Quran with Burmese translation - Surah Yusuf ayat 54 - يُوسُف - Page - Juz 13
﴿وَقَالَ ٱلۡمَلِكُ ٱئۡتُونِي بِهِۦٓ أَسۡتَخۡلِصۡهُ لِنَفۡسِيۖ فَلَمَّا كَلَّمَهُۥ قَالَ إِنَّكَ ٱلۡيَوۡمَ لَدَيۡنَا مَكِينٌ أَمِينٞ ﴾
[يُوسُف: 54]
﴿وقال الملك ائتوني به أستخلصه لنفسي فلما كلمه قال إنك اليوم لدينا﴾ [يُوسُف: 54]
Ba Sein ၅၄။ ထိုအခါဘုရင်မင်းမြတ်က ထိုသူကို ငါ့ရှေ့တော်သို့ သွင်းကြလော့။ ငါသည် သူ့အား ကိုယ်ရံတော်အရာ၌ ခန့်ထားလိုတော်မူ၏ဟု မိန့်တော်မူ၏။ မင်းမြတ်သည် ယူစွတ်(ဖ်)နှင့်ဆွေးနွေးတိုင်ပင်ပြီးသောအခါ မင်းကြီးက မှတ်သားလော့၊ သင်သည် ငါ့မျက်မှောက်ဝယ် ယုံကြည်အားကိုးရသူဖြစ်ပြီဟု မိန့်တော်မူ၏။ |
Ghazi Mohammad Hashim ထိုအခါ ဘုရင်မင်းမြတ်က အသင်တို့သည် ထိုယူဆွဖ်အား ငါ့ထံသို့ ပင့်ဆောင်ခဲ့ကြလေကုန်။ ငါသည် ၎င်းအား မိမိအဖို့ ရွေးချယ်အံ့ဟု အမိန့်ပေးခဲ့လေသည်။ တစ်ဖန်ယင်းယူဆွဖ်သည် ထိုဘုရင်နှင့် စကားပြောဆိုလေသောအခါ၊ထိုဘုရင်က (ယူဆွဖ်အား) အသင်သည် ယနေ့မှစ၍ ကျွန်ုပ်၏ထံတွင် မြင့်မြတ်သောဂုဏ်ဒြပ်နှင့်ပြည့်စုံသူ၊ ယုံကြည်စိတ်ချအပ်သူဖြစ်သည်ဟု ချီးမြှင့်ပြောကြား မြှောက်စား ခဲ့လေသတည်း။ |
Hashim Tin Myint ထို့ပြင် ဘုရင်က ပြောသည်- အသင်တို့သည် ၎င်း(ယူစွဖ်)ကို ငါ့ထံ ခေါ်ဆောင်ခဲ့ကြပါ၊ ငါသည် ၎င်းအား ငါ့အတွက် ရွေးချယ်လိုက်မည်။ ထို့နောက် ၎င်းသည် ဘုရင်နှင့် စကားပြောဆိုသောအခါ၊ ထိုဘုရင်က ၎င်းအား အသင်သည် ဤနေ့မှစပြီး ကျွန်ုပ်ထံ၌ အဆင့်အတန်း ကြီးကျယ်မြင့်မြတ်သောသူ၊ ယုံကြည်စိတ်ချရသူ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ |