Quran with Burmese translation - Surah Ar-Ra‘d ayat 12 - الرَّعد - Page - Juz 13
﴿هُوَ ٱلَّذِي يُرِيكُمُ ٱلۡبَرۡقَ خَوۡفٗا وَطَمَعٗا وَيُنشِئُ ٱلسَّحَابَ ٱلثِّقَالَ ﴾
[الرَّعد: 12]
﴿هو الذي يريكم البرق خوفا وطمعا وينشئ السحاب الثقال﴾ [الرَّعد: 12]
Ba Sein ၁၂။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား လျှပ်စစ်နွယ်ကို ပြတော်မူ၏။ ထိုလျှပ်စစ်နွယ်တို့သည် ထိတ်လန့်ဖွယ်ရာ လည်းဖြစ်၏။ ဝမ်းသာဖွယ်ရာလည်းဖြစ်၏။ အရှင်မြတ်သည် လေးလံသောတိမ်ပုပ်တိမ်ခဲများကို ဖန်ဆင်းတော် မူ၏။ |
Ghazi Mohammad Hashim ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား လျှပ်စစ်ပြက်ခြင်းကို ကြောက်မက်ဖွယ်ရာအဖြစ် လည်းကောင်း၊မျှော်လင့်ဖွယ်ရာအဖြစ်လည်းကောင်း ပြတော်မူသောအရှင်ဖြစ်တော်မူသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင်လျှင် လေးလံစွာသောမိုးတိမ်များကို ဖန်ဆင်း (မြှင့်)မြှောက်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint အရှင်မြတ်ပင် အသင်တို့အား လျှပ်စီးလက်ခြင်းကို ကြောက်စရာနှင့် မျှော်လင့်စရာအဖြစ် ပြသတော်မူသောအရှင် ဖြစ်တော်မူသည်။* ထို့ပြင် အရှင်မြတ်ပင် လေးလံသောမိုးတိမ်များကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူသည်။ |