×

(တမန်တော်) ယူစုဖ်က အလ္လာဟ်အရှင်မြတ်၏ထံတော်၌သာ ပြစ်မှုများမှ ရှောင်ကြဉ်နိုင်သည့် ခိုလှုံစရာ ရှိပြီး အရှင်မြတ်က ကျွန်ုပ်တို့ကို ကယ်တော်မူပါစေ။ ကျွန်ုပ်တို့၏လောကီခံစားခွင့်ဖြစ်သော ထိုခွက်ကို 12:79 Burmese translation

Quran infoBurmeseSurah Yusuf ⮕ (12:79) ayat 79 in Burmese

12:79 Surah Yusuf ayat 79 in Burmese (البورمية)

Quran with Burmese translation - Surah Yusuf ayat 79 - يُوسُف - Page - Juz 13

﴿قَالَ مَعَاذَ ٱللَّهِ أَن نَّأۡخُذَ إِلَّا مَن وَجَدۡنَا مَتَٰعَنَا عِندَهُۥٓ إِنَّآ إِذٗا لَّظَٰلِمُونَ ﴾
[يُوسُف: 79]

(တမန်တော်) ယူစုဖ်က အလ္လာဟ်အရှင်မြတ်၏ထံတော်၌သာ ပြစ်မှုများမှ ရှောင်ကြဉ်နိုင်သည့် ခိုလှုံစရာ ရှိပြီး အရှင်မြတ်က ကျွန်ုပ်တို့ကို ကယ်တော်မူပါစေ။ ကျွန်ုပ်တို့၏လောကီခံစားခွင့်ဖြစ်သော ထိုခွက်ကို ခိုးဝှက်ထားကြောင်း (ကျွန်ုပ်တို့ ရှာဖွေတွေ့ခဲ့သောသူမှအပ) အခြား မည်သူ့ကိုမျှ ကျွန်ုပ်တို့ အရေးမယူနိုင်ပေ။ အကယ် ၍ အရေးယူခဲ့လျှင် ကျွန်ုပ်တို့သည် ဧကန်မုချ၊ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား မမှန်မကန် ပြုလုပ်သူများ ဖြစ်ကြလိမ့်မည်။” (ဟု ဖြေဆိုခဲ့၏။)

❮ Previous Next ❯

ترجمة: قال معاذ الله أن نأخذ إلا من وجدنا متاعنا عنده إنا إذا, باللغة البورمية

﴿قال معاذ الله أن نأخذ إلا من وجدنا متاعنا عنده إنا إذا﴾ [يُوسُف: 79]

Ba Sein
၇၉။ ထိုအခါ တမန်တော်ယူစွတ်(ဖ်)က အကြင်သူ၌ အကျွနု်ပ်၏ ပစ္စည်းကို တွေ့အ့ံ။ ထိုသူကိုသာ ဖမ်းဆီးထိုက်၏။ ထိုသူမှတပါး အခြားသူကို မဖမ်းဆီးဖို့ရာ အလ္လာဟ်အရှင်မြတ်သည် တားမြစ်တော်မူ၏။ ယင်းသို့ဖမ်းဆီးချုပ်နှောင် ပါလျှင် အကျွနု်ပ်တို့သည် မတရားပြုကျင့်သူများဖြစ်ချေမည်ဟု ပြန်ပြော၏။
Ghazi Mohammad Hashim
(ထိုရောအခါ) ယင်းယူဆွဖ်က (ဤသို့) ပြောဆိုဖြေကြားခဲ့၏။ ငါတို့သည် မိမိတို့ပစ္စည်းကို တွေ့ရှိသောသူမှတစ်ပါး အခြားသူအား ဖမ်းဆီးခြင်းကို မပြုမိကြရန် အလ္လာဟ်အရှင်မြတ်၏ ကာကွယ်စောင့်ရှောက်မှုကို ရှာဖွေကြပေသည်။ဧကန်စင်စစ် ငါတို့သည် (ထို)သို့ (ပြုခဲ့ကြ)ပါလျှင် အမှန်ပင်မတရားသောသူများ ဖြစ်ကြမည်သာတည်း။
Hashim Tin Myint
၎င်းက‌ပြောဆိုသည်- ငါတို့သည် ငါတို့ပစ္စည်းကို ‌တွေ့ရှိ‌သောသူမှလွဲ၍(အခြားသူကို) ဖမ်းဆီးခြင်းမပြုရန် အလ္လာဟ်အရှင်မြတ်၏ ကာကွယ်‌စောင့်‌ရှောက်မှုကို ရယူပါသည်။ အမှန်စင်စစ် ငါတို့သည် ထိုကဲ့သို့ဖြစ်လျှင် မတရားသူများ အမှန် ဖြစ်ကြပါ‌တော့မည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek