Quran with Burmese translation - Surah Yunus ayat 5 - يُونس - Page - Juz 11
﴿هُوَ ٱلَّذِي جَعَلَ ٱلشَّمۡسَ ضِيَآءٗ وَٱلۡقَمَرَ نُورٗا وَقَدَّرَهُۥ مَنَازِلَ لِتَعۡلَمُواْ عَدَدَ ٱلسِّنِينَ وَٱلۡحِسَابَۚ مَا خَلَقَ ٱللَّهُ ذَٰلِكَ إِلَّا بِٱلۡحَقِّۚ يُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٖ يَعۡلَمُونَ ﴾
[يُونس: 5]
﴿هو الذي جعل الشمس ضياء والقمر نورا وقدره منازل لتعلموا عدد السنين﴾ [يُونس: 5]
Ba Sein ၅။ အရှင်မြတ်သည် နေကို ထွန်းတောက်စွာ၊ လကို လင်းဝင်းစွာဖန်ဆင်းထားတော်မူ၏။ လယသွားလာဖို့ရာ ခရီးစဉ်ကို စီရင်ထားတော်မူ၏။ နေနှင့်လသည် လူသားတို့အချိန်ကာလနေ့ရက်လနှစ်များကို ရေတွက်ဖို့ရာဖြစ်၏။ အလ္လာဟ် အရှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို အလဟဿအကျိုးမဲ့ဖန်ဆင်းတော်မူသည်မဟုတ်၊ မှန်ကန်သော အကြောင်းရင်းနှင့်သာ ဖန်ဆင်းတော်မူ၏။ အရှင်မြတ်သည် ကျမ်းတော်မြတ်ကို ဉာာဏ်ပညာရှိသူတို့အဖို့ အသေး စိတ်ထုတ်ပြန်ချပေးသနားတော်မူ၏။ |
Ghazi Mohammad Hashim ထို(အလ္လာဟ်)အရှင်မြတ်သည်ပင်လျှင်နေကိုထွန်းတောက်စွာလည်းကောင်း၊ လကို လင်းဝင်းစွာ လည်းကောင်း၊ ပြုလုပ်တော်မူခဲ့သောအရှင် ဖြစ်တော်မူပေသည်။ထို့ပြင် ထိုအရှင်မြတ်သည် နှစ်များ၏ အရေအတွက်ကိုလည်းကောင်း၊ စာရင်းကိုလည်းကောင်း၊ အသင်တို့ သိနားလည်ကြအံ့သောငှာ၊ ယင်းလစန္ဒာ(သွားလာရန်)စခန်းများကို သတ်မှတ်၍ပေးတော်မူခဲ့လေသည်။ အလ္လာဟ်အရှင်မြတ်သည် ဤသည်(တို့)ကို မှန်ကန်သော ရည်ရွယ်ချက်နှင့်သာလျှင် ဖန်ဆင်းတော်မူခဲ့လေသည်။ ထိုအရှင်မြတ်သည် သိနားလည်သူတို့အကျိုးငှာသက်သေလက္ခဏာရပ်တို့ကို အသေးစိတ် ရှင်းလင်းဖော်ပြတော်မူလေသည်။ |
Hashim Tin Myint အရှင်မြတ်သည် နေကို ထွန်းလင်းတောက်ပစေရန်နှင့် လကို လင်းဝင်းစေရန် ပြုလုပ်တော်မူခဲ့သော အရှင်ဖြစ်တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် နှစ်များ၏အရေအတွက်နှင့် စာရင်းအင်းကို အသင်တို့ သိနားလည်ကြရန်အတွက် ထို(လသွားသည့်)စခန်းများအား သတ်မှတ်ပေးတော်မူခဲ့သည်။* အလ္လာဟ်အရှင်မြတ်သည် ဤအရာများအား မှန်ကန်သော ရည်ရွယ်ချက်ဖြင့်ပင် ဖန်ဆင်းတော်မူခဲ့ခြင်းဖြစ်သည်။ အရှင်မြတ်သည် သိနားလည်သူများအတွက် သက်သေလက္ခဏာများကို အသေးစိတ် ရှင်းလင်းပြသတော်မူသည်။ |