×

“အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ဧကန်ပင်၊ ကျွန်ုပ်သည် (အရှင်မြတ်ပေးအပ်ထားတော်မူသည့် တာဝန်ကို ကျေပွန်စွာ) ပြုမူကျင့်ကြံသူတစ်ဦးဖြစ်သည့်အလျှောက် သင်တို့လည်း သင်တို့၏နေရာ (အဆင့်အတန်းနှင့် အခြေအနေပေါ် 11:93 Burmese translation

Quran infoBurmeseSurah Hud ⮕ (11:93) ayat 93 in Burmese

11:93 Surah Hud ayat 93 in Burmese (البورمية)

Quran with Burmese translation - Surah Hud ayat 93 - هُود - Page - Juz 12

﴿وَيَٰقَوۡمِ ٱعۡمَلُواْ عَلَىٰ مَكَانَتِكُمۡ إِنِّي عَٰمِلٞۖ سَوۡفَ تَعۡلَمُونَ مَن يَأۡتِيهِ عَذَابٞ يُخۡزِيهِ وَمَنۡ هُوَ كَٰذِبٞۖ وَٱرۡتَقِبُوٓاْ إِنِّي مَعَكُمۡ رَقِيبٞ ﴾
[هُود: 93]

“အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ဧကန်ပင်၊ ကျွန်ုပ်သည် (အရှင်မြတ်ပေးအပ်ထားတော်မူသည့် တာဝန်ကို ကျေပွန်စွာ) ပြုမူကျင့်ကြံသူတစ်ဦးဖြစ်သည့်အလျှောက် သင်တို့လည်း သင်တို့၏နေရာ (အဆင့်အတန်းနှင့် အခြေအနေပေါ် ရပ်တည်၍ သင်တို့၏စွမ်းရည်) နှင့်အညီ ပြုမူကျင့်ကြံကြလော့။ အချိန်တန်လျှင် မည်သူက လူလိမ်လူညာ ဖြစ်ပြီး မည်သူ့ထံ အရှက်တကွဲဖြစ်စေမည့် ပြစ်ဒဏ်အား ထိရောက်စေမည်ကို မကြာမီ သင်တို့ သိကြလိမ့်မည်။ အသင်တို့စောင့်မျှော်နေကြလော့။ ကျွန်ုပ်သည်လည်း သင်တို့နှင့်အတူ မုချ စောင့်မျှော်နေ၏။” ဟု ပြန်ပြောခဲ့၏။

❮ Previous Next ❯

ترجمة: وياقوم اعملوا على مكانتكم إني عامل سوف تعلمون من يأتيه عذاب يخزيه, باللغة البورمية

﴿وياقوم اعملوا على مكانتكم إني عامل سوف تعلمون من يأتيه عذاب يخزيه﴾ [هُود: 93]

Ba Sein
၉၃။ ဟယ်-အချင်းတို့၊ သင်တို့သည် မိမိတို့စွမ်းနိုင်သမျှပြုကြလော့။ ငါလည်း မုချအမှန်ပြုနေ၏။ အဘယ်သူကို ယုတ်ည့ံအောက်ကျစေသောအပြစ်ဒဏ်ထိခိုက်သည်ကိုသော်လည်းကောင်း၊ အဘယ်သူသည် မုသားစကား ဆိုသည်ကိုသော်လည်းကောင်း၊ ကာလမကြာမြင့်မီ သင်တို့သိရကြလတ့ံ။ သင်တို့စောင့်ကြည့်ကြလော့။ ငါလည်း သင်တို့နှင့်အတူ အမှန်ပင်စောင့်ကြည့်၏ဟု ပြော၏။
Ghazi Mohammad Hashim
၎င်းပြင် (ဤသို့ပြောကြားခဲ့၏။) အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် မိမိတို့(နေရာတွင် မိမိတို့) တတ်စွမ်းနိုင်သမျှ ကျင့်မူကြလေကုန်။ ဧကန်စင်စစ် ငါသည်(လည်းမိမိအနေနှင့်)ကျင့်မူလျက်ပင်။ အသင်တို့သည် မည်သူ့ထံထိုသူအား အရှက်တကွဲ အကျိုးနည်းဖြစ်စေသော ပြစ်ဒဏ် ရောက်ရှိလာသည်ကိုလည်းကောင်း၊ မည်သူမုသာဝါဒီဖြစ် သည်ကိုလည်းကောင်း၊ မကြာမြင့်မီပင် သိရှိကြပေမည်။ ထိုမှတစ်ပါး အသင်တို့သည် စောင့်မျှော် ကြလေကုန်။ ဧကန်အမှန် ငါသည်လည်းအသင်တို့ နှင့်အတူ စောင့်မျှော်မည့်သူပင်။
Hashim Tin Myint
ထို့ပြင် အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အသင်တို့၏(နဗီကို ဆန့်ကျင်မှုပြုလုပ်သည့်)‌နေရာတွင် (တတ်နိုင်သမျှ)ပြုလုပ်ကြပါ။ အမှန်စင်စစ် ငါလည်း (ငါ၏ယုံကြည်ချက်အတိုင်း)ပြုလုပ်‌နေသည်။ အသင်တို့သည် မည်သူ၏ထံသို့ ၎င်းကို အရှက်တကွဲဖြစ်‌စေမည့် ပြစ်ဒဏ်‌ရောက်ရှိလာသည်(ကို သိရမည့်အပြင်)၊ မည်သူသည် လိမ်လည်‌သောသူဖြစ်သည်ကို မကြာမီ သိရှိကြရမည်။* ထို့ပြင် အသင်တို့သည် ‌စောင့်‌နေကြပါ၊ အမှန်စင်စစ် ငါသည်လည်း အသင်တို့နှင့်အတူ ‌စောင့်‌နေမည့်သူပင်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek