Quran with Burmese translation - Surah Hud ayat 92 - هُود - Page - Juz 12
﴿قَالَ يَٰقَوۡمِ أَرَهۡطِيٓ أَعَزُّ عَلَيۡكُم مِّنَ ٱللَّهِ وَٱتَّخَذۡتُمُوهُ وَرَآءَكُمۡ ظِهۡرِيًّاۖ إِنَّ رَبِّي بِمَا تَعۡمَلُونَ مُحِيطٞ ﴾
[هُود: 92]
﴿قال ياقوم أرهطي أعز عليكم من الله واتخذتموه وراءكم ظهريا إن ربي﴾ [هُود: 92]
Ba Sein ၉၂။ ထိုအခါတမန်တော်သည် သူတို့အား ဟယ်-အချင်းတို့၊ ငါ၏ အမျိုးအနွယ်သည် သင်တို့အတွက် အလ္လာဟ်ထက် မြတ်သလော။ သင်တို့သည် အရှင်မြတ်ကို မလေးမစားပဲ သင်တို့နောက်၌ ထားကြ၏။ မှတ်သားကြလော့။ ငါ၏ အရှင်သခင်သည် သင်တို့ပြုကျင့်သည်ကို ပိုင်းထားတော်မူ၏။ |
Ghazi Mohammad Hashim (ထိုအခါ) ယင်း(နဗီတမန်တော်) ရှုအိုက်ဗ်က(ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ အို-ငါ၏ အမျိုးသားတို့၊ငါ၏သားချင်းတို့သည် အသင်တို့ရှေ့၌ အလ္လာဟ်အရှင်မြတ်ထက်ပင် ပို၍မြင့်မြတ်ကြပါသလော၊ စင်စစ်မှာမူကား အသင်တို့သည် ထိုအရှင်မြတ်ကိုပင် မိမိတို့၏ကျောနောက်တွင် အမှုမဲ့အမှတ်မဲ့ ပစ်ပယ်ထားခဲ့ကြကုန်၏။ ဧကန်မလွဲ ငါ၏အရှင်မြတ်သည် အသင်တို့ပြုလုပ်လျက်ရှိကြသည်ကိုဝန်းခြုံထားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ၎င်း(တမန်တော်)က ပြောဆိုခဲ့သည်- အို- ငါ၏အမျိုးသားတို့၊ ငါ၏ဆွေမျိုးသားချင်းများသည် အသင်တို့ရှေ့၌ အလ္လာဟ်အရှင်မြတ်ထက်ပိုပြီး မြင့်မြတ်နေကြသလော၊ ၎င်းပြင်(ထိုအရာကြောင့်) အသင်တို့သည် ထိုအရှင်မြတ်ကိုပင် အသင်တို့၏နောက်၌ ပစ်ပယ်ထားခဲ့ကြသည်။ အမှန်စင်စစ် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်တို့ ပြုလုပ်သည်များကို ခြုံငုံ၍ သိတော်မူသောအရှင်ဖြစ်တော်မူသည်။ |