×

ထိုအကြောင်းအရာများနှင့်သတင်းအချက်အလက်များသည် ငါအရှင်မြတ်က အသင့်ထံ ဝဟီအမိန့် တော်ထုတ်ပြန်ပို့ချ၍ သိစေတော်မူသည့် သင်တို့၏မျက်ကွယ်ရာတွင် ဖြစ်ပျက်ခဲ့သောဖြစ်ရပ်များအနက်မှပင် ဖြစ်၏။ စင်စစ်မူကား၊ (တမန်တော်) ယူစုဖ်နှင့်ပတ်သက် 12:102 Burmese translation

Quran infoBurmeseSurah Yusuf ⮕ (12:102) ayat 102 in Burmese

12:102 Surah Yusuf ayat 102 in Burmese (البورمية)

Quran with Burmese translation - Surah Yusuf ayat 102 - يُوسُف - Page - Juz 13

﴿ذَٰلِكَ مِنۡ أَنۢبَآءِ ٱلۡغَيۡبِ نُوحِيهِ إِلَيۡكَۖ وَمَا كُنتَ لَدَيۡهِمۡ إِذۡ أَجۡمَعُوٓاْ أَمۡرَهُمۡ وَهُمۡ يَمۡكُرُونَ ﴾
[يُوسُف: 102]

ထိုအကြောင်းအရာများနှင့်သတင်းအချက်အလက်များသည် ငါအရှင်မြတ်က အသင့်ထံ ဝဟီအမိန့် တော်ထုတ်ပြန်ပို့ချ၍ သိစေတော်မူသည့် သင်တို့၏မျက်ကွယ်ရာတွင် ဖြစ်ပျက်ခဲ့သောဖြစ်ရပ်များအနက်မှပင် ဖြစ်၏။ စင်စစ်မူကား၊ (တမန်တော်) ယူစုဖ်နှင့်ပတ်သက် သူ့ညီနောင်များဖြစ်​သော သူတို့က သူတို့၏စီမံချက်အား အားလုံးတစ်ညီတစ်ညွတ် သဘောတူကြလျှက် ကြံစည်နေခဲ့စဉ် အသင်သည် ထိုဖြစ်ရပ်ကို မျက်ဝါးထင်ထင် တွေ့ ရှိ၍ အသေးစိတ်သိနိုင်ရန် သူတို့နှင့်အတူ ရှိနေခဲ့သည် အလျှင်း မဟုတ်ပေ။

❮ Previous Next ❯

ترجمة: ذلك من أنباء الغيب نوحيه إليك وما كنت لديهم إذ أجمعوا أمرهم, باللغة البورمية

﴿ذلك من أنباء الغيب نوحيه إليك وما كنت لديهم إذ أجمعوا أمرهم﴾ [يُوسُف: 102]

Ba Sein
၁ဝ၂။ တမန်တော်မိုဟမ္မဒ်၊ ဤအကြောင်းအရာများမှ သင့်အား ငါ ဗျာဒိတ်ပေးတော်မူသည့်၊ မမြင်စွမ်းနိုင်သောအဖြစ် အပျက်အကြောင်းအရာများမှဖြစ်သည်။ သူတို့သည် သူတို့၏ စီမံကိန်းကို ကြံစည်သဘောတူဆုံးဖြတ်သောအခါ တွင် သင်သည် သူတို့နှင့်အတူတကွမရှိချေ။
Ghazi Mohammad Hashim
ဤအကြောင်း အတ္ထုပ္ပတိ္တသည်ကား အကွယ်၌ရှိသော သတင်းများအနက်မှပင် ဖြစ်ပေသည်။ ငါအရှင်မြတ်သည် ယင်းအကြောင်း အတ္ထုပ္ပတိ္တကို အသင်(မုဟမ္မဒ်)ထံသို့ဝဟီဖြင့် ပေးပို့တော်မူလေသည်။ စင်စစ်တစ်မူကား ထိုသူတို့သည် မိမိတို့ အရေးကိစ္စကို တစ်စည်းတစ်လုံးတည်း ဆုံးဖြတ်စဉ်အခါ၌လည်းကောင်း၊ ထိုသူတို့သည် ကြံစည်လျက် ရှိနေကြစဉ်ခါ၌လည်းကောင်း၊ အသင်(မုဟမ္မဒ်)သည် ထိုသူတို့ထံ၌ ရှိခဲ့သည်မဟုတ်ပေ။
Hashim Tin Myint
ဤသည် အကွယ်၌ရှိ‌သော သတင်းများထဲမှပင်ဖြစ်သည်။ ငါအရှင်မြတ်သည် ထိုအ‌ကြောင်းကို အသင်(တမန်‌တော် မုဟမ္မဒ်-ဆွ)ထံသို့ ဝဟီနှင့် ပို့‌ပေး‌တော်မူသည်။ ထို့ပြင် သူတို့သည် ကြံစည်ကြလျက် သူတို့အ‌ရေးကိစ္စကို တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်‌သောအခါတွင် အသင်(တမန်‌တော် မုဟမ္မဒ်-ဆွ)သည် သူတို့ထံ၌ ရှိခဲ့သည်မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek