Quran with Burmese translation - Surah Hud ayat 106 - هُود - Page - Juz 12
﴿فَأَمَّا ٱلَّذِينَ شَقُواْ فَفِي ٱلنَّارِ لَهُمۡ فِيهَا زَفِيرٞ وَشَهِيقٌ ﴾
[هُود: 106]
﴿فأما الذين شقوا ففي النار لهم فيها زفير وشهيق﴾ [هُود: 106]
Ba Sein ၁ဝ၆။ ထိုနေ့တော်ကြီး၌ စိတ်ညစ်ရမည့်သူတို့သည် အဝီစိငရဲအတွင်း၌ ရှိကြလတ့ံ။ ငရဲပြည်၌ ညည်းညူခြင်း၊ ငိုကြွေး မြည်တမ်းခြင်းတို့သည် သူတို့၏ ဝေစုဖြစ်ကြလတ့ံ။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ အကြောင်းမရှိလှသော သူတို့ သည်ဂျဟန္နမ်ငရဲဘုံ၌ ရှိကြပေမည်။ ၎င်းတို့၌ ထိုဂျဟန္နမ်ဘုံတွင်ဟစ်အော်ခြင်းနှင့် ညည်းတွားခြင်းများပင် ရှိကြပေမည်။ |
Hashim Tin Myint သို့ဖြစ်ရာ နဖူးစာဆိုးသောသူများသည် ဂျဟန္နမ်ငရဲဘုံ၌ရှိကြလိမ့်မည်။ သူတို့အတွက် ထိုငရဲဘုံ၌ ဟစ်အော်ခြင်းနှင့် ညည်းညူခြင်းများ ရှိကြလိမ့်မည်။ |