×

ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် အသင်တမန်တော်အား ယခင်လွန်လေပြီးသော လူမျိုးများ၏မျိုး ဆက်များမှ ပေါက်ဖွားလာသည့် လူ့အသိုင်းအဝိုင်း၌ပင် ကြီးပြင်းစေ၍ တမန်တော်အဖြစ် ရွေးချယ်ခန့်အပ်တော်မူလျှက် အသင့်ထံ 13:30 Burmese translation

Quran infoBurmeseSurah Ar-Ra‘d ⮕ (13:30) ayat 30 in Burmese

13:30 Surah Ar-Ra‘d ayat 30 in Burmese (البورمية)

Quran with Burmese translation - Surah Ar-Ra‘d ayat 30 - الرَّعد - Page - Juz 13

﴿كَذَٰلِكَ أَرۡسَلۡنَٰكَ فِيٓ أُمَّةٖ قَدۡ خَلَتۡ مِن قَبۡلِهَآ أُمَمٞ لِّتَتۡلُوَاْ عَلَيۡهِمُ ٱلَّذِيٓ أَوۡحَيۡنَآ إِلَيۡكَ وَهُمۡ يَكۡفُرُونَ بِٱلرَّحۡمَٰنِۚ قُلۡ هُوَ رَبِّي لَآ إِلَٰهَ إِلَّا هُوَ عَلَيۡهِ تَوَكَّلۡتُ وَإِلَيۡهِ مَتَابِ ﴾
[الرَّعد: 30]

ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် အသင်တမန်တော်အား ယခင်လွန်လေပြီးသော လူမျိုးများ၏မျိုး ဆက်များမှ ပေါက်ဖွားလာသည့် လူ့အသိုင်းအဝိုင်း၌ပင် ကြီးပြင်းစေ၍ တမန်တော်အဖြစ် ရွေးချယ်ခန့်အပ်တော်မူလျှက် အသင့်ထံ ဝဟီအမိန့်တော် ထုတ်ပြန်ပို့ချသမျှအား ​သူတို့ရှေ့ဝယ် ဖတ်ကြားဟောကြားစေရန်အလို့ငှာ သူတို့ထံသို့ စေလွှတ်မူသော်လည်း သူတို့သည် အရှင့်ကရုဏာတော်ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်နှင့်စပ်လျဉ်း၍ မယုံကြည်သွေဖည်ငြင်းဆန်နေကြ၏။ သူတို့အား ကျွန်ုပ်ယုံကြည်ကိုးကွယ်နေသော ထိုအရှင်မြတ် သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှအပ အခြား ပူဇော်ပသ ရှိခိုးကန်တော့ ဆည်းကပ်ကိုးကွယ်ထိုက်သော အရှင်ဟူ၍ အလျှင်း မရှိပေ။ ကျွန်ုပ်သည် ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်ကိုးစား၍ ယုံပုံအပ်နှံပြီး ထိုအရှင်မြတ်ထံသို့ပင် ပြန်လည်ရောက်ရှိရမည် ဖြစ်၏။” ဟု ဟောပြောလော့။

❮ Previous Next ❯

ترجمة: كذلك أرسلناك في أمة قد خلت من قبلها أمم لتتلو عليهم الذي, باللغة البورمية

﴿كذلك أرسلناك في أمة قد خلت من قبلها أمم لتتلو عليهم الذي﴾ [الرَّعد: 30]

Ba Sein
၃ဝ။ တမန်တော်၊ မိုဟမ္မဒ်၊ ငါအရှင်မြတ်သည် သင့်အား လူမျိုးတစ်မျိုးထံသို့ စေလွှတ်တော်မူခဲ့၏။ ထိုလူမျိုးတို့ မပေါ်ပေါက်မီ အခြားလူမျိုးတို့သည် ပျောက်ကွယ်သွားချေပြီ။ သင့်ကို စေလွှတ်တော်မူခြင်းကြောင်ရင်းကား ငါအရှင်မြတ်သည် သင်၏ စိတ်နှလုံးတွင် သင်ပေးတော်မူသောကုရ်အာန်ကျမ်းတော်ကို သင်သည် မဟာဂရုဏာ တော်ရှင် အလ္လာဟ်အရှင်မြတ်ကို မယုံကြည်သူဘဝတွင် ရှိသူများအား ရွတ်ဖတ်ပြဖို့ရာဖြစ်၏။ တမန်တော် ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်သည် အကျွနု်ပ်၏ အရှင်သခင်ဖြစ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ။ အကျွနု်ပ်သည် အရှင်မြတ်ကိုသာလျှင် ယုံကြည်ကိုးစား၏။ ချဉ်းကပ်၏။
Ghazi Mohammad Hashim
ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် အသင့်အား အကြင်လူမျိုးတစ်မျိုးထံသို့ ငါအရှင်မြတ် အသင့်ထံပို့တော်မူသော ကျမ်းဂန်ဒေသနာတော်ကို ၎င်းတို့ရှေ့ဝယ် ဖတ်ကြားအံ့သောငှာ စေလွှတ်တော်မူခဲ့၏။ ထိုလူမျိုးအလျင်ကလည်း လူမျိုးအသီးသီးတို့သည် လွန်လေပြီးဖြစ်ကုန်၏။ သို့ရာတွင် ဤလူမျိုးများကား ရဟ်မာန် (အနန္တကရုဏာတော်ရှင်)အား သွေဖည် ငြင်းပယ်လျက်ပင်ရှိကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောကြားပါလေ။(အချင်းတို့) ထိုအရှင်မြတ်သည်သာလျှင် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတပါးခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပေ။ ထိုအရှင်မြတ်အပေါ်၌သာလျှင် ငါသည်လုံးဝ အားကိုးအားထား ယုံပုံလွဲအပ်ခဲ့လေပြီ။ ထိုမှတစ်ပါး ထိုအရှင်မြတ်ထံသို့ပင် ငါသည် ပြန်လည်၍သွားရမည် ဖြစ်သတည်း။
Hashim Tin Myint
ဤသို့ပင် ငါအရှင်မြတ်သည် အသင်(တမန်‌တော်)အား အကြင်လူမျိုးတစ်မျိုးထံသို့ ငါအရှင်မြတ်အ‌နေနှင့် အသင့်ထံ ပို့ချ‌တော်မူ‌သောကျမ်းဂန်ကို သူတို့‌ရှေ့၌ ဖတ်ကြားရန်အတွက် ‌စေလွှတ်‌တော်မူခဲ့သည်။* ထိုလူမျိုး၏မတိုင်မီ၌လည်း (ထိုသို့‌သော)လူမျိုးများသည် အနန္တကရုဏာ‌တော်ရှင်အား* ငြင်းပယ်‌နေကြလျက် ကုန်လွန်ခဲ့ကြပြီးဖြစ်သည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အရှင်မြတ်ပင် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်‌သောအရှင်မရှိ‌ပေ။ အရှင်မြတ်အ‌ပေါ်၌သာ ငါသည် ယုံပုံလွှဲအပ်ခဲ့ပြီဖြစ်သည်။ ထို့ပြင် အရှင်မြတ်ထံ‌တော်သို့ပင် ငါသည် ပြန်သွားရမည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek