×

သူတို့သည် သူတို့၏ဖခမည်းတော်ထံသို့ ပြန်လည်ရောက်ရှိသွားကြသောအခါ “အို၊ ကျွန်တော်မျိုးတို့၏ဖခမည်းတော်၊ ကျွန်ုပ်တို့ထံမှ တန်ဖိုးအနည်းငယ်သာရှိသော ဖလှယ်ကုန် ငွေကြေးအဖိုးအခအစား ရိက္ခာအထောက်အပံ့များကို အပြည့်အဝ ပေးခဲ့ပြီး 12:63 Burmese translation

Quran infoBurmeseSurah Yusuf ⮕ (12:63) ayat 63 in Burmese

12:63 Surah Yusuf ayat 63 in Burmese (البورمية)

Quran with Burmese translation - Surah Yusuf ayat 63 - يُوسُف - Page - Juz 13

﴿فَلَمَّا رَجَعُوٓاْ إِلَىٰٓ أَبِيهِمۡ قَالُواْ يَٰٓأَبَانَا مُنِعَ مِنَّا ٱلۡكَيۡلُ فَأَرۡسِلۡ مَعَنَآ أَخَانَا نَكۡتَلۡ وَإِنَّا لَهُۥ لَحَٰفِظُونَ ﴾
[يُوسُف: 63]

သူတို့သည် သူတို့၏ဖခမည်းတော်ထံသို့ ပြန်လည်ရောက်ရှိသွားကြသောအခါ “အို၊ ကျွန်တော်မျိုးတို့၏ဖခမည်းတော်၊ ကျွန်ုပ်တို့ထံမှ တန်ဖိုးအနည်းငယ်သာရှိသော ဖလှယ်ကုန် ငွေကြေးအဖိုးအခအစား ရိက္ခာအထောက်အပံ့များကို အပြည့်အဝ ပေးခဲ့ပြီး (နောက်တစ်ကြိမ်တွင်) ညီလေးကိုပါ အတူခေါ်ဆောင် မသွားပါက ကုန်ဖလှယ်ခွင့်ကို တားဆီးပိတ်ပင်ခြင်းခံရလိမ့်မည် ဖြစ်သောကြောင့် ကျွန်ုပ်တို့ ကုန်ဖလှယ်နိုင်ရန်အတွက် ညီလေး အား ကျွန်ုပ်နှင့်အတူ (သွားခွင့်ပြု၍) စေလွှတ်ပါလော့။ ဧကန်ပင်၊ ကျွန်ုပ်တို့သည် သူ့ကို အမှန်ပင် ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်မည့်သူများ ဖြစ်ကြပါ၏။” ဟု တောင်းဆိုပြောခဲ့ကြ ၏။

❮ Previous Next ❯

ترجمة: فلما رجعوا إلى أبيهم قالوا ياأبانا منع منا الكيل فأرسل معنا أخانا, باللغة البورمية

﴿فلما رجعوا إلى أبيهم قالوا ياأبانا منع منا الكيل فأرسل معنا أخانا﴾ [يُوسُف: 63]

Ba Sein
၆၃။ ထို့ကြောင့်သူတို့သည် မိမိတို့ဖခင်ထံ ပြန်ရောက်သောအခါ သူတို့က အို-ခမည်းတော်၊ အကျွနု်ပ်တို့အား ရိက္ခာမရောင်းငြင်းဆန်ပါ၏။ အကျွနု်ပ်တို့ရိက္ခာဝယ်ယူရရှိရန် အကျွနု်ပ်တို့၏ ညီထွေးကို အကျွနု်ပ်တို့နှင့်ထည့် တော်မူပါ။ အကယ်စင်စစ်အကျွနု်ပ်တို့သည် သူ့ကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ပါမည်ဟု ဆို၏။
Ghazi Mohammad Hashim
ထို့နောက် ၎င်းတို့သည် မိမိတို့၏ ခမည်းတော်ထံသို့ ပြန်လည်ရောက်ရှိခဲ့ကြသောအခါ (ဤသို့) လျှောက်ထားခဲ့ကြကုန်၏။ အို-ကျွန်တော်မျိုးတို့၏ ဖခမည်းတော်၊ ရိက္ခာသည်ကျွန်တော်မျိုးတို့(အားရောင်းချခြင်း)မှ ပိတ်ထားပြီးဖြစ်လေသည်။ သို့ဖြစ်ပေရာ ခမည်းတော်သည် ကျွန်တော်မျိုးတို့နှင့်အတူ ကျွန်တော်မျိုးတို့၏ညီတော်(ဗင်န်ယာမီန်)အား စေလွှတ်တော်မူပါ။ ကျွန်တော်မျိုးတို့သည်(ရိက္ခာကိုနောက်တစ်ဖန်)ခြင်တွယ်၍ယူခဲ့ကြပါမည်။ ၎င်းပြင် ဧကန်မလွဲ ကျွန်တော်မျိုးတို့သည် ထိုညီတော်အား ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းမည့်သူများလည်း ဖြစ်ကြပါသည်။
Hashim Tin Myint
ထို့‌နောက် သူတို့သည် သူတို့၏ဖခင်ထံသို့ ပြန်‌ရောက်ကြ‌သောအခါ ‌ပြောဆိုကြသည်- အို- ကျွန်ုပ်တို့၏ဖခင်၊ ရိက္ခာသည် ကျွန်ုပ်တို့ထံမှ ပိတ်ခြင်းခံလိုက်ရပြီဖြစ်ပါသည်။ သို့ဖြစ်ရာ ဖခင်သည် ကျွန်ုပ်တို့နှင့်အတူ ကျွန်ုပ်တို့၏ညီကို ‌စေလွှတ်‌ပေးပါ။ ကျွန်ုပ်တို့သည် (ရိက္ခာကို ထပ်မံ)ခြင်တွယ်ပြီး ယူခဲ့ကြပါမည်။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် ထိုညီငယ်ကိုလည်း ‌ကောင်းမွန်စွာ ထိန်းသိမ်း‌စောင့်‌ရှောက်မည့်သူများဖြစ်ကြပါသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek