×

တစ်ဖန် ငါအရှင်မြတ်သည် အစ္စရေးမျိုးနွယ်ဝင်တို့အား ပင်လယ်ကို ဖြတ်ကျော်၍ ခေါ်ဆောင်တော်မူခဲ့စဉ် ဖါရိုမင်းဆက်နှင့်သူ့စစ်တပ်အပေါင်းအပါတို့က အလွန်ပြင်းပြသော ပမာမခန့်မှုနှင့်ရန်လိုမှုအပြည့်ဖြင့် သူတို့ နောက်သို့ မှီအောင်လိုက်လာခဲ့ကြ၏။ 10:90 Burmese translation

Quran infoBurmeseSurah Yunus ⮕ (10:90) ayat 90 in Burmese

10:90 Surah Yunus ayat 90 in Burmese (البورمية)

Quran with Burmese translation - Surah Yunus ayat 90 - يُونس - Page - Juz 11

﴿۞ وَجَٰوَزۡنَا بِبَنِيٓ إِسۡرَٰٓءِيلَ ٱلۡبَحۡرَ فَأَتۡبَعَهُمۡ فِرۡعَوۡنُ وَجُنُودُهُۥ بَغۡيٗا وَعَدۡوًاۖ حَتَّىٰٓ إِذَآ أَدۡرَكَهُ ٱلۡغَرَقُ قَالَ ءَامَنتُ أَنَّهُۥ لَآ إِلَٰهَ إِلَّا ٱلَّذِيٓ ءَامَنَتۡ بِهِۦ بَنُوٓاْ إِسۡرَٰٓءِيلَ وَأَنَا۠ مِنَ ٱلۡمُسۡلِمِينَ ﴾
[يُونس: 90]

တစ်ဖန် ငါအရှင်မြတ်သည် အစ္စရေးမျိုးနွယ်ဝင်တို့အား ပင်လယ်ကို ဖြတ်ကျော်၍ ခေါ်ဆောင်တော်မူခဲ့စဉ် ဖါရိုမင်းဆက်နှင့်သူ့စစ်တပ်အပေါင်းအပါတို့က အလွန်ပြင်းပြသော ပမာမခန့်မှုနှင့်ရန်လိုမှုအပြည့်ဖြင့် သူတို့ နောက်သို့ မှီအောင်လိုက်လာခဲ့ကြ၏။ (အရှင်မြတ်က တမန်တော်မူဆာနှင့်သူ့လူမျိုးအတွက် ပင်လယ်ရေကို ကျော်ဖြတ်နိုင်အောင် ဖွင့်ပေးတော်မူပြီး ဖါရို၏စစ်တပ်နှင့်) သူ့ကိုမူ နစ်မြုပ်လွှမ်းမိုးစေတော်မူသည့်အချိန်ရောက်မှသာ သူက “ဧကန်ပင်၊ အစ္စရေးမျိုးနွယ်ဝင်တို့က သက်ဝင်ယုံကြည်ကြသောအရှင်မြတ်မှအပ အခြား ရှိခိုးကိုးကွယ် ထိုက်သောအရှင်ဟူ၍ အလျှင်း မရှိကြောင်းကို ကျွန်ုပ် (ယခုအခါ) ယုံကြည်လာခဲ့ရပြီ။” ဟု ဝန်ခံပြောဆိုခဲ့၏။

❮ Previous Next ❯

ترجمة: وجاوزنا ببني إسرائيل البحر فأتبعهم فرعون وجنوده بغيا وعدوا حتى إذا أدركه, باللغة البورمية

﴿وجاوزنا ببني إسرائيل البحر فأتبعهم فرعون وجنوده بغيا وعدوا حتى إذا أدركه﴾ [يُونس: 90]

Ba Sein
၉၀။ ငါအရှင်မြတ်သည် အစ္စရာအီလ်အမျိုးသားတို့ကို ပင်လယ်တဘက်ကမ်းသို့ ယူဆောင်တော်မူ၏။ ဖွာရောမင်းသည် မိမိ၏ စစ်သည်တော်များနှင့် သူတို့ကို မတရားကျူးလွန်ခြားနားခြင်းဖြင့် မိအောင် လိုက်ကြ၏။ သို့သော်ရေနစ်မြုပ် ဘေးထိသောအခါ သူသည် အစ္စရာအီလ်အမျိုးသားတို့ယုံကြည်သောအရှင်သခင်မှတပါး အခြားအရှင်သခင် မရှိဟု အကျွနု်ပ်ယုံကြည်ပါ၏။ အကျွနု်ပ်သည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်ကျိုးနွံသူတို့ဘောင်တွင် ပါဝင်ပါသည်ဟု ကြွေးကြော်၏။
Ghazi Mohammad Hashim
ထို့ပြင် ငါအရှင်မြတ်သည် အစ္စရာအီလီ မျိုးနွယ်ဝင်တို့အား (ပင်လယ်နီ) တစ်ဖက်ကမ်းမှ တစ်ဖက်ကမ်းသို့ရောက်စေတော်မူခဲ့လေသည်။ ထို့ နောက် ယင်အစ္စရာအီလီမျိုးနွယ်ဝင်တို့၏နောက်သို့ ဖစ်ရ်အောင်န် နှင့် ထိုဖစ်ရ်အောင်န်ဗိုလ်ခြေဗိုလ်ပါ တို့သည် မတရားပြုမူရန်လည်းကောင်း၊နိုင်ထက်စီးနင်း ပြုလုပ်ရန်လည်းကောင်း၊ လိုက်ခဲ့ကြကုန်၏။နောက်ဆုံးတွင် ထိုဖစ်ရ်အောင်သည် နစ်မြုပ်အံ့ဆဲဆဲ ဖြစ်ခဲ့သောအခါတွင် ကျွန်တော်မျိုးသည်လည်း အစ္စရာအီလီမျိုးနွယ်ဝင်တို့ သက်ဝင် ယုံကြည် ကြကုန်သော အရှင်မြတ်မှတစ်ပါးခဝပ်ကိုးကွယ်ရာ အရှင်မြတ်ဟူ၍ အလျင်းမရှိကြောင်း သက်ဝင်ယုံကြည်ပါပြီ။ ထို့ပြင် ကျွန်တော်မျိုးသည် မုစ်လင်မ်အမိန့်တော်ကို လိုက်နာသောသူတို့တွင် တစ်ဦးအပါအဝင် ဖြစ်ပါပြီဟု ပြောဆိုခဲ့လေသတည်း။
Hashim Tin Myint
၎င်း‌နောက် ငါအရှင်မြတ်သည် အစ္စရာအီလ်မျိုးနွယ်ဝင်များကို (ပင်လယ်နီ)တစ်ဖက်ကမ်းမှ ‌နောက်တစ်ဖက်ကမ်းသို့ ‌ရောက်‌စေ‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့၏‌နောက်သို့ ဖိရ်‌အောင်န်နှင့် သူ၏စစ်တပ်များသည် မတရားကျူးလွန်မှုပြုရန်နှင့် နိုင်ထက်စီးနင်းပြုလုပ်ရန် လိုက်ခဲ့ကြသည်။ ‌နောက်ဆုံး ဖိရ်‌အောင်န်သည် (ပင်လယ်ထဲတွင်)နစ်မြုပ်မည့်ဆဲဆဲဖြစ်သည့်အခါ၌ (ဤသို့)‌ပြောဆိုခဲ့သည်- “ကျွန်ုပ်သည်လည်း အစ္စရာအီလ်မျိုးနွယ်ဝင်များ ယုံကြည်‌သော အရှင်မြတ်မှလွဲ၍ အခြား ကိုးကွယ်ထိုက်‌သောအရှင် မရှိ‌ကြောင်း ယုံကြည်ပြီဖြစ်ပါသည်။ ၎င်း‌နောက် ကျွန်ုပ်သည် အမိန့်နာခံသူများထဲ၌ တစ်ဦးအပါအဝင်လည်းဖြစ်ပါသည်။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek