰذِهِۦ لَنَكُونَنَّ مِنَ ٱلشَّٰكِرِينَ ﴾
[يُونس: 22]
﴿هو الذي يسيركم في البر والبحر حتى إذا كنتم في الفلك وجرين﴾ [يُونس: 22]
Ba Sein ၂၂။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ကို ရေလမ်းကုန်းလမ်းဖြင့် သွားလာနိုင်စေတော်မူ၏။ ထို့ကြောင့်သင်တို့သည် လှေသင်္ဘောများကို စီးနင်းသွားလာနိုင်ကြ၏။ လှေသဘေ်ာများသည် လေသင့်သောအခါ ကောင်းစွာသွားကြ၏။ ခရီးသည်တို့လည်း ထိုအခါအလွန်ပျော်ပိုက်ကြ၏။ ထို့နောက်လေမုန်တိုင်းတိုက်လာ၏။ ထိုအခါလှိုင်းများသည် သူတို့၏ အနောက်ဘက်မှ ထကြွလာကြ၏။ သူတို့သည် မိမိတို့အား လှိုင်းတံပိုးများဖုံးလွှမ်းနေသည်ဟု ထင်မှတ် ကြ၏။ ထိုအခါသူတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ ငိုကြွေးဆုတောင်းကြ၏။ အရှင်မြတ်ကိုသာလျှင် ကိုးကွယ်ကြ၏။ သူတို့က အို-အလ္လာဟ်အရှင်၊ အကျွနု်ပ်တို့အား ဤဘေးဥပါဒ်မှ ကယ်နှုတ်တော်မူပါလျှင်၊ အကျွနု်ပ်တို့သည် ကျေးဇူးတော်ကို ချီးကျူးတသသူတို့ဘောင်တွင် မုချဧကန်ပါဝင်ကြပါမည်ဟု ပန်ထွာကြ၏။ |
Ghazi Mohammad Hashim ထိုအရှင်မြတ်သည် ထိုအရှင်မြတ်ပင်။ထိုအရှင်မြတ်သည်သာလျှင် အသင်တို့အား ကုန်းကြောင်း၌လည်းကောင်း၊ သမုဒ္ဒရာပင်လယ်ရေကြောင်း၌လည်းကောင်း၊ခရီးသွားလာစေတော်မူ၏။ သို့ဖြစ်သောကြောင့် အသင်တို့သည် သင်္ဘောများ တွင်ရှိနေကြသောအခါ သင်္ဘောများသည်လေညင်းလေ ပြည် ဖြင့် ၎င်း တို့အား သယ်ဆောင်သွားလေ၏။၎င်း တို့သည်လည်း ထိုလေပြည်ကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိကြ၏။ ထိုအခါ(ရုတ်တရက်) ထိုသင်္ဘောများကိုလေပြင်းမုန်တိုင်းသည် ရိုက်ခတ်လာ၍ လှိုင်းတံပိုးများသည်၎င်း တို့အပေါ်၌ အဖက် ဖက်မှ လွှမ်းမိုးလာသဖြင့် ၎င်း တို့သည်ဧကန်မလွဲ မိမိတို့မှာ ဝိုင်းဝန်းခြင်းကို ခံကြရလေပြီဟု ထင်မှတ်ခဲ့ကြလေသည်။ (ထိုအခါ) ၎င်း တို့သည် အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်၌သာလျှင်(အာရုံစူးစိုက်)သဒ္ဓါကြည်ဖြူလျှက် (အို-အရှင်) အကယ်၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤ(ဘေး အန္တရာယ်)မှ လွတ်မြောက်စေတော် မူပါလျင်ဧကန်မလွဲ ကျွန် တော်မျိုးတို့သည် ကျေးဇူး တော်ကို သိတတ်ကြသောသူတို့တွင် အပါအဝင် ဖြစ်ကြပါမည်ဟု ဟစ်ခေါ်ဆုတောင်းကြ၏။ |
Hashim Tin Myint အရှင်မြတ်သည် အသင်တို့အား ကုန်းကြောင်းနှင့်ရေကြောင်းတွင် ခရီးသွားလာစေတော်မူသောအရှင်ပင် ဖြစ်တော်မူသည်။ နောက်ဆုံး၌ အသင်တို့သည် သဘေင်္ာများတွင် ရှိနေကြသောအခါ သဘေင်္ာများသည် ညင်သာသောလေနှင့် သူတို့အား သယ်ဆောင်သွားသည်။ သူတို့သည်လည်း ထိုလေကြောင့်ပင် ဝမ်းသာနေကြသည်။ ထို့နောက် (ရုတ်တရက်) ထိုသဘေင်္ာများကို လေပြင်းမုန်တိုင်းရိုက်ခတ်လာပြီး လှိုင်းတံပိုးများသည် သူတို့အပေါ်၌ နေရာတိုင်းမှ လွှမ်းမိုးလာသည့်အတွက် သူတို့သည် အမှန်စင်စစ် သူတို့အား ဝိုင်းဝန်းသည်ကို ခံကြရပြီဟု ယုံကြည်ခဲ့ကြသည်။ (ထိုအခါ)သူတို့သည် အလ္လာဟ်အရှင်မြတ်အား အရှင်မြတ်အတွက်သာ စိတ်ထားဖြူစင်လျက်နှင့် (ဤသို့)ဟစ်ခေါ် ဆုတောင်းကြသည်- “အကယ်၍ အရှင်မြတ်သည် ကျွန်ုပ်တို့အား ဤ(အန္တရာယ်)မှ လွတ်မြောက်စေတော်မူပါလျှင် အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျေးဇူးသိတတ်သူများထဲ၌ အပါအဝင် ဖြစ်ကြပါသည်။ |