Quran with Burmese translation - Surah Hud ayat 82 - هُود - Page - Juz 12
﴿فَلَمَّا جَآءَ أَمۡرُنَا جَعَلۡنَا عَٰلِيَهَا سَافِلَهَا وَأَمۡطَرۡنَا عَلَيۡهَا حِجَارَةٗ مِّن سِجِّيلٖ مَّنضُودٖ ﴾
[هُود: 82]
﴿فلما جاء أمرنا جعلنا عاليها سافلها وأمطرنا عليها حجارة من سجيل منضود﴾ [هُود: 82]
Ba Sein ၈၂။ ထို့ကြောင့်ငါအရှင်မြတ်၏ အမိန့်တော်ကျရောက်လာသောအခါ ငါသည် သူတို့၏ မြို့နယ်ပယ်ကို ဖျက်ဆီးတော် မူ၏။ ထိုဒေသအပေါ်သို့ ရွှံ့စေးခဲမိုးကို ရွာသွန်းစေတော်မူ၏။ |
Ghazi Mohammad Hashim ထို့နောက် ငါအရှင်မြတ်၏အမိန့်တော်ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် ထိုမြို့ရွာကို အထက်အောက်(ပြောင်းပြန်)လှန်ပစ်တော်မူခဲ့လေသည်။ ထို့ပြင်ငါအရှင်မြတ်သည် မြို့ရွာပေါ်သို့ ရွှံ့၊ ကျောက်ခဲမိုးကို ရွာသွန်းချစေတော်မူခဲ့လေသည်။ |
Hashim Tin Myint ထို့နောက် ငါအရှင်မြတ်၏အမိန့်တော် ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် ထိုမြို့ရွာအား အထက်အောက် လှန်ပစ်တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် မြို့ရွာပေါ်သို့ ရွှံ့ဆေးအကျက်နှင့်ပြုလုပ်ထားသောကျောက်ခဲမိုးကို ဆက်တိုက် ရွာသွန်းချစေတော်မူခဲ့သည်။ |