×

တစ်ဖန် (တမန်တော်) နူးဟ်မရှိသည့်နောက်တွင် (အခြား) ရစူလ်တမန်တော်များ သူတို့၏လူမျိုးများထံသို့ ပွင့်ပေါ်စေလွှတ်ခဲ့သောကြောင့် အဆိုပါ ရစူလ်တမန်တော်များသည် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော ရှင်းလင်းချက်များနှင့်အတူ 10:74 Burmese translation

Quran infoBurmeseSurah Yunus ⮕ (10:74) ayat 74 in Burmese

10:74 Surah Yunus ayat 74 in Burmese (البورمية)

Quran with Burmese translation - Surah Yunus ayat 74 - يُونس - Page - Juz 11

﴿ثُمَّ بَعَثۡنَا مِنۢ بَعۡدِهِۦ رُسُلًا إِلَىٰ قَوۡمِهِمۡ فَجَآءُوهُم بِٱلۡبَيِّنَٰتِ فَمَا كَانُواْ لِيُؤۡمِنُواْ بِمَا كَذَّبُواْ بِهِۦ مِن قَبۡلُۚ كَذَٰلِكَ نَطۡبَعُ عَلَىٰ قُلُوبِ ٱلۡمُعۡتَدِينَ ﴾
[يُونس: 74]

တစ်ဖန် (တမန်တော်) နူးဟ်မရှိသည့်နောက်တွင် (အခြား) ရစူလ်တမန်တော်များ သူတို့၏လူမျိုးများထံသို့ ပွင့်ပေါ်စေလွှတ်ခဲ့သောကြောင့် အဆိုပါ ရစူလ်တမန်တော်များသည် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော ရှင်းလင်းချက်များနှင့်အတူ သူတို့ထံ ရောက်ရှိခဲ့ကြသော်လည်း သူတို့သည် ယခင်က ယင်းကို မဟုတ်မတရား လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြသည့်အတိုင်း အမှန်ပင် သက်ဝင်ယုံကြည်ခြင်း မရှိခဲ့ကြချေ။ ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် အရှင့်စည်းဘောင်များကို ချိုးဖောက်သူတို့၏နှလုံးသားများပေါ်တွင် တံဆိပ်ခတ်နှိပ်တော်မူခဲ့ပြီ။

❮ Previous Next ❯

ترجمة: ثم بعثنا من بعده رسلا إلى قومهم فجاءوهم بالبينات فما كانوا ليؤمنوا, باللغة البورمية

﴿ثم بعثنا من بعده رسلا إلى قومهم فجاءوهم بالبينات فما كانوا ليؤمنوا﴾ [يُونس: 74]

Ba Sein
၇၄။ ထို့နောက်သူအနိစ္စရောက်ပြီးသောအခါ ငါသည် တမန်တော်များကို မိမိတို့အမျိုးသားထံသို့ စေလွှတ်တော်မူ၏။ သူတို့သည် ရှင်းလင်းထင်ရှားသောသက်သေသာဓကများကို ယူဆောင်လာကြ၏။ သို့သော်ထိုအမျိုးသားတို့သည် မိမိတို့အထက်က ငြင်းပယ်ခဲ့သည်ကို ယခုမယုံကြည်လိုကြချေ။ ငါသည် တရားတော်ကို ကျူးလွန်သောသူတို့၏ စိတ်နှလုံးကို ယင်းသို့တံဆိပ်နှိပ်ထားတော်မူ၏။
Ghazi Mohammad Hashim
ထို့နောက် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)နူးဟ် မရှိသည့်နောက်တွင်(အခြားသော)ရစူလ်တမန်တော်များကို ထိုရစူလ်တမန်တော်များ၏ အမျိုးသားများထံစေလွှတ်တော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုရစူလ်တမန်တော်များသည် ၎င်း တို့ထံ ထင်ရှားစွာသော သက်သေသာဓကများကိုယူဆောင်လာခဲ့ကြလေသည်။ သို့ရာတွင်(ယခုသော်) ထိုအမျိုးသားများသည် မိမိတို့ရှေးဦးမဆွက မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောကြောင့် ယုံကြည်ကြရန် မဖြစ်တော့ပေ။ ငါအရှင်မြတ်သည် စည်းကမ်းကျူး လွန်သောသူတို့၏ စိတ်နှလုံးပေါ်တွင်ဤအတိုင်းပင် တံဆိပ်ခတ်နှိပ်တော်မူလေ့ ရှိပေသတည်း။
Hashim Tin Myint
ထို့‌နောက် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော် နူးဟ်)မရှိသည့်‌နောက်၌ တမန်‌တော်များကို ထိုတမန်‌တော်များ၏ အမျိုးသားများထံ ‌စေလွှတ်‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ထိုတမန်‌တော်များသည် သူတို့ထံသို့ ထင်ရှား‌သော သက်‌သေလက္ခဏာများ ယူ‌ဆောင်လာခဲ့ကြသည်။ ထို့‌နောက် သူတို့သည် ယခင်က ထိုအရာ(သက်‌သေလက္ခဏာ အ‌ထောက်အထား)ကို မဟုတ်မမှန် ငြင်းပယ်ခဲ့ကြသည့်အတွက် (ယခု ထပ်ပြီး)ထိုအရာကို ယုံကြည်ရန် မဖြစ်‌တော့‌ပေ။* ငါအရှင်မြတ်သည် စည်း‌ဖောက်သူများ၏ စိတ်နှလုံးများ‌ပေါ်၌ ဤသို့ပင် တံဆိပ်ခတ်နှိပ်‌တော်မူ‌လေ့ရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek