×

ထိုအရှင်မြတ်သည် ကောင်းကင်ယံမှ မိုးရေကို သွန်းချပေးတော်မူရာ ပင်လယ်မြစ်ချောင်း အင်းအိုင်များ မြစ်ဝှမ်းများနှင့်တောင်ကြားများမှတစ်ဆင့် ယင်းတို့၌ဝင်ဆံနိုင် သည့်နေရာအချိုး အဆနှင့်အညီ စီးဆင်းရသောကြောင့် ထိုရေကို 13:17 Burmese translation

Quran infoBurmeseSurah Ar-Ra‘d ⮕ (13:17) ayat 17 in Burmese

13:17 Surah Ar-Ra‘d ayat 17 in Burmese (البورمية)

Quran with Burmese translation - Surah Ar-Ra‘d ayat 17 - الرَّعد - Page - Juz 13

﴿أَنزَلَ مِنَ ٱلسَّمَآءِ مَآءٗ فَسَالَتۡ أَوۡدِيَةُۢ بِقَدَرِهَا فَٱحۡتَمَلَ ٱلسَّيۡلُ زَبَدٗا رَّابِيٗاۖ وَمِمَّا يُوقِدُونَ عَلَيۡهِ فِي ٱلنَّارِ ٱبۡتِغَآءَ حِلۡيَةٍ أَوۡ مَتَٰعٖ زَبَدٞ مِّثۡلُهُۥۚ كَذَٰلِكَ يَضۡرِبُ ٱللَّهُ ٱلۡحَقَّ وَٱلۡبَٰطِلَۚ فَأَمَّا ٱلزَّبَدُ فَيَذۡهَبُ جُفَآءٗۖ وَأَمَّا مَا يَنفَعُ ٱلنَّاسَ فَيَمۡكُثُ فِي ٱلۡأَرۡضِۚ كَذَٰلِكَ يَضۡرِبُ ٱللَّهُ ٱلۡأَمۡثَالَ ﴾
[الرَّعد: 17]

ထိုအရှင်မြတ်သည် ကောင်းကင်ယံမှ မိုးရေကို သွန်းချပေးတော်မူရာ ပင်လယ်မြစ်ချောင်း အင်းအိုင်များ မြစ်ဝှမ်းများနှင့်တောင်ကြားများမှတစ်ဆင့် ယင်းတို့၌ဝင်ဆံနိုင် သည့်နေရာအချိုး အဆနှင့်အညီ စီးဆင်းရသောကြောင့် ထိုရေကို ရေမြှုပ်ထစေလျှက် ရေအဟုန်ပြင်းစွာဖြင့် သယ်ဆောင်စေတော်မူ၏။ ထို့ပြင် လက်ဝတ်လက် စား အဆင်တန်ဆာများ သို့မဟုတ် လောကီအကျိုးခံစားခွင့်ဆိုင်ရာ အသုံးအဆောင်များ ပြုလုပ်နိုင်ရန်အလို့ငှာ ရွှေငွေသံသတ္တုကြေး အစရှိသော ကုန်ကြမ်းများကို မီးထဲ၌ ထည့်၍အပူပေးသောအခါလည်း ယင်းတို့ပေါ်တွင် အလားတူ အမြှုပ်ထစေတော်မူ၏။ ထိုသို့ပင် အလ္လာဟ်အရှင်မြတ်သည် အမှန်တရားသစ္စာနှင့်လမ်းမှားတို့ကို ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှား မြင်နိုင်ရန် ဥပမာ၊ ဥပမေယျများဖြင့် အသေးစိတ် ထုတ်ဖော်တင်ပြ တော်မူ၏။ သို့ဖြစ်ပေရာ အမြှုပ်များ ပျောက်ကွယ်၍ မှော်၊ ချော်၊ အညစ်အကြေးများကို ဖယ်ရှားလိုက်သောအခါ လူသားတို့အတွက် အကျိုးရှိပြီးအသုံးဝင်သော အရာများသာ မြေကမ္ဘာ၌ ကျန်ရစ်လေ၏။ ထိုနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် လူသားတို့နားလည်နိုင်သော ဥပမာခိုင်းနှိုင်းချက်များဖြင့် အသေးစိတ်ထုတ်ဖော်တင် ပြတော်မူ၏။

❮ Previous Next ❯

ترجمة: أنـزل من السماء ماء فسالت أودية بقدرها فاحتمل السيل زبدا رابيا ومما, باللغة البورمية

﴿أنـزل من السماء ماء فسالت أودية بقدرها فاحتمل السيل زبدا رابيا ومما﴾ [الرَّعد: 17]

Ba Sein
၁၇။ အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်ဘုံမှ မိုဃ်းကို ရွာသွန်းစေတော်မူ၏။ ထိုမိုဃ်းရေဖြင့် ဖြစ်သောမြစ်ချောင်း တို့သည်ကား ကြီးစဉ်ငယ်လိုက်အယဉ်အထွေထွေစီးဆင်းလျက်ရှိကြ၏။ ၎င်းတို့မှ စီးဆင်းသောရေသည် ရေမြှုပ် များကို ရေပြင်ပေါ်၌ တင်ဆောင်၏။ ထို့အပြင် လူတို့ဝတ်ဆင်ရန် တန်ဆာအမျိုးမျိုးနှင့်တကွ အိမ်ထောင် ပရိဘောဂတို့ကို ပြုလုပ်အ့ံသောငှာ ရွှေ၊ ငွေ၊ ကြေး၊ သံစသောသတ္တုများကို မီးချ၍ အရည်ကျိုသောအခါ၌လည်း အရည်အပေါ်မှာ အလားတူအမြှုပ်အချေးတက်လာကုန်၏။ အရှင်မြတ်သည် ဤနည်းအားဖြင့် အမှန်အမှား တရားများကို ဥပမာတင်၍ အထင်အရှားပြသတော်မူ၏။ သို့ရာတွင် အမြှုပ်အချေးစသည်တို့ကား အသုံးမဝင်။ တရွေ့ရွေ့ခန်းခြောက်သွား၏။ လူတို့၌ အသုံးဝင်သောအရာဝထ္ထုများမူကား မြေပေါ်၌ ကျန်ရစ်ခဲ့ကြ၏။ ဤဥပမာ ပုံစံများကို လူတို့စဉ်းစားဆင်ခြင်ဖို့ရာ အလ္လာဟ်အရှင်မြတ်သည် ဤသို့စီရင်တော်မူ၏။
Ghazi Mohammad Hashim
ထိုအရှင်မြတ်သည် မိုးကောင်းကင်မှာ(မိုး)ရေကိုရွာသွန်းစေတော်မူခဲ့၏။ သို့ဖြစ်ပေရာ ချောင်း၊ လျိုး၊ ရိုးများသည် မိမိတို့၏အဝင်အဆံ့နှင့်လျှော်ညီစွာ စီးတွေ၍လာခဲ့ကြလေသည်။ တစ်ဖန် ပြင်းစွာစီးသော ထိုရေစီးသည် တက်၍နေသောရေမြှုပ်ကို အထက်သို့ ချီဆောင်၍လာခဲ့လေသည်။ ထိုနည်းတူ စွာ လူတို့သည် လက်ဝတ်လက်စားသော်လည်းကောင်း၊(အခြား) အသုံးအဆောင် ကိရိယာပစ္စည်းသော်လည်း ကောင်း၊ပြုလုပ်အံ့သောငှာ(ဖိုထဲ၌)မီးချကြကုန် သောဓာတ်သတ္တုများတွင်လည်း ယင်းကဲ့သို့ပင် အမြှုပ်အချေးသည် ရှိပေသည်။အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် အမှန်နှင့်အမှားကို ပုံခိုင်းတော်မူလေသည်။ သို့ဖြစ်ပေရာ အညစ်အကြေးသည်အသုံးမကျ သောအရာအဖြစ် အချည်းနှီးဖြစ်သွားလေတော့သည်။ သို့ရာတွင် လူတို့အဖို့ အသုံးဝင်သောအရာမှာမူကားကမ္ဘာမြေဝယ်ကျန်ရှိ၍နေလေသည်။ အလ္လာဟ်အရှင်မြတ်သည်ဤနည်းအတိုင်းပင် ဥပမာ ပုံဆောင် ချက်များကို ခိုင်းနှိုင်းတော်မူချေသတည်း။
Hashim Tin Myint
အရှင်မြတ်သည် မိုး‌ကောင်းကင်မှ ‌ရေကို ရွာသွန်း‌စေ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ‌ချောင်း‌မြောင်းများသည် သူတို့ထဲ၌ ‌ရေဝင်ဆန့်သည်ခန့်နှင့် စီး‌တွေလာခဲ့ကြသည်။ ၎င်း‌နောက် ပြင်းထန်‌သော ‌ရေစီး‌ကြောင်းသည် အ‌ပေါ်တက်‌နေ‌သော‌ရေမြှပ်ကို သယ်‌ဆောင်လာခဲ့သည်။ ထို့ပြင် လူများသည် လက်ဝတ်လက်စား သို့မဟုတ် အသုံးအ‌ဆောင်ပစ္စည်းပြုလုပ်ရန် မီးအပူ‌ပေးပြီး (အရည်‌ပျော်‌အောင်လုပ်ထား‌သော ‌ရွှေ၊ ‌ငွေ သတ္တုရည်ကဲ့သို့)အရာများတွင်လည်း ထိုကဲ့သို့ ‌ချေးအမြှပ်ရှိသည်။ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပင် အမှန်နှင့်အမှားကို ပုံပမာ ‌ဆောင်ပြ‌တော်မူသည်။ ထို့‌နောက် ‌ချေးအမြှပ် အညစ်အ‌ကြေးသည် အသုံးမကျ‌သောအရာအဖြစ် အကျိုးမဲ့ဖြစ်သွားသည်။ ၎င်း‌နောက် လူများအတွက် အသုံးဝင်‌သောအရာကမူ ကမာ္ဘ‌မြေ၌ ကျန်‌နေခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပင် ပမာများကို ခိုင်းနှိုင်း‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek