×

(ထိုအမျိုးသမီးများက တမန်တော်ယူစုဖ်သည် အပြစ်အနာအဆာ ကင်းရှင်းသူသာ ဖြစ်ကြောင်း ဝန်ခံခဲ့ကြ သည်ကို တမန်တော်ယူစုဖ် သိလေသော် သူမတို့အား ထိုသို့စစ်ဆေးစေလိုခြင်း၏အကြောင်းရင်းနှင့်စပ်လျဉ်း၍) သူက 12:52 Burmese translation

Quran infoBurmeseSurah Yusuf ⮕ (12:52) ayat 52 in Burmese

12:52 Surah Yusuf ayat 52 in Burmese (البورمية)

Quran with Burmese translation - Surah Yusuf ayat 52 - يُوسُف - Page - Juz 12

﴿ذَٰلِكَ لِيَعۡلَمَ أَنِّي لَمۡ أَخُنۡهُ بِٱلۡغَيۡبِ وَأَنَّ ٱللَّهَ لَا يَهۡدِي كَيۡدَ ٱلۡخَآئِنِينَ ﴾
[يُوسُف: 52]

(ထိုအမျိုးသမီးများက တမန်တော်ယူစုဖ်သည် အပြစ်အနာအဆာ ကင်းရှင်းသူသာ ဖြစ်ကြောင်း ဝန်ခံခဲ့ကြ သည်ကို တမန်တော်ယူစုဖ် သိလေသော် သူမတို့အား ထိုသို့စစ်ဆေးစေလိုခြင်း၏အကြောင်းရင်းနှင့်စပ်လျဉ်း၍) သူက “(စုံစမ်းစစ်ဆေး စေရခြင်းမှာ) ကျွန်ုပ်သည် (ယခင်က ကျွန်ုပ်ကိုဝယ်ယူခဲ့ပြီးနောက် နေရာထိုင်ခင်း ပေးခဲ့ သော) သူမရှိခိုက် သူ့အား မည်သည့်အခါမျှ သစ္စာမဖောက်ခဲ့ကြောင်း သူအား သစ္စာမဖောက်ခဲ့ကြောင်းကို သူသိစေရန်နှင့်အလ္လာဟ်အရှင်မြတ်သည် သစ္စာဖောက်တို့၏ကြံစည်မှုများ (အထမြောက် အောင်မြင်စေသော နည်းစနစ်အတွက်) လမ်းညွှန်တော်မမူကြောင်း (လူတိုင်း) သိနားကြရန် ထိုသို့ (စုံစမ်းစစ်ဆေးစေရခြင်း) ဖြစ်၏။” ဟု ရှင်းပြပြောဆိုခဲ့လေ၏။

❮ Previous Next ❯

ترجمة: ذلك ليعلم أني لم أخنه بالغيب وأن الله لا يهدي كيد الخائنين, باللغة البورمية

﴿ذلك ليعلم أني لم أخنه بالغيب وأن الله لا يهدي كيد الخائنين﴾ [يُوسُف: 52]

Ba Sein
၅၂။ ဤအကြောင်းအရာကို ကြားရသောအခါ ယူစွတ်(ဖ်)က အကျွနု်ပ်သည် မိမိသခင်အား သူ၏ ကွယ်ရာတွင် တိတ်ဆိတ်လျှို့ဝှက်စွာသစ္စာမဖောက်ကြောင်းကို အကျွနု်ပ်၏ သခင်သိဖို့ရာ ဤအမှုအခင်းအကြောင်းကို အကျွနု်ပ် စုံစမ်းမေးမြန်းပါ၏။ အမှန်ကိုဆိုသော် အလ္လာဟ်အရှင်မြတ်သည် သစ္စာဖောက်သူတို့၏ ဖျားယောင်းမှုများကို ထမြောက်အောင်မြင်စေတော်မမူချေ။
Ghazi Mohammad Hashim
ဤ(သို့အပြစ်ကင်းကြောင်းကို ထင်ရှားစေခြင်းသည်)ကား ထိုအဇိဇ်သည် ၎င်း၏နောက်ကွယ်ရာတွင် ၎င်းအားကျွန်ုပ် အမှန်ပင် သစ္စာမဖောက်ခဲ့ကြောင်း ၎င်းပြင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် သစ္စာဖောက်သောသူတို့၏အကြံအစည်ကို (အထမြောက်အောင်မြင်စေရန်အလို့ငှာ)နည်းလမ်းပေးတော်မူသည်မဟုတ်ကြောင်း (ပိုမိုကောင်းမွန်စွာ)သိနားလည်ရန် ဖြစ်ပေသတည်း။
Hashim Tin Myint
ဤ(သို့ အပြစ်ကင်း‌ကြောင်း ထင်ရှား‌အောင်လုပ်ရခြင်း)မှာမူ ထိုအဇီးဇ်သည် သူ၏‌နောက်ကွယ်ရာ၌ သူ့အား ကျွန်ုပ်သည် အမှန်ပင် သစ္စာမ‌ဖောက်ခဲ့‌ကြောင်း၊ ၎င်း‌နောက် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သစ္စာ‌ဖောက်‌သောသူများ၏ အကြံအစည်ကို (‌အောင်မြင်ရန်) လမ်းမှန်ညွှန်ကြားပြသ‌တော်မမူ‌ကြောင်းကို သိရှိနားလည်ရန်အတွက်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek