Quran with Burmese translation - Surah Yusuf ayat 17 - يُوسُف - Page - Juz 12
﴿قَالُواْ يَٰٓأَبَانَآ إِنَّا ذَهَبۡنَا نَسۡتَبِقُ وَتَرَكۡنَا يُوسُفَ عِندَ مَتَٰعِنَا فَأَكَلَهُ ٱلذِّئۡبُۖ وَمَآ أَنتَ بِمُؤۡمِنٖ لَّنَا وَلَوۡ كُنَّا صَٰدِقِينَ ﴾
[يُوسُف: 17]
﴿قالوا ياأبانا إنا ذهبنا نستبق وتركنا يوسف عند متاعنا فأكله الذئب وما﴾ [يُوسُف: 17]
Ba Sein ၁၇။ သူတို့က အို-ခမည်းတော်၊ အကျွနု်ပ်တို့သည် ယူစွတ်(ဖ်)အား အကျွနု်ပ်တို့ပစ္စည်းများ သူ့အနား၌ ထားပြီးလျှင် အချင်းချင်းအပြေးပြိုင်ကြပါသည်။ ထိုအခါဝံပုလွေသည် သူ့ကို ဖမ်းစားသွားပါမည်။ အကျွနု်ပ်တို့အမှန်ကို ဆိုသော်လည်း ခမည်းတော်သည် အကျွနု်ပ်တို့၏ စကားများကို မယုံကြည်ပါဟု ဆိုကြ၏။ |
Ghazi Mohammad Hashim (ခမည်းတော်ထံသို့ရောက်လတ်သော် ဤသို့)လျှောက်ထားခဲ့ကြသည်။ အို-ကျွန်ုပ်တို့၏ ဖခမည်းတော်ဧကန်အမှန် ကျွန်ုပ်တို့သည် ယူဆွဖ်အား မိမိတို့၏ပစ္စည်း(အဝတ်အစား)များ အနီးတွင်(အစောင့်)ထားခဲ့ပြီး အပြေးပြိုင်ရန်သွားခဲ့ကြပါသည်။ သို့ဖြစ်သောကြောင့် ထိုယူဆွဖ်အား ဝံပုလွေသည် ကိုက်စားပစ်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့သည်(မည်မျှပင်) သစ္စာဝါဒီများဖြစ်ကြသော်လည်း ဖခမည်းတော်မှာမူကား ကျွန်ုပ်တို့အား ယုံကြည်မည်မဟုတ်ပါပေ။ သတ်ပစ်ကြလေကုန်။ သို့တည်းမဟုတ် ၎င်းအား တိုင်းတစ်ပါးသို့(သွား(သွားရောက်)စွန့်ပစ်ခဲ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့၏ခမည်းတော်သည် အသင်တို့ဘက်သို့ပြန်လှည့်၍ မျက်နှာသာပေးရပေလိမ့်မည်။ ထို့နောက် အသင်တို့သည်(အလ္လာဟ်အရှင်မြတ်အထံတော်၌ မိမိတို့အပြစ်ကို ဝန်ချတောင်းပန်ကာ)ဖြောင့်မှန်သောလူစုပြန်၍ဖြစ်ကြလေကုန်။ (လိမ့်မည်။)(တစ်နည်း)၎င်းတို့က (ဖခင်ကြီးထံ၌) လျှောက်ထားခဲ့ကြသည်မှာ အို-ကျွန်တော်တို့၏ဖခင်၊ ဧကန်အမှန် ကျွန်တော်တို့သည် (သူ့ထက်ငါသာအောင်) အချင်းချင်း အပြေးပြိုင်၍လာခဲ့ကြပါသည်။ ၎င်းပြင် ယူဆွဖ်ကို ကျွန်တော်တို့၏ပစ္စည်း(များ)အနီး၌ ထားခဲ့ကြပါသည်။ သို့ဖြစ်ပေရာ(ရုတ်တရက်)ဝံပုလွေသည် သူ့ကို ကိုက်စားသွားပါသည်။ ကျွန်တော်တို့သည်အဘယ်မျှပင် မှန်ကန်သူများ ဖြစ်ကြသော်လည်း အသင်(ဖခင်ကြီး)ကား ကျွန်တော်တို့အား ယုံကြည်မည် မဟုတ်ပါပေ။ |
Hashim Tin Myint သူတို့က ပြောဆိုကြသည်- အို- ကျွန်ုပ်တို့၏ဖခင်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် ယူစွဖ်ကို ကျွန်ုပ်တို့ပစ္စည်းများအနီးတွင် ထားခဲ့ပြီး အပြေးပြိုင်ရန် သွားခဲ့ကြပါသည်။ သို့ဖြစ်ရာ ၎င်းအား ဝံပုလွေသည် ကိုက်စားပစ်လိုက်ပါသည်။ ထို့နောက် ကျွန်ုပ်တို့သည် မှန်ကန်စွာ ပြောဆိုသူများဖြစ်လျှင်လည်း ဖခင်သည် ကျွန်ုပ်တို့အား ယုံကြည်မည် မဟုတ်ပါ။ |