﴿۞ رَبِّ قَدۡ ءَاتَيۡتَنِي مِنَ ٱلۡمُلۡكِ وَعَلَّمۡتَنِي مِن تَأۡوِيلِ ٱلۡأَحَادِيثِۚ فَاطِرَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ أَنتَ وَلِيِّۦ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِۖ تَوَفَّنِي مُسۡلِمٗا وَأَلۡحِقۡنِي بِٱلصَّٰلِحِينَ ﴾
[يُوسُف: 101]
အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဧကန်ပင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား တိုင်းပြည်၏အုပ်ချုပ်ရေးယန္တရားမှ အရေးပါသောအပိုင်းအား တာဝန်ယူ အုပ်ချုပ်ခွင့် ချီးမြှင့်တော်မူပြီး အိပ်မက်အပါအဝင် အဖြစ်အပျက် အကြောင်းအရာများဆိုင်ရာ သတင်းအချက်အလက်များနှင့်ပြောဆိုချက်များ၏ အနက်အဓိပ္ပါယ်ဖွင့်ဆိုမှု ပညာကိုလည်း သင်ပေးတော်မူခဲ့ ၏။ အို၊ မိုးကောင်း ကင်များနှင့်ကမ္ဘာဂြိုလ်၏ဇာစ်မြစ်ကို စတင်ဖွဲ့စည်းဖြစ်တည်စေ၍ ဖြစ်ပေါ်ထင်ရှားစေတော်မူသောအရှင်မြတ်၊ အသင်အရှင်မြတ်သည်ပင် ဤလောကီဘဝနှင့်နောင်တမလွန်ဘဝ၌ ကျွန်ုပ် ၏အုပ်ထိန်းသူအရှင်သခင်နှင့်ကာကွယ်စောင့်ရှောက်သောအရှင် ဖြစ်တော်မူ၏။ အို၊ အရှင်မြတ်၊ ကျွန်တော်မျိုးအား (ကျွန်ုပ်၏ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ အရှင့်အမိန့်ပညတ်များနှင့်အညီ ကျင့်ကြံခြင်းဖြင့် ငြိမ်းချမ်းလိုလားသော) မွတ်စလင်အဖြစ်သာ ကွယ်လွန်စေတော်မူပြီး ဖြောင့်မတ်မှန်ကန်သောပြုမူကျင်ကြံမှုများဖြင့် ပြုပြင်ခဲ့ကြသူတို့နှင့်အတူ ပေါင်းဆုံတွဲ ဖက်စေတော်မူပါ။
ترجمة: رب قد آتيتني من الملك وعلمتني من تأويل الأحاديث فاطر السموات والأرض, باللغة البورمية
﴿رب قد آتيتني من الملك وعلمتني من تأويل الأحاديث فاطر السموات والأرض﴾ [يُوسُف: 101]