×

သူတို့သည် (သူတို့၏ခံစားခွင့်များဖြစ်သော) ပစ္စည်းထုပ်များကို ဖွင့်ကြသောအခါ ကုန်ဖလှယ်ရာတွင် သူတို့ဘက်မှ ပေးခဲ့သော အဖိုးအခများ (ကို အိတ်ထဲ၌ထည့်လျက်) ပြန်ပေးထားသည်ကို တွေ့ရှိကြသဖြင့် 12:65 Burmese translation

Quran infoBurmeseSurah Yusuf ⮕ (12:65) ayat 65 in Burmese

12:65 Surah Yusuf ayat 65 in Burmese (البورمية)

Quran with Burmese translation - Surah Yusuf ayat 65 - يُوسُف - Page - Juz 13

﴿وَلَمَّا فَتَحُواْ مَتَٰعَهُمۡ وَجَدُواْ بِضَٰعَتَهُمۡ رُدَّتۡ إِلَيۡهِمۡۖ قَالُواْ يَٰٓأَبَانَا مَا نَبۡغِيۖ هَٰذِهِۦ بِضَٰعَتُنَا رُدَّتۡ إِلَيۡنَاۖ وَنَمِيرُ أَهۡلَنَا وَنَحۡفَظُ أَخَانَا وَنَزۡدَادُ كَيۡلَ بَعِيرٖۖ ذَٰلِكَ كَيۡلٞ يَسِيرٞ ﴾
[يُوسُف: 65]

သူတို့သည် (သူတို့၏ခံစားခွင့်များဖြစ်သော) ပစ္စည်းထုပ်များကို ဖွင့်ကြသောအခါ ကုန်ဖလှယ်ရာတွင် သူတို့ဘက်မှ ပေးခဲ့သော အဖိုးအခများ (ကို အိတ်ထဲ၌ထည့်လျက်) ပြန်ပေးထားသည်ကို တွေ့ရှိကြသဖြင့် (ဖခမည်းတော်အား) “အို၊ ကျွန်ုပ်တို့၏ခမည်းတော်၊ (ကျွန်ုပ်တို့မှာ အခြား) မည်သည့်အရာအတွက် တောင့်တမှု အာသီသ ရှိမည်နည်း။ ဤ (အရာ) သည် ကျွန်ုပ်တို့ထံ ပြန်ပေးလိုက်သော ကျွန်ုပ်တို့၏ကုန်စည်ဖလှည်မှုဆိုင်ရာ အဖိုးအခပင် ဖြစ်၏။ (ညီငယ်ကို ကျွန်ုပ်တို့နှင့်အတူ သွားခွင့်ပြုလျှင်) ကျွန်ုပ်တို့သည် ညီငယ်ကို ထိန်းသိမ်းစောင့် ရှောက်ကြမည်ဖြစ်ပြီး ကျွန်ုပ်တို့၏မိသားစုအတွက် ပမာဏအားဖြင့် ကုလာအုတ်တစ်ကောင် သယ်ဆောင်ရမည့် ရိက္ခာအထောက်အပံ့များကိုလည်း ပိုမို၍ပင် ရရှိလိမ့်မည်ဖြစ်ရာ (ကျွန်ုပ်တို့) စားနပ်ရိက္ခာ ပိုလျှံစွာ ရကြမည်။ ထိုသို့ရခြင်းဖြင့် ရိက္ခာအထောက်အပံ့အတွက် (ပူစရာမလိုဘဲ အဆင်ပြေ) လွယ်ကူသွားလိမ့်မည်။” ဟု လျှောက် ထားကြပြန်လေ၏။

❮ Previous Next ❯

ترجمة: ولما فتحوا متاعهم وجدوا بضاعتهم ردت إليهم قالوا ياأبانا ما نبغي هذه, باللغة البورمية

﴿ولما فتحوا متاعهم وجدوا بضاعتهم ردت إليهم قالوا ياأبانا ما نبغي هذه﴾ [يُوسُف: 65]

Ba Sein
၆၅။ ထို့နောက်သူတို့သည် မိမိတို့အိတ်များကို ဖွင့်ကြသောအခါ သူတို့ရိက္ခာအစားပေးသောကုန်ပစ္စည်းများကို သူတို့ အား ပြန်ပေးကြောင်းကို တွေ့ရှိကြ၏။ သူတို့က အို-ခမည်းတော်၊ အကျွနု်ပ်တို့သည် သည့်ထက်ပို၍ ဘာကို တောင်းဆိုရပါမည်နည်း။ သည်မှာ အကျွနု်ပ်တို့ပစ္စည်းကို အကျွနု်ပ်တို့အား ပြန်ပေးလိုက်ပါသည်။ အကျွနု်ပ်တို့ လည်း မိမိတို့အမျိုးသားတို့အဖို့ ရိက္ခာရပါမည်။ အကျွနု်ပ်တို့သည် ညီထွေးကို စောင့်ရှောက်ပါမည်။ ထို့အပြင် အကျွနု်ပ်တို့သည် ကုလားအုပ်တစ်စီးတင်အပိုရိက္ခာရကြပါမည်။ ယခုအကျွနု်ပ်တို့ယူခဲ့သောရိက္ခာသည် နည်းပါ သေး၏ဟု တောင်းပန်ကြ၏။
Ghazi Mohammad Hashim
ထို့နောက် ၎င်းတို့သည် မိမိတို့၏ ပစ္စည်းကိုဖွင့်ခဲ့ကြသောအခါ မိမိတို့ အရင်းအနှီးပြုသော ပစ္စည်းကို ၎င်းတို့အား ပြန်လည်ထည့်ပေးလိုက်သည်ကို တွေ့ရှိခဲ့ကြလေသည်။(ထိုအခါ) ၎င်းတို့က (ဤသို့) လျှောက်ထားကြပြန်လေသည်။အို-ကျွန်တော်မျိုးတို့၏ ဖခမည်းတော်၊ ကျွန်တော်မျိုးတို့ မည်သည့်အရာကို အလိုရှိကြပါသေးသနည်း၊ ဤသည် ကျွန်တော်မျိုး တို့ အရင်းအနှီးပြုသောပစ္စည်းပင် ဖြစ်ပါသည်။ ထိုအရင်းအနှီးပြုသောပစ္စည်းသည်လည်း ကျွန်တော်မျိုးတို့အား ပြန်ပေးထားပြီး ဖြစ်ပါသည်။ ၎င်းပြင် ကျွန်တော်မျိုးတို့သည် မိမိတို့အိမ်သူအိမ်သားများအဖို့(ထပ်မံ၍)စားနပ်ရိက္ခာများ ယူဆောင်လာကြပါမည်။ ထိုမှတစ်ပါး၊ ကျွန်တော်မျိုးတို့သည် မိမိတို့ညီတော်အားလည်း ထိန်းသိမ်းစောင့်ရှောက်ကြပါမည်။ ထို့ပြင်ကျွန်တော်မျိုးတို့သည် ကုလားအုတ်တစ်စီးစာ (စားနပ်ရိက္ခာ)ကိုလည်း ပိုမို၍ယူဆောင်လာကြပါမည်။ ဤကား လွယ်ကူစွာရရှိမည်ဖြစ်သောရိက္ခာပင်ဖြစ်ပါသည်။ (တစ်နည်း-ယခု ကျွန်တော်မျိုးတို့ ယူဆောင်လာခဲ့ကြသော) ဤ(ရိက္ခာ)သည်ကားအလွန်နည်းလှပါသည်။
Hashim Tin Myint
ထို့‌နောက် သူတို့သည် သူတို့၏ပစ္စည်းများအား ဖွင့်လိုက်ကြ‌သောအခါ သူတို့၏အရင်းပစ္စည်းများအား ပြန်ထည့်‌ပေးလိုက်သည်ကို ‌တွေ့ရှိခဲ့ကြသည်။ သူတို့က ‌ပြောဆိုကြသည်- အို- ကျွန်ုပ်တို့၏ဖခင်၊ ကျွန်ုပ်တို့သည် မည်သည့်အရာကို အလိုရှိပါသနည်း၊ ဤသည် ကျွန်ုပ်တို့၏အရင်းပစ္စည်းပင် ဖြစ်ပါသည်။ ထိုအရင်းကိုလည်း ကျွန်ုပ်တို့အား ပြန်‌ပေးထားပြီးဖြစ်သည်။ ၎င်း‌နောက် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အိမ်သားများအတွက် (ထပ်ပြီး)စားနပ်ရိက္ခာများ ယူ‌ဆောင်လာကြပါမည်။ ၎င်း‌နောက် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ညီငယ်ကိုလည်း ထိန်းသိမ်း‌စောင့်‌ရှောက်ကြပါမည်။ ထို့ပြင် ကျွန်ုပ်တို့သည် ကုလားအုတ်တစ်စီးစာ(ရိက္ခာ)ကိုလည်း ပိုယူလာကြပါမည်။ ဤသည် အလွယ်တကူ ရရှိမည့်ရိက္ခာပင် ဖြစ်ပါသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek