Quran with Burmese translation - Surah Ar-Ra‘d ayat 29 - الرَّعد - Page - Juz 13
﴿ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ طُوبَىٰ لَهُمۡ وَحُسۡنُ مَـَٔابٖ ﴾
[الرَّعد: 29]
﴿الذين آمنوا وعملوا الصالحات طوبى لهم وحسن مآب﴾ [الرَّعد: 29]
Ba Sein ၂၉။ အကြင်သူတို့သည် ယုံကြည်လျက် မှန်ကန်မှုကို ပြုကျင့်ကြအ့ံ။ ထိုသူတို့အတွက် ပျော်ရွှင်မှုရှိ၏။ သူတို့၏ ဘဝခရီးအဆုံးသည် ချမ်းသာသုခဖြစ်၏။ |
Ghazi Mohammad Hashim အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြ ကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်းမြတ်သောအကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်၏။ ထိုသူတို့အဖို့ စိတ္တသုခ ကောင်းကြီးမင်္ဂလာသည်လည်းကောင်း၊ ထိုသူတို့အဖို့(ဤပစ္စက္ခဘဝ၌) ကောင်းသော အခြေအနေသည်လည်းကောင်း၊ကောင်းမြတ်သော (အကျိုးဆက်)ပြန်လည်ရာဌာနသည် လည်းကောင်း၊ ရှိချေသတည်း။ |
Hashim Tin Myint အကြင်သူများသည် အီမာန်ယုံကြည်ခဲ့ကြသည်။ ၎င်းနောက် သူတို့သည် ကောင်းမြတ်သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ ထိုသူများအတွက် ပျော်ရွှင်ဖွယ်ရာ အခြေအနေနှင့် ကောင်းမြတ်သော ပြန်လှည့်ရာဌာနရှိသည်။ |