×

(တမန်တော်) ယူစုဖ်က သူ၏ဝန်ထမ်းများအား “သူတို့သည် (ကျွန်ုပ်တို့ထံ ရိက္ခာအထောက်အပံ့အစား) ဖလှယ်ကုန်အဖြစ် ပေးခဲ့သော သူတို့၏ (ရွှေ၊ ငွေ) အဖိုးအခများကို 12:62 Burmese translation

Quran infoBurmeseSurah Yusuf ⮕ (12:62) ayat 62 in Burmese

12:62 Surah Yusuf ayat 62 in Burmese (البورمية)

Quran with Burmese translation - Surah Yusuf ayat 62 - يُوسُف - Page - Juz 13

﴿وَقَالَ لِفِتۡيَٰنِهِ ٱجۡعَلُواْ بِضَٰعَتَهُمۡ فِي رِحَالِهِمۡ لَعَلَّهُمۡ يَعۡرِفُونَهَآ إِذَا ٱنقَلَبُوٓاْ إِلَىٰٓ أَهۡلِهِمۡ لَعَلَّهُمۡ يَرۡجِعُونَ ﴾
[يُوسُف: 62]

(တမန်တော်) ယူစုဖ်က သူ၏ဝန်ထမ်းများအား “သူတို့သည် (ကျွန်ုပ်တို့ထံ ရိက္ခာအထောက်အပံ့အစား) ဖလှယ်ကုန်အဖြစ် ပေးခဲ့သော သူတို့၏ (ရွှေ၊ ငွေ) အဖိုးအခများကို သူတို့က မိသားစုထံ ပြန်သွားသည့်အခါ (ယင်းတို့ကို) ပြန်တွေ့၍ အမှတ်ရကြရန်နှင့် (ယင်းတို့ကို အကြောင်းပြု၍ အီဂျစ်သို့) နောက်တစ်ကြိမ် ပြန်လာ ကြရန်အလို့ငှာ သူတို့၏ (မြင်းကျောပေါ်ခွတင်ရသော) အိတ်များတွင် ထည့်ထားကြလော့။” ဟု တိုက်တွန်းပြောဆိုလေ၏။

❮ Previous Next ❯

ترجمة: وقال لفتيانه اجعلوا بضاعتهم في رحالهم لعلهم يعرفونها إذا انقلبوا إلى أهلهم, باللغة البورمية

﴿وقال لفتيانه اجعلوا بضاعتهم في رحالهم لعلهم يعرفونها إذا انقلبوا إلى أهلهم﴾ [يُوسُف: 62]

Ba Sein
၆၂။ ထိုအခါတမန်တော်ယူစွတ်(ဖ်)သည် မိမိလုလင်များအား ဤသူများပေးသောကုန်ပစ္စည်းကို သူတို့၏ ကုလားအုပ် ကုံးနှီးအိတ်အတွင်း ထည့်သွင်းဖုံးအုပ်၍ ထည့်လိုက်ကြလော့။ ယင်းသို့တိတ်တဆိတ်ထည့်ပေးလိုက်လျှင် သူတို့ သည် မိမိတို့အမျိုးသားတို့ထံ ပြန်ရောက်သောအခါ ဤအကြောင်းကို သိကြ၍ ထိုပစ္စည်းများကို ပေးရန် ပြန်လာကြလိမ့်မည်ဟု ပြော၏။
Ghazi Mohammad Hashim
၎င်းပြင် ထိုယူဆွဖ်က မိမိအစေအပါးတို့အား(ဤသို့)ပြောဆို အမိန့်ပေးခဲ့လေသည်။ အသင်တို့သည် ၎င်းတို့အရင်းအနှီး ပြုလုပ်သောပစ္စည်းကို ၎င်းတို့၏ ခရီးဆောင်ပစ္စည်းများတွင် (လျှို့ဝှက်စွာပြန်၍ထည့်)ထားကြလေကုန်။ သို့မှသာလျှင် ၎င်းတို့သည် ထိုအရင်းအနှီး ပြုလုပ်သော မိမိတို့ပစ္စည်းကို အိမ်သူအိမ်သားတို့ထံ ပြန်လည်ရောက်ရှိသောအခါ မှတ်မိကြကုန်မည်။ သို့မှသာလျှင် ၎င်းတို့သည် ပြန်လာနိုင်ကြရာကုန်မည်သတည်း။
Hashim Tin Myint
ထို့ပြင် ၎င်း(ယူစွဖ်)က ၎င်း၏အ‌စေခံများအား ‌ပြောဆိုခဲ့သည်- အသင်တို့သည် သူတို့(အရင်းအနှီးပြုလုပ်‌သော)ပစ္စည်းကို သူတို့၏ခရီး‌ဆောင်အိတ်များထဲ၌ (လျှို့ဝှက်စွာ)ထားလိုက်ကြပါ။ သို့မှသာ သူတို့သည် ထို(အရင်းအနှီးပြုလုပ်‌သော) သူတို့၏ပစ္စည်းအား အိမ်သူအိမ်သားများထံ ပြန်‌ရောက်‌သောအခါ မှတ်မိကြမည်ဖြစ်သည်။ သို့မှသာ သူတို့သည် ပြန်လာနိုင်ကြလိမ့်မည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek