Quran with Burmese translation - Surah Yusuf ayat 80 - يُوسُف - Page - Juz 13
﴿فَلَمَّا ٱسۡتَيۡـَٔسُواْ مِنۡهُ خَلَصُواْ نَجِيّٗاۖ قَالَ كَبِيرُهُمۡ أَلَمۡ تَعۡلَمُوٓاْ أَنَّ أَبَاكُمۡ قَدۡ أَخَذَ عَلَيۡكُم مَّوۡثِقٗا مِّنَ ٱللَّهِ وَمِن قَبۡلُ مَا فَرَّطتُمۡ فِي يُوسُفَۖ فَلَنۡ أَبۡرَحَ ٱلۡأَرۡضَ حَتَّىٰ يَأۡذَنَ لِيٓ أَبِيٓ أَوۡ يَحۡكُمَ ٱللَّهُ لِيۖ وَهُوَ خَيۡرُ ٱلۡحَٰكِمِينَ ﴾
[يُوسُف: 80]
﴿فلما استيأسوا منه خلصوا نجيا قال كبيرهم ألم تعلموا أن أباكم قد﴾ [يُوسُف: 80]
Ba Sein ၈ဝ။ ညီနောင်တို့သည် တမန်တော်ယူစွတ်(ဖ်)အား တောင်းပန်၍မရ စိတ်ပျက်လာကြသောအခါ သူတို့အချင်းချင်း တိုင်ပင်ကြ၏။ သူတို့အနက် အစ်ကိုအကြီးဆုံးက သင်တို့၏ဖခင်သည် သင်တို့အား အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို တိုင်တည်ပြီး ကတိသစ္စာပြုခိုင်း၍ သင်တို့ပဋိညာဉ်ပေးခဲ့ခြင်းကိုသော်လည်းကောင်း၊ အထက်က ယူစွတ်(ဖ်)၏ ကိစ္စတွင်လည်း သင်တို့ကတိဖျက်ခြင်းကိုသော်လည်းကောင်း၊ သင်တို့မသိဘူးလား။ ထို့ကြောင့် ခမည်းတော်၏ အခွင့်ပေးသည့်တိုင်အောင်သော်လည်းကောင်း၊ ငါသည် ဤတိုင်းပြည်မှ ထွက်ခွာသွားမည် မဟုတ်။ အလ္လာဟ်အရှင်မြတ်သည် တရားသူကြီးအပေါင်းတို့တွင် အထက်မြက်အမှန်ကန်ဆုံးဖြစ်တော်မူ၏ဟု ဆို၏။ |
Ghazi Mohammad Hashim (သို့ဖြစ်ပေရာ ထိုနောင်တော်များသည် ယင်းယူဆွဖ်ထံမှ မျှော်လင့်ချက်ကင်းမဲ့ခဲ့ကြသောအခါဝယ် ၎င်း၏ထံမှ) ဆုတ်ခွာခဲ့ကြကာ လျှို့ဝှက်တိုင်ပင်ကြပြန်သည်။ (ထိုအခါ) ၎င်းတို့အနက်မှ အကြီးဆုံးဖြစ်သူက (ဤသို့)ပြောဆိုခဲ့လေ၏။ (အို-ငါ့ညီတော်များ) အသင်တို့သည် အသင်တို့ဖခင်က အသင်တို့ထံမှ (ယင်းညီတော်နှင့်ပတ်သက်၍) အလ္လာဟ်အရှင်မြတ်အား တိုင်တည်စေပြီး (အခိုင်အမာ) ကတိဝန်ခံချက်ယူခဲ့သည်ကိုလည်းကောင်း၊ အသင်တို့သည် ယခင်ကယူဆွဖ်နှင့်ပတ်သက်၍ (ကတိ)ပျက်ကွက် လစ်ဟင်းခဲ့ ကြသည်ကိုလည်းကောင်း၊ မသိခဲ့ကြပါသလော။ သို့ဖြစ်ပေရာ ငါ၏ဖခင်သည် ငါ့အား ခွင့်မပြုသမျှသော်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည် ငါ၏အဖို့ စီရင်ဆုံးဖြတ်တော်မူခြင်း မပြုတော်မူသမျှသော်လည်းကောင်း၊ ငါသည် ဤ(အီဂျစ်)တိုင်းပြည်မှအလျှင်း စွန့်ခွာမည်မဟုတ်ပေ။ စင်စစ်သော်ကား ထိုအလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံး စီရင်ဆုံးဖြတ်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်တကား။ |
Hashim Tin Myint ထို့နောက် သူတို့သည် ၎င်း(ယူစွဖ်)ထံမှ မျှော်လင့်ချက် ကင်းမဲ့သွားသောအခါ သီးသန့်ထိုင်ပြီး လျှို့ဝှက်တိုင်ပင်ကြသည်။ သူတို့ထဲမှ အကြီးဆုံးက ပြောဆိုသည်- အသင်တို့သည် အသင်တို့၏ဖခင်က အသင်တို့ထံမှ အလ္လာဟ်အရှင်မြတ်အား တိုင်တည်စေပြီး ကတိယူခဲ့သည့်အပြင် အသင်တို့သည် ယခင်က ယူစွဖ်နှင့်ပတ်သက်၍ လစ်ဟင်းပျက်ကွက်ခဲ့ကြသည်ကိုလည်း မသိခဲ့ကြသလော။ သို့ဖြစ်ရာ ငါ၏ဖခင်သည် င့ါကို ခွင့်မပြုသမျှ သို့မဟုတ် အလ္လာဟ်အရှင်မြတ်သည် ငါ့အတွက် စီရင်ဆုံးဖြတ်မှုမပြုသမျှ ငါသည် ဤ(အီဂျစ်)တိုင်းပြည်မှ လုံးဝ စွန့်ခွာမည် မဟုတ်ပေ။ ထို့ပြင် အရှင်မြတ်သည် အကောင်းဆုံး စီရင်ဆုံးဖြတ်တော်မူသောအရှင် ဖြစ်တော်မူသည်။ |