Quran with Burmese translation - Surah Yusuf ayat 18 - يُوسُف - Page - Juz 12
﴿وَجَآءُو عَلَىٰ قَمِيصِهِۦ بِدَمٖ كَذِبٖۚ قَالَ بَلۡ سَوَّلَتۡ لَكُمۡ أَنفُسُكُمۡ أَمۡرٗاۖ فَصَبۡرٞ جَمِيلٞۖ وَٱللَّهُ ٱلۡمُسۡتَعَانُ عَلَىٰ مَا تَصِفُونَ ﴾
[يُوسُف: 18]
﴿وجاءوا على قميصه بدم كذب قال بل سولت لكم أنفسكم أمرا فصبر﴾ [يُوسُف: 18]
Ba Sein ၁၈။ ထို့အပြင်သူတို့သည် ညီငယ်၏ ရှပ်အကျႌကို လည်ဆယ်သောသွေးစွန်းနှင့် ယူဆောင်လာခဲ့ကြ၏။ သူက မဟုတ်တန်ရာ၊ သင်တို့၏ စိတ်သည် သင်တို့အား တခုခုသို့ လှည့်စားချေပြီ။ ငါ့မှာမူကား သည်းခံခြင်းတရား ကိုသာ ပွားရချေမည်။ သင်တို့ပြောပြသည့်ဆင်းရဲဒုက္ခတွင် အလ္လာဟ်အရှင်မြတ်၏ စောင့်ရှောက်ခြင်းကျေးဇူးတော် ကိုသာ ရှာမှီးရမည်ဖြစ်၏ဟု ပြန်ပြော၏။ |
Ghazi Mohammad Hashim ထို့ပြင် ၎င်းတို့သည် ယင်းယူစုဖ်၏အကျႌတွင်မဟုတ်မမှန်သောသွေးများကို(လိမ်းကျံ၍)ယူလာခဲ့ကြလေသည်။(ထိုအခါ ဖခမည်းတော်က ဤသို့) ပြောဆိုဖြေကြားခဲ့လေသည်။(အို-ချစ်သားတို့) ထိုသို့အလျဉ်းမဟုတ် စင်စစ်မှာကား သင်တို့၏စိတ်နှလုံးသည် အသင်တို့အဖို့ အကြောင်းတစ်ခုကိုပရိယာယ်ဆင်ပေးခဲ့ခြင်းသာဖြစ်ပေသည်။ သို့ဖြစ်ပေရာ(ငါ၏အဖို့မှာ) သည်းခံခြင်းသည်သာ ကောင်းမြတ်ပေတော့၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်အထံတော်၌သာလျှင် အသင်တို့လုပ်ကြံပြောပြကြသော အကြောင်းနှင့်စပ်လျဉ်း၍ ကူညီစောင်မတော်မူရန် တိုးလျှိုးတောင်းပန်အသနားခံပြီး ဖြစ်ချေသတည်း။(တစ်နည်း) အလ္လာဟ်အရှင်မြတ်သည်ပင် ကူညီတော်မူသည်ဖြစ်ပါစေသတည်း။ |
Hashim Tin Myint ထို့ပြင် သူတို့သည် ၎င်း၏အကင်္ျီ၌ မဟုတ်မမှန် လိမ်လည်လုပ်ကြံထားသော သွေးများကို (သုတ်လိမ်းပြီး)ယူလာခဲ့ကြသည်။ ၎င်း(ဖခင်)ကပြောဆိုသည်- ဤသို့ လုံးဝ မဟုတ်ပေ၊ အမှန်စင်စစ် အသင်တို့၏စိတ်နှလုံးများသည် အသင်တို့အတွက် အကြောင်းတစ်ခုကို လှည့်စားရန် ပြုလုပ်ခဲ့ခြင်းသာ*ဖြစ်သည်။ သို့ဖြစ်ရာ (ငါ့အတွက်မူ) သည်းခံခြင်းသည်ပင် ကောင်းပေသည်။ ၎င်းနောက် အလ္လာဟ်အရှင်မြတ်ထံတော်၌ပင် အသင်တို့၏လုပ်ကြံမှုနှင့်ပတ်သက်၍ အကူအညီတောင်းခံပါသည်။ |