Quran with Burmese translation - Surah Yunus ayat 54 - يُونس - Page - Juz 11
﴿وَلَوۡ أَنَّ لِكُلِّ نَفۡسٖ ظَلَمَتۡ مَا فِي ٱلۡأَرۡضِ لَٱفۡتَدَتۡ بِهِۦۗ وَأَسَرُّواْ ٱلنَّدَامَةَ لَمَّا رَأَوُاْ ٱلۡعَذَابَۖ وَقُضِيَ بَيۡنَهُم بِٱلۡقِسۡطِ وَهُمۡ لَا يُظۡلَمُونَ ﴾
[يُونس: 54]
﴿ولو أن لكل نفس ظلمت ما في الأرض لافتدت به وأسروا الندامة﴾ [يُونس: 54]
Ba Sein ၅၄။ ပြစ်မှုကျူးလွန်ခဲ့သည့်ဝိညာဉ်တိုင်းသည် ကမ္ဘာပေါ်ရှိ ဥစ္စာပစ္စည်းအားလုံးကို ပိုင်ဆိုင်လျှင်၊ ၎င်းသည် ထိုပစ္စည်း အားလုံးကို ပေး၍ မိမိကိုယ်ကို ရွေးယူလိုကြ၏။ သူတို့သည် အပြစ်ဒဏ်တော်ကို မြင်ရသောအခါ ဝိညာဉ်တို့သည် တရားသံဝေဂရလိမ့်မည်၊ သို့သော်သူတို့အလည်တွင် တရားသဖြင့်စီရင်ဆုံးဖြတ်ပြီး သူတို့ကို မတရားနှိပ်စက်သည် မဟုတ်ချေ။ |
Ghazi Mohammad Hashim ထို့ပြင် အကယ်၍ (မိမိတို့ကိုယ်ကိုမိမိတို့ပင်)နှိပ်စက်ကလူ ပြုကြကုန်သော(မုရှ်ရစ်က်ဘုရားများကိုးကွယ်)သူအသီးသီးတို့တွင် ကမ္ဘာအဝှန်းနှင့်အမျှ အရာအားလုံးပိုင်ခဲ့လျှင်ထိုအရာအားလုံးတို့ကို လျော်ကြေးအဖြစ်ပေး(၍ပြစ်ဒဏ်မှလွတ်မြောက်) လိုကြပေအံ့။ ၎င်း ပြင် ထိုသူတို့သည် ပြစ်ဒဏ်ကို(ဦးစွာပထမ) မြင်ကြရသောအခါတွင် (မိမိတို့) နောင်တရ(ဝမ်းနည်း)ကို လျှို့ဝှက်ကြကုန်အံ့။ ထို့ပြင် (ထိုနေ့တွင်)၎င်း တို့၏အကြားဝယ် တရားမျှတစွာ စီရင်ဆုံးဖြတ်ပြီးဖြစ်အံ့။ စင်စစ်သော်ကား ၎င်း တို့သည် မတရားပြုလုပ်ခြင်းကို အလျဉ်းခံကြရမည်မဟုတ်ပေ။ |
Hashim Tin Myint ထို့ပြင် အကယ်၍ မတရားကျူးလွန်ခဲ့ကြသူတိုင်းသည် ကမာ္ဘမြေတွင် ရှိသမျှကို ပိုင်ဆိုင်ကြလျှင် ထိုအရာများနှင့် သူ၏ကိုယ်ကို (ပြစ်ဒဏ်မှလွတ်မြောက်ရန်)လျော်ကြေးပေးပြီး မုချ အလဲအလှယ်လုပ်ယူကြလိမ့်မည်။* ထို့ပြင် သူတို့သည် ပြစ်ဒဏ်ကို မြင်ကြရသောအခါ နောင်တရမှုကို မျိုသိပ်ထားကြမည်။* ၎င်းနောက် သူတို့ကြားတွင် သူတို့သည် မတရားပြုလုပ်ခြင်း မခံကြရဘဲလျက် မျှတစွာ စီရင်ဆုံးဖြတ်ခြင်း ခံကြရလိမ့်မည်။ |