×

(အို၊ ရစူလ်တမန်တော်၊ သူတို့အား) ကြွေးကြော်ကြေညာလော့။ “ကျွန်ုပ်နှင့်ကျွန်ုပ်၏နောက်လိုက်တို့သည် ထိုးထွင်းသိမြင်နိုင်စွမ်းရှိပြီး ထင်ရှားခိုင်လုံသော သက်သေအထောက်နှင့်တိကျသေချာသည့် ဉာဏ် ပညာဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်ပေါ်တွင် အခြေခံ၍ 12:108 Burmese translation

Quran infoBurmeseSurah Yusuf ⮕ (12:108) ayat 108 in Burmese

12:108 Surah Yusuf ayat 108 in Burmese (البورمية)

Quran with Burmese translation - Surah Yusuf ayat 108 - يُوسُف - Page - Juz 13

﴿قُلۡ هَٰذِهِۦ سَبِيلِيٓ أَدۡعُوٓاْ إِلَى ٱللَّهِۚ عَلَىٰ بَصِيرَةٍ أَنَا۠ وَمَنِ ٱتَّبَعَنِيۖ وَسُبۡحَٰنَ ٱللَّهِ وَمَآ أَنَا۠ مِنَ ٱلۡمُشۡرِكِينَ ﴾
[يُوسُف: 108]

(အို၊ ရစူလ်တမန်တော်၊ သူတို့အား) ကြွေးကြော်ကြေညာလော့။ “ကျွန်ုပ်နှင့်ကျွန်ုပ်၏နောက်လိုက်တို့သည် ထိုးထွင်းသိမြင်နိုင်စွမ်းရှိပြီး ထင်ရှားခိုင်လုံသော သက်သေအထောက်နှင့်တိကျသေချာသည့် ဉာဏ် ပညာဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်ပေါ်တွင် အခြေခံ၍ (လူခပ်သိမ်းတို့အား) အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်နေကြသော ဤလမ်းစဉ်ပင် ကျွန်ုပ်၏လမ်းစဉ် ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုလုံးဝကင်း ပြီး အနှိင်းမဲ့ အရှင်ဖြစ်ကြောင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေခြင်း မရှိကြောင်းနှင့်ကိုးကွယ်ထိုက်သော ပကတိ ဂုဏ်တော်အာလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်ကြောင်းကိုလည်း ကျွန်ုပ်တို့ ကြွေးကြော် ကြသည့်အပြင် ကျွန်ုပ်သည် အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ အခြားသောအရာများကို ကိုးကွယ်ကြသော သူတို့ အနက်မှ အလျှင်း မဟုတ်ချေ။

❮ Previous Next ❯

ترجمة: قل هذه سبيلي أدعو إلى الله على بصيرة أنا ومن اتبعني وسبحان, باللغة البورمية

﴿قل هذه سبيلي أدعو إلى الله على بصيرة أنا ومن اتبعني وسبحان﴾ [يُوسُف: 108]

Ba Sein
၁ဝ၈။ တမန်တော်မိုဟမ္မဒ်၊ ဟောကြားလော့။ ဤလမ်းသည် ငါ၏ လမ်းဖြစ်သည်။ ငါသည် အလ္လာဟ်အရှင်မြတ်အား သေချာသောအသိဉာာဏ်နှင့် ဆည်းကပ်ပါ၏။ ငါနှင့်ငါ၏ တပည့်သားမြေးတို့သည် ယင်းသို့ဆည်းကပ်ကြ၏။ အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့ခြင်းကင်းတော်မူပါ၏။ အကျွနု်ပ်သည် ရုပ်ပွားဆင်းတုများကိုးကွယ်သောသူတို့ ဘောင်မှ မဟုတ်ချေ။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ ဤသည်သာလျှင် ငါ၏ လမ်းစဉ်ဖြစ်ပေသည်။ ငါသည်(လူခပ်သိမ်းတို့အား) အလ္လာဟ်အရှင်မြတ်ဘက်သို့ဖိတ်ခေါ်သည်။ ငါနှင့်တကွ၊ ငါ၏နောက်လိုက်တို့သည်လည်း အလွန်ထင်ရှား ခိုင်လုံသော သက်သေသာဓကအပေါ်၌တည်ရှိနေကြပေသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်(ချို့တဲ့မှု အပေါင်းတို့မှ) သန့်ရှင်းစင်ကြယ်တော်မူသောအရှင်ဖြစ်တော်မူပေသည်။ ထိုမှတစ်ပါး ငါသည် တစ်စုံတစ်ရာကိုအလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်သောသူတို့မုရှ်ရစ်ကတို့အနက်မှ မဟုတ်ချေ။
Hashim Tin Myint
(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- ဤသည် ငါ၏လမ်းစဉ်ဖြစ်သည်။ ငါသည် (လူများအား) အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်‌ခေါ်သည်။ ငါနှင့်အတူ ငါ၏‌နောက်လိုက်များသည်လည်း ထင်ရှားခိုင်လုံ‌သော သက်သသာဓကအ‌ပေါ်တွင် တည်ရှိ‌နေကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထို့ပြင် ငါသည် အလ္လာဟ်အရှင်မြတ်နှင့် အခြားအရာကို တွဲဖက်ကိုးကွယ်သူများအနက်မှ မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek