×

မုချဧကန်၊ နေ့နှင့်ညတို့၏အပြောင်းအလဲများ၌လည်းကောင်း၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ် အတွင်းရှိ အလ္လာဟ်အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရာဟူသမျှ၌လည်းကောင်း၊ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသော လူမျိုးများအတွက်သက်သေလက္ခဏာတော်များ ရှိ၏။ 10:6 Burmese translation

Quran infoBurmeseSurah Yunus ⮕ (10:6) ayat 6 in Burmese

10:6 Surah Yunus ayat 6 in Burmese (البورمية)

Quran with Burmese translation - Surah Yunus ayat 6 - يُونس - Page - Juz 11

﴿إِنَّ فِي ٱخۡتِلَٰفِ ٱلَّيۡلِ وَٱلنَّهَارِ وَمَا خَلَقَ ٱللَّهُ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ لَأٓيَٰتٖ لِّقَوۡمٖ يَتَّقُونَ ﴾
[يُونس: 6]

မုချဧကန်၊ နေ့နှင့်ညတို့၏အပြောင်းအလဲများ၌လည်းကောင်း၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ် အတွင်းရှိ အလ္လာဟ်အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရာဟူသမျှ၌လည်းကောင်း၊ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသော လူမျိုးများအတွက်သက်သေလက္ခဏာတော်များ ရှိ၏။

❮ Previous Next ❯

ترجمة: إن في اختلاف الليل والنهار وما خلق الله في السموات والأرض لآيات, باللغة البورمية

﴿إن في اختلاف الليل والنهار وما خلق الله في السموات والأرض لآيات﴾ [يُونس: 6]

Ba Sein
၆။ မှတ်သားကြလော့၊ နေ့နှင့်ညဉ့်ကို ပြောင်းလဲတော်မူခြင်းတို့၌လည်းကောင်း၊ မိုးမြေတွင် အလ္လာဟ်ဖန်ဆင်းထား တော်မူသောအရာများ၌သော်လည်းကောင်း၊ အကုသိုလ်မကောင်းမှုကို ရှောင်ရှားသူတို့အဖို့ သက်သေသာဓက တော်များပါရှိကြ၏။
Ghazi Mohammad Hashim
ဧကန်မလွဲ ညဉ့်နှင့်နေ့တို့၏ပြောင်းလွဲမှု၌ လည်းကောင်း၊ မိုးကောင်းကင်များနှင့်ပထဝီမြေတွင် အလ္လာဟ် အရှင်မြတ် ဖန်ဆင်းထားတော်မူသော အရာများ၌လည်းကောင်း၊(အလ္လာဟ်အရှင်မြတ်အား)ကြောက်ရွံ့ရိုသေ ခန့်ညားသူတို့အဖို့သက်သေလက္ခဏာများသည် ဧကန်မုချ ရှိချေသည်။
Hashim Tin Myint
အမှန်စင်စစ် ညနှင့်‌နေ့များ၏ ‌ပြောင်းလဲမှုတွင်လည်း‌ကောင်း၊ မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် အရှင်မြတ် ဖန်ဆင်းထား‌တော်မူ‌သော အရာများတွင်လည်း‌ကောင်း (အရှင်မြတ်အား) ‌ကြောက်ရွံ့သူများအတွက် သက်‌သေလက္ခဏာများ အမှန်ပင်ရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek