Quran with Burmese translation - Surah Yunus ayat 73 - يُونس - Page - Juz 11
﴿فَكَذَّبُوهُ فَنَجَّيۡنَٰهُ وَمَن مَّعَهُۥ فِي ٱلۡفُلۡكِ وَجَعَلۡنَٰهُمۡ خَلَٰٓئِفَ وَأَغۡرَقۡنَا ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَاۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُنذَرِينَ ﴾
[يُونس: 73]
﴿فكذبوه فنجيناه ومن معه في الفلك وجعلناهم خلائف وأغرقنا الذين كذبوا بآياتنا﴾ [يُونس: 73]
Ba Sein ၇၃။ သို့သော်သူတို့သည် သူ့ကို ပစ်ပယ်ကြ၏။ ထို့ကြောင့်ငါအရှင်သည် သင်္ဘောပေါ်တွင် သူနှင့်အတူတကွရှိသူတို့ကို ကယ်နှုတ်တော်မူ၍ ကမ္ဘာမြေပေါ်တွင် ငါ၏ ကိုယ်စားလှယ်တော်များဖြစ်စေတော်မူ၏။ ငါ၏ နှုတ်ကပတ်တော် များကို ငြင်းပယ်သောသူတို့ကို ရေနစ်၍ သေစေတော်မူ၏။ သတိပေးခဲ့ရသောသူတို့သည် မည်သည့်အကျိုးခံစား ကြရသည်ကို ကြည့်လော့။ |
Ghazi Mohammad Hashim သို့ပါလျက် ယင်း(နဗီတမန်တော်နူးဟ်၏) အမျိုးတို့သည် ထို(နဗီတမန်တော်)နူးဟ်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်၏။ ထို့နောက် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)နူးဟ်အားလည်းကောင်း၊ ထို(နဗီတမန်တော်) နူးဟ်နှင့်အတူ သင်္ဘောပေါ်တွင်(စီးနင်း)လိုက်ပါခဲ့ကြကုန်သော သူတို့အားလည်းကောင်း၊ (ရေဘေးမှ)ကယ်တော်မူခဲ့လေသည်။၎င်း ပြင် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်နူးဟ်နှင့်အတူလိုက်ပါခဲ့သော)သူတို့အား (ကမ္ဘာမြေပြင်ဝယ် ရေဘေးသင့်၍သေကြေပျက်စီးသွားခဲ့ကြသောသူတို့၏) အရိုက်အရာ ဆက်ခံသူများ ပြုလုပ်တော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောသူတို့အား ငါအရှင်မြတ်သည် နစ်မြုပ်စေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ သတိပေးနှိုးဆော်ခြင်းခံကြရသောသူတို့၏နောက်ဆုံးအကျိုးဆက်သည် မည်သို့မည်ပုံရှိခဲ့သည်ကို အသင်သည် ဆင်ခြင်သုံးသပ်ပါလေ။ |
Hashim Tin Myint ထို့နောက် သူတို့သည် ၎င်း(တမန်တော် နူးဟ်)ကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည်။ ၎င်းနောက် ငါအရှင်မြတ်သည် ၎င်း(တမန်တော် နူးဟ်)နှင့်တကွ ၎င်းနှင့်အတူ သဘေင်္ာပေါ်၌ လိုက်ပါလာခဲ့ကြသူများကို ကယ်တင်တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် (ကယ်တင်ခြင်းခံရသော)သူများကို (ပျက်စီးသွားသော)သူများ၏ အရိုက်အရာ ဆက်ခံသူများအဖြစ် ပြုလုပ်တော်မူခဲ့သည်။* ထို့ပြင် ငါအရှင်မြတ်၏ သက်သေလက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသောသူများကို ငါအရှင်မြတ်သည် နစ်မြုပ်စေတော်မူခဲ့သည်။ သို့ဖြစ်ရာ သတိပေးနှိုးဆော်ခြင်းခံကြရသောသူများ၏ နောက်ဆုံးအကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သည်ကို အသင်သည် ဆင်ခြင်သုံးသပ်ပါ။ |