×

ထိုနေ့ (ထိုအချိန်ကာလ) ဆိုက်ရောက်လာသည့်အခါ ထိုအရှင်မြတ်ခွင့်ပြုချက် (ရရှိထားသူ) မှအပ မည်သည့် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ 11:105 Burmese translation

Quran infoBurmeseSurah Hud ⮕ (11:105) ayat 105 in Burmese

11:105 Surah Hud ayat 105 in Burmese (البورمية)

Quran with Burmese translation - Surah Hud ayat 105 - هُود - Page - Juz 12

﴿يَوۡمَ يَأۡتِ لَا تَكَلَّمُ نَفۡسٌ إِلَّا بِإِذۡنِهِۦۚ فَمِنۡهُمۡ شَقِيّٞ وَسَعِيدٞ ﴾
[هُود: 105]

ထိုနေ့ (ထိုအချိန်ကာလ) ဆိုက်ရောက်လာသည့်အခါ ထိုအရှင်မြတ်ခွင့်ပြုချက် (ရရှိထားသူ) မှအပ မည်သည့် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်)ပိုင်ရှင်မျှ စကားပြောခွင့်ရှိလိမ့်မည် မဟုတ်သောကြောင့် သူတို့အနက်မှ (အချို့သည်) စိတ်ပျက်လက်ပျက် (ဖြစ်ကြပြီး အချို့မှာမူ) ပျော်ရွှင်မြူးတူး (ဖြစ်ကြလိမ့်မည်။)

❮ Previous Next ❯

ترجمة: يوم يأت لا تكلم نفس إلا بإذنه فمنهم شقي وسعيد, باللغة البورمية

﴿يوم يأت لا تكلم نفس إلا بإذنه فمنهم شقي وسعيد﴾ [هُود: 105]

Ba Sein
၁ဝ၅။ တရားစီရင်တော်မူသောနေ့တော်ကြီးကျရောက်လာသောအခါ အရှင်မြတ်၏ ခွင့်ပြုတော်မူချက်ဖြင့်မှတပါး မည်သည့်ဝိညာဉ်မျှ ပြောဆိုလိမ့်မည်မဟုတ်ချေ။ သူတို့အနက် အချို့သည် စိတ်ညစ်ကြလတ့ံ။ အချို့ကား စိတ်ရွှင်လန်းကြလတ့ံ။
Ghazi Mohammad Hashim
ထိုနေ့သည် ဆိုက်ရောက်လာသောအခါ ထိုအရှင်မြတ်၏ ခွင့်ပြုချက်မရဘဲ မည်သူတစ်ဦး တစ်ယောက်မျှပင် စကားပြောဆိုနိုင်မည်မဟုတ်ပေ။ တစ်ဖန် ထိုသူတို့အနက်အချို့မှာ အကြောင်းမလှသူများ ဖြစ်ကြပေအံ့။ အချို့မှာမူကားအကြောင်းလှသူများပင် ဖြစ်ကြလတ္တံ့။
Hashim Tin Myint
ထို‌နေ့ ဆိုက်‌ရောက်လာ‌သောအခါ အရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲ မည်သူမှ စကား‌ပြောဆိုနိုင်မည် မဟုတ်‌ပေ။* ၎င်း‌နောက် သူတို့ထဲ၌ အချို့သည် နဖူးစာဆိုးသူများဖြစ်ကြမည်။ အချို့သည် နဖူးစာ‌ကောင်းသူများဖြစ်ကြမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek