Quran with Burmese translation - Surah Yusuf ayat 26 - يُوسُف - Page - Juz 12
﴿قَالَ هِيَ رَٰوَدَتۡنِي عَن نَّفۡسِيۚ وَشَهِدَ شَاهِدٞ مِّنۡ أَهۡلِهَآ إِن كَانَ قَمِيصُهُۥ قُدَّ مِن قُبُلٖ فَصَدَقَتۡ وَهُوَ مِنَ ٱلۡكَٰذِبِينَ ﴾
[يُوسُف: 26]
﴿قال هي راودتني عن نفسي وشهد شاهد من أهلها إن كان قميصه﴾ [يُوسُف: 26]
Ba Sein ၂၆။ ယူစွတ်(ဖ်)က သူမသည် အကျွနု်ပ်ထံမှ မကောင်းမှုတခုကို တောင်းပါ၏ဟု ပြန်ဖြေ၏။ ထို့အပြင်သူမ၏ လူ များထဲမှ သက်သေတယောက် အကယ်၍ သူ၏ ရှပ်မှာ ရှေ့ဘက်မှ စုတ်ပြတ်ပါလျှင် သူမသည် အမှန်စကားကို ဆို၏။ သူသည် မုသားဆိုသူများဘောင်မှ ဖြစ်၏။ |
Ghazi Mohammad Hashim (ထိုအခါ) ယင်းယူဆွဖ်က ဤမိန်းမသည်သာလျှင် ကျွန်ုပ်အား ကျွန်ုပ်၏စိတ်သဘောနှင့်ဆန့်ကျင်ကာ ချော့မော့မြှူဆွယ်ခဲ့လေသည်ဟုပြောဆိုခဲ့လေသည်။ ၎င်းပြင် ယင်းမိန်းမ၏ ဆွေမျိုးများအနက်မှ သက်သေတစ်ဦးသည် (ဤသို့)သက်သေခံခဲ့လေသည်။ အကယ်၍ ထိုယူဆွဖ်၏အင်္ကျီမှာ ရှေ့မှစုတ်ပြဲ၍နေသည်ဖြစ်မူ ထိုမိန်းမသည် မှန်ကန်စွာပြောဆိုခဲ့သည်ဖြစ်သည်။ ၎င်းပြင် ယင်းယူဆွဖ်သည် မုသား ပြောဆိုသူတစ်ဦး ဖြစ်ပေသတည်း။ |
Hashim Tin Myint (ထိုအခါ) ၎င်း(ယူစွဖ်)က ပြောဆိုခဲ့သည်- “သူမသည်ပင် ကျွန်ုပ်အား ကျွန်ုပ်၏အလိုမတူဘဲနှင့် ဆွဲဆောင်ခဲ့ခြင်းဖြစ်သည်။“ ထို့နောက် ထိုမိန်းမ၏ဆွေမျိုးများထဲမှ သက်သေတစ်ဦးက သက်သေခံခဲ့သည်- “အကယ်၍ ၎င်း၏အကင်္ျီသည် ရှေ့မှစုတ်ပြဲနေခဲ့သည်ဆိုလျှင် ထိုမိန်းမသည် မှန်ကန်သူဖြစ်ပြီး ၎င်းသည် လိမ်လည်သူဖြစ်သည်။ |