Quran with Burmese translation - Surah Yunus ayat 75 - يُونس - Page - Juz 11
﴿ثُمَّ بَعَثۡنَا مِنۢ بَعۡدِهِم مُّوسَىٰ وَهَٰرُونَ إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦ بِـَٔايَٰتِنَا فَٱسۡتَكۡبَرُواْ وَكَانُواْ قَوۡمٗا مُّجۡرِمِينَ ﴾
[يُونس: 75]
﴿ثم بعثنا من بعدهم موسى وهارون إلى فرعون وملئه بآياتنا فاستكبروا وكانوا﴾ [يُونس: 75]
Ba Sein ၇၅။ ၎င်းအပြင်ထိုတမန်တော်များနောက် တမန်တော်မူစာနှင့် တမန်တော်ဟာရွန်ကို ငါ၏ နှုတ်ကပတ်တော်များနှင့် တကွ ဖွာရောမင်းနှင့် သူ၏ မှုးမတ်များထံသို့ စေလွှတ်တော်မူ၏။ သူတို့သည် ဆောင့်ကြွားကြွားမာနကြီး၍ အပြစ်ကျူးလွန်သူတို့ဖြစ်ကြ၏။ |
Ghazi Mohammad Hashim ထို့နောက် ငါအရှင်မြတ်သည် ထိုရစူလ် တမန်တော်များ မရှိသည့်နောက်တွင် (နဗီတမန်တော်) မူစာ အားလည်းကောင်း၊ (နဗီတမန်တော်)ဟာရွန် အားလည်းကောင်း၊ငါအင်မြတ်၏ သက်သေ လက္ခဏာတော်များနှင့်တကွ ဖစ်ရ်အောင်န်နှင့် ၎င်း ၏အကြီးအကဲများထံသို့ စေလွှတ်တော်မူခဲ့လေသည်။ သို့သော် ၎င်း တို့သည် မောက်မာပလွှားခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်း တို့သည် ပြစ်မှုကျူးလွန်လေ့ရှိသော အမျိုးသားများ ဖြစ်ခဲ့ကြကုန်သတည်း။ |
Hashim Tin Myint ထို့နောက် ငါအရှင်မြတ်သည် ထိုတမန်တော်များ မရှိတော့သည့်နောက်၌ (တမန်တော်)မူစာနှင့် (တမန်တော်)ဟာရူန်ကို ငါအရှင်မြတ်၏ သက်သေလက္ခဏာများနှင့်တကွ ဖိရ်အောင်န်နှင့် သူ၏အကြီးအကဲများထံသို့ စေလွှတ်တော်မူခဲ့သည်။ ထို့နောက် သူတို့သည် မာနထောင်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် အပြစ်ကျူးလွန်လေ့ရှိသော အမျိုးသားများဖြစ်ခဲ့ကြသည်။ |