Quran with Burmese translation - Surah Yunus ayat 55 - يُونس - Page - Juz 11
﴿أَلَآ إِنَّ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۗ أَلَآ إِنَّ وَعۡدَ ٱللَّهِ حَقّٞ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ ﴾
[يُونس: 55]
﴿ألا إن لله ما في السموات والأرض ألا إن وعد الله حق﴾ [يُونس: 55]
Ba Sein ၅၅။ မှတ်သားကြလော့၊ မိုးကောင်းကင်နှင့်ကမ္ဘာမြေပေါ်တွင် ရှိရှိသမျှအပေါင်းတို့ကို အလ္လာဟ်အရှင်မြတ်သည် ပိုင်စိုးတော်မူ၏။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်၏ ကတိတော်သည် မုချဧကန်မှန်ကန်၏။ သို့သော် သူတို့အနက် လူအများအပြားမသိကြချေ။ |
Ghazi Mohammad Hashim သတိပြုကြလေကုန်၊ ဧကန်စင်စစ် မိုးကောင်းကင်များ၌ရှိကုန်သော အရာဝတ္ထုအလုံးစုံတို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိကုန်သော အရာဝတ္ထု အလုံးစုံတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသောအရာဝတ္ထုချည်းသာ ဖြစ်ကြပေသည်။ သတိပြုကြလေကုန်၊ဧကန်မလွဲ အလ္လာဟ်အရှင်မြတ် ထားရှိတော်မူသော ကတိတော်သည် မှန်ကန်သောကတိတော်ပင်ဖြစ်၏။ သို့ရာတွင်၎င်း တို့ အနက် အများစုသည် မသိနားမလည်ကြချေ။ |
Hashim Tin Myint သတိပြုကြပါ၊ အမှန်စင်စစ် မိုးကောင်းကင်များနှင့် ပထဝီမြေတွင် ရှိသမျှသည် အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်တော်မူသည်။ သတိပြုကြပါ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် အမှန်ပင်ဖြစ်သည်။ သို့ရာတွင် သူတို့ထဲမှ အမြောက်အမြားသည် အသိမရှိကြပေ။ |