Quran with Burmese translation - Surah Yusuf ayat 38 - يُوسُف - Page - Juz 12
﴿وَٱتَّبَعۡتُ مِلَّةَ ءَابَآءِيٓ إِبۡرَٰهِيمَ وَإِسۡحَٰقَ وَيَعۡقُوبَۚ مَا كَانَ لَنَآ أَن نُّشۡرِكَ بِٱللَّهِ مِن شَيۡءٖۚ ذَٰلِكَ مِن فَضۡلِ ٱللَّهِ عَلَيۡنَا وَعَلَى ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَشۡكُرُونَ ﴾
[يُوسُف: 38]
﴿واتبعت ملة آبائي إبراهيم وإسحاق ويعقوب ما كان لنا أن نشرك بالله﴾ [يُوسُف: 38]
| Ba Sein ၃၈။ ထို့အပြင်အကျွနု်ပ်သည် မိမိ၏ မိဘဘိုးဘွားအေဗရာဟမ်၊ အစ္စဟတ်(က်)၊ ယာကူ(ဗ်)တို့၏ ဘာသာအယူဝါဒ ကို လိုက်၏။ အကျွနု်ပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် မည်သည့်အရာကိုမှ မတွဲဖက်အပ်ချေ။ ဤအယူဝါဒသည် တမန်တော်အေဗရာဟမ်၏ သားမြေးဖြစ်သောအကျွနု်ပ်တို့နှင့် လူသားတို့အား အရှင်မြတ်ပေးကမ်းတော်မူသော ကောင်းကြီးမင်္ဂလာတော်များမှ ဖြစ်၏။ သို့သော်လူသားအများအပြားသည် ကျေးဇူးမသိတတ်ချေ။ |
| Hashim Tin Myint ထို့ပြင် ကျွန်ုပ်သည် ကျွန်ုပ်၏ဘေးတော်၊ ဘိုးတော်နှင့် အဘများဖြစ်ကြသော (တမန်တော်)အိဗ်ရာဟီမ်၊ (တမန်တော်)အစ္စဟာက်၊ (တမန်တော်)ယအ်ကူဗ်တို့၏သာသနာကိုပင် လိုက်နာခဲ့သည်။ ကျွန်ုပ်တို့အတွက် မည်သည့်အရာကိုမှ အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်(ကိုးကွယ်)ရန် မထိုက်ပေ။ ဤသည် ကျွန်ုပ်တို့နှင့် လူအားလုံးအပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်တစ်ခုဖြစ်သည်။ သို့ရာတွင် လူများထဲမှ အများစုသည် ကျေးဇူးတော်ကို မသိတတ်ကြပေ။ |