Quran with Burmese translation - Surah Yusuf ayat 8 - يُوسُف - Page - Juz 12
﴿إِذۡ قَالُواْ لَيُوسُفُ وَأَخُوهُ أَحَبُّ إِلَىٰٓ أَبِينَا مِنَّا وَنَحۡنُ عُصۡبَةٌ إِنَّ أَبَانَا لَفِي ضَلَٰلٖ مُّبِينٍ ﴾
[يُوسُف: 8]
﴿إذ قالوا ليوسف وأخوه أحب إلى أبينا منا ونحن عصبة إن أبانا﴾ [يُوسُف: 8]
Ba Sein ၈။ သူတို့သည် ဤသို့ပြောကြ၏။ ငါတို့သည် များပြားသော်လည်း ငါတို့၏ ခမည်းတော်သည် ငါတို့ထက် ယူစွတ်(ဖ်) နှင့် ၎င်း၏ ညီကို အမှန်ပင် သာလွန်ချစ်ခင်၏။ ခမည်းတော်သည် မုချဧကန်လမ်းမှားနေ၏။ |
Ghazi Mohammad Hashim တစ်ရံရောအခါ ထိုနောင်တော်များက ငါတို့သည် (အားအင်တောင့်တင်းသော) အုပ်စုကြီးတစ်ခုဖြစ်ပါလျက်ယူဆွဖ်နှင့် ၎င်း၏ညီသည် ငါတို့၏ဖခင်ကြီးထံ၌ ငါတို့ထက်ပင်ပိုမို၍ ချစ်ခင်ယုယခြင်း ခံနေကြရသည်။ ဧကန်မုချ ငါတို့၏ခမည်းတော်သည် ထင်ရှားစွာသော အထင်အရှား လွဲမှားနေချေပြီဟု အချင်းချင်း ပြောဆိုကြလေသည်။ |
Hashim Tin Myint တစ်ခါက ထိုနောင်တော်များက ငါတို့သည် (အင်အားတောင့်တင်းသော) အုပ်စုကြီးတစ်ခုဖြစ်ပါလျက်နှင့် ယူစွဖ်နှင့် ၎င်း၏ညီသည် ငါတို့၏ဖခင်ကြီးထံ၌ ငါတို့ထက်ပင် ပိုပြီးချစ်ခင်မှုကို ခံနေကြရသည်။* အမှန်စင်စစ် ငါတို့၏ဖခင်ကြီးသည် ထင်ရှားသောလမ်းမှားထဲ၌ ရောက်နေပြီဖြစ်သည်ဟု* (အချင်းချင်း)ပြောဆိုကြသည်။ |