×

(အို၊ ရစူလ်တမန်တော်သူတို့အား) မိုးကောင်းကင်များ ကမ္ဘာဂြိုလ်ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်သည် အဘယ်အရှင်နည်း။ ဟု မေးမြန်းလော့ အလ္လာဟ်အရှင်မြတ်သာ ဖြစ် ကြောင်း 13:16 Burmese translation

Quran infoBurmeseSurah Ar-Ra‘d ⮕ (13:16) ayat 16 in Burmese

13:16 Surah Ar-Ra‘d ayat 16 in Burmese (البورمية)

Quran with Burmese translation - Surah Ar-Ra‘d ayat 16 - الرَّعد - Page - Juz 13

﴿قُلۡ مَن رَّبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ قُلِ ٱللَّهُۚ قُلۡ أَفَٱتَّخَذۡتُم مِّن دُونِهِۦٓ أَوۡلِيَآءَ لَا يَمۡلِكُونَ لِأَنفُسِهِمۡ نَفۡعٗا وَلَا ضَرّٗاۚ قُلۡ هَلۡ يَسۡتَوِي ٱلۡأَعۡمَىٰ وَٱلۡبَصِيرُ أَمۡ هَلۡ تَسۡتَوِي ٱلظُّلُمَٰتُ وَٱلنُّورُۗ أَمۡ جَعَلُواْ لِلَّهِ شُرَكَآءَ خَلَقُواْ كَخَلۡقِهِۦ فَتَشَٰبَهَ ٱلۡخَلۡقُ عَلَيۡهِمۡۚ قُلِ ٱللَّهُ خَٰلِقُ كُلِّ شَيۡءٖ وَهُوَ ٱلۡوَٰحِدُ ٱلۡقَهَّٰرُ ﴾
[الرَّعد: 16]

(အို၊ ရစူလ်တမန်တော်သူတို့အား) မိုးကောင်းကင်များ ကမ္ဘာဂြိုလ်ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်သည် အဘယ်အရှင်နည်း။ ဟု မေးမြန်းလော့ အလ္လာဟ်အရှင်မြတ်သာ ဖြစ် ကြောင်း ဟောလော့။ သို့ပါလျက် အသင်တို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ် စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့် စိတ်ဆန္ဒများကို အရှင့်စည်း မျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များအတွက် ယင်း တို့ကိုယ်တိုင်က မည်သည့် ကောင်းကျိုးနှင့်ဆိုးကျိုးကိုမျှ တိုးပွားနိုင်စွမ်း သို့မဟုတ် ဆုတ်ယုတ်နိုင်စွမ်း မရှိသော သက်ရှိသက်မဲ့ တို့ကို့ အလ္လာဟ်အရှင်မြတ်မှလွဲ၍ သင်တို့၏ကာကွယ်စောင့်ရှောက်သူများအဖြစ် မှတ်ယူကာ ယုံကြည်ကိုးကွယ် ကြမည်လော။” ဟု မေးမြန်းလော့။ “မျက်မမြင်နှင့်မြင်နိုင်သူသည် ထပ်တူထပ်မျှ တူညီနိုင် မည်လော။ သို့မဟုတ် အမှောင်ထုနှင့်အလင်းရောင်သည် ထပ်တူထပ်မျှ တူနိုင်မည်လော။ သို့တည်းမဟုတ် သူတို့သည် အလ္လာဟ်အရှင်မြတ်အတွက် တွဲဖော်တွဲဖက်များကို သတ်မှတ်ဖန်တီးကြပြီး ထိုအရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူ သမျှအား ယင်းတွဲဖော်တွဲဖက်များကပင် အရှင့်ကိုယ်စား ဖွဲ့စည်းဖြစ်တည်စေသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ကြံဝါဒဖြန့်၍ ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်နှင့်ထိုလုပ်ကြံဖန်တီးထားသော ကိုးကွယ်များကို လူတို့က ခွဲခွဲခြားခြား မသိနိုင်အောင် ဆင်တူရိုးမှား ဖန်တီးနေကြသလော။” ဟု မေး မြန်းလော့။ အလ္လာဟ်အရှင်မြတ်သည်သာလျှင် အရာခပ်သိမ်းကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပျိုးထောင်ဖွံ့ ဖြိုးစေတော်မူသောအရှင် ဖြစ်တော်မူကြောင့်နှင့်ထိုအရှင်မြတ်သည်သာ တစ်ဆူတည်း တည်ရှိမြဲတည်ရှိနေတော်မူပြီး အရာခပ်သိမ်းအပေါ် နိုင်နင်းလွှမ်းမိုးတော်မူသော အနှိုင်းမဲ့အရှင်၊ ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: قل من رب السموات والأرض قل الله قل أفاتخذتم من دونه أولياء, باللغة البورمية

﴿قل من رب السموات والأرض قل الله قل أفاتخذتم من دونه أولياء﴾ [الرَّعد: 16]

Ba Sein
၁၆။ မိုဟမ္မဒ်ပြောလော့။ မိုဃ်းကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ အရှင်သခင်သည် မည်သူနည်း။ တဖန်ပြောလော့။ အလ္လာဟ်အရှင်မြတ်တဖန်ပြောလော့။ ယင်းသို့ဖြစ်ပါလျက် သင်တို့သည် အရှင်မြတ်မှတပါး အခြားသူတို့ကို အစောင့်အရှောက်အဖြစ်ဖြင့် ယူကြသလော။ ထိုသူတို့သည် သူတို့ကိုယ်ကို သူတို့အကျိုးမပြုနိုင်ချေ။ အပြစ်လည်း မပြုနိုင်ချေ။ တဖန်ပြောလော့။ ဟယ်-အချင်းတို့၊ မျက်စိမမြင်သူနှင့် မျက်စိမြင်သူသည် တူသလော။ သို့မဟုတ် အမိုက်မှောင်နှင့်အလင်းရောင်သည် ထပ်တူထပ်မျှဖြစ်သလော။ သို့မဟုတ် သူတို့သည် အရှင်မြတ်အား တွဲဖက်သူ များပေးကြသလော။ ထိုဘုရားတုများသည် အရှင်မြတ်ကဲ့သို့ ဖန်ဆင်းတော်မူသောအရာများနှင့်တူသည်ဟု မိစ္ဆာမိုက်တို့မှတ်သားကြလော့။ တမန်တော်ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်းကုန်သောအရာ ဝထ္ထုအားလုံးတို့ကို ဖန်ဆင်းတော်မူထသောအရှင်သာတည်း။ တဆူတည်းသောအရှင်သာတည်း။ အနန္တတန်ခိုး တော်ရှင်သာတည်း။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောဆို(မေးမြန်း)ပါလေ။ (ဟယ်-အချင်းတို့) မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊ဖန်ဆင်းတော်မူသော အရှင်မြတ်သည် အဘယ်အရှင်နည်း။အသင်သည်ပင်လျှင် (ဤသို့) ပြောဆိုဖြေကြားပါလေ။အလ္လာဟ်အရှင်မြတ်ပင် အသင်သည်(၎င်းတို့အား ဤသည်ကိုလည်း) ပြောဆိုမေးမြန်းပါဦးလေ။ (ဟယ်-အချင်းတို့)၊ သို့ပါလျက် အသင်တို့သည် ထိုအရှင်မြတ်အား စွန့်၍ မိမိတို့ကိုယ်နှင့်ပတ်သက်၍ပင် အကျိုးကျေးဇူးဖြစ် ထွန်းစေခြင်းကိုလည်းကောင်း၊ အကျိုးယုတ်စေခြင်းကိုလည်းကောင်း၊ အစိုးမရသောအရာများကိုပင် အရာရာကို စီမံခန့်ခွဲ၍ပေးသူများ ပြုလုပ်ခဲ့ကြလေပြီလော။ အသင်သည်(၎င်းတို့အား ဤသည်တို့ကိုလည်း)ပြောဆိုမေးမြန်းပါဦးလေ။ (ဟယ်-အချင်းတို့)စက္ခုအလင်းမရသောသူနှင့်စက္ခုအလင်းရသူသည် တူနိုင်ပါမည်လော။ သို့တည်းမဟုတ် အမှောင်နှင့်အလင်းရောင်သည် တူနိုင်ပါမည်လော။သို့တည်းမဟုတ် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၌ အကြင်တွဲဖက်များကို ပြုလုပ်၍ထားခဲ့ကြသလော။ ထိုတွဲဖက်တို့သည်ထိုအရှင်မြတ်ဖန်ဆင်းတော်မူဘိသကဲ့သို့ပင် ဖန်ဆင်းခဲ့ကြသည်ဖြစ်သလော။ သို့ဖြစ်ပေရာ ဖန်ဆင်းသောအရာသည် ၎င်းတို့အပေါ်၌ ဆင်တူယိုးမှားဖြစ်ခဲ့သည် ဖြစ်သလော။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောဆိုဖြေကြားပါလေ။ (ဟယ်-အချင်းတို့) အလ္လာဟ်အရှင်မြတ်သည်သာလျှင်အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည်လျှင် တစ်ဆူတည်းသောအရှင်၊ နှိမ်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ရှင်း‌တော်မူ‌သောအရှင်သည် မည်သူနည်း။ အသင်ကပင်‌ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်ပင်ဖြစ်သည်။ အသင်သည်(ဆက်)‌ပြောလိုက်ပါ- သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်အားစွန့်ပြီး သူတို့ကိုယ်သူတို့ပင် ‌ကောင်းကျိုးဆိုးကျိုး‌ပေးရန် မပိုင်ဆိုင်‌သောအရာများအား အရာရာကို စီမံခန့်ခွဲ‌ပေး‌သောသူများ*အဖြစ် ပြုလုပ်ခဲ့ကြသ‌လော။ အသင်‌ပြောလိုက်ပါ- မျက်စိကန်းသူနှင့် မျက်စိမြင်သူသည် တူပါမည်‌လော။* သို့မဟုတ် အ‌မှောင်များနှင့် အလင်းသည် တူပါမည်‌လော။ သို့မဟုတ် သူတို့သည် အလ္လာဟ်အရှင်မြတ်နဲ့ အကြင်တွဲဖက်များကို ပြုလုပ်ထားခဲ့ကြသည်‌လော။ ထိုတွဲဖက်များသည် အရှင်မြတ် ဖန်ဆင်း‌တော်မူသကဲ့သို့ ဖန်ဆင်းခဲ့ကြသ‌လော။ သို့ဖြစ်ရာ ဖန်ဆင်းခံရ‌သောအရာများသည် သူတို့အ‌ပေါ်တွင် ဆင်တူယိုုးမှား ဖြစ်ခဲ့ကြပြီ‌လော။* အသင်‌ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်ပင် အရာအားလုံးကို ဖန်ဆင်း‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ပင် တစ်ပါးတည်းတည်ရှိ‌တော်မူ‌သောအရှင်၊ အဖန်ဆင်းခံအားလုံးအ‌ပေါ်တွင် လွှမ်းမိုးထား‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek