×

စင်စစ်သော်ကား ကျွန်ုပ်သည် ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ 12:53 Burmese translation

Quran infoBurmeseSurah Yusuf ⮕ (12:53) ayat 53 in Burmese

12:53 Surah Yusuf ayat 53 in Burmese (البورمية)

Quran with Burmese translation - Surah Yusuf ayat 53 - يُوسُف - Page - Juz 13

﴿۞ وَمَآ أُبَرِّئُ نَفۡسِيٓۚ إِنَّ ٱلنَّفۡسَ لَأَمَّارَةُۢ بِٱلسُّوٓءِ إِلَّا مَا رَحِمَ رَبِّيٓۚ إِنَّ رَبِّي غَفُورٞ رَّحِيمٞ ﴾
[يُوسُف: 53]

စင်စစ်သော်ကား ကျွန်ုပ်သည် ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို အမှားအယွင်း ကင်းရှင်းကြောင်း မပြောဆိုနိုင် (ရုံသာမကာ အမှားအယွင်း လုံးဝ ကင်းသကဲ့သို့လည်း ယတိ ပြတ် မတင်ပြနိုင်) ပေ။ (အကြောင်းမှာ) ဧကန်ပင်၊ (နဖ်စ်ကို စိတ်အလိုရမ္မက်ထက် အရှင့်စည်းမျဉ်းတော်နှင့်အညီ အသုံးချခြင်းကြောင့်) ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က ကရုဏာထားတော်မူသောအရာ (နဖ်စ်) မှအပ (အခြားနဖ်စ်ဟူသမျှသည်) မကောင်းမှုအကုသိုလ်နှင့်စပ်လျဉ်း၍ ဧကန်မုချ၊ အမိန့်ပေးတိုက်တွန်းနှိုးဆော်လေ့ရှိ၏။ ဧကန်ပင်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: وما أبرئ نفسي إن النفس لأمارة بالسوء إلا ما رحم ربي إن, باللغة البورمية

﴿وما أبرئ نفسي إن النفس لأمارة بالسوء إلا ما رحم ربي إن﴾ [يُوسُف: 53]

Ba Sein
၅၃။ အကျွနု်ပ်သည် မိမိကိုယ်ကို မိမိဒုစရိုက်မှုမှ ကင်းစင်ပြီဟု မဝါမကြွားဝ့ံပါ။ မှတ်သားကြလော့။ အကျွနု်ပ်၏ အရှင်သခင်က သနားစောင့်ရှောက်ချီးမြှောက်တော်မူသောဝိညာဉ်မှတပါး အခြားလူ့ဝိညာဉ်သည် မကောင်းမှု ကိုသာ လှုံ့ဆော်တိုက်တွန်းကြ၏။ မှတ်သားကြလော့။ အကျွနု်ပ်၏ အရှင်သခင်သည် အပြစ်လွှတ်တော်မူ၏။ ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။
Ghazi Mohammad Hashim
စင်စစ်သော်ကား ကျွန်ုပ်သည် မိမိကိုယ်ကိုအပြစ်မှကင်းလွတ်သည်ဟု မဆိုလိုပေ။ အကြောင်း သော်ကားဧကန်မလွဲ စိတ်နှလုံးများသည် မကောင်းမှုကို အလွန်အမိန့်ပေးတိုက်တွန်းလေ့ရှိကြသောကြောင့်ပင်။ သို့ရာတွင်ကျွန်ုပ်အား ဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်က သနားကရုဏာပြုတော်မူသည့် (စိတ်နှလုံးမှာမူ အပြစ်မှလွတ်ကင်းနိုင်ပေသည်။) မလွဲဧကန် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
ထို့ပြင် ကျွန်ုပ်သည် ကျွန်ုပ်ကိုယ်ကို အပြစ်ကင်းပါသည်ဟု မဆိုလို‌ပေ။ အမှန်စင်စစ် စိတ်နှလုံးများသည် မ‌ကောင်းမှုကို လွန်စွာ အမိန့်‌ပေး တိုက်တွန်း‌လေ့ရှိကြသည်။ သို့ရာတွင် ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က သနားကရုဏာပြု‌တော်မူ‌သော (စိတ်နှလုံးများသာ အပြစ်ကင်းနိုင်သည်)။ အမှန်စင်စစ် ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek