×

ယခင်က ငါအရှင်မြတ်က တရားဒေသနာတော် ကျမ်းစာများ ပေးအပ်တော်မူခဲ့သော သူတို့သည် အသင် တမန်တော်ထံ ချမှတ်ပေးအပ်ခြင်းခံရသောအရာ ကျမ်းတော်မြတ်ကုရ်အာန်အား သူတို့ မျှော်လင့်တောင့်တနေ 13:36 Burmese translation

Quran infoBurmeseSurah Ar-Ra‘d ⮕ (13:36) ayat 36 in Burmese

13:36 Surah Ar-Ra‘d ayat 36 in Burmese (البورمية)

Quran with Burmese translation - Surah Ar-Ra‘d ayat 36 - الرَّعد - Page - Juz 13

﴿وَٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ يَفۡرَحُونَ بِمَآ أُنزِلَ إِلَيۡكَۖ وَمِنَ ٱلۡأَحۡزَابِ مَن يُنكِرُ بَعۡضَهُۥۚ قُلۡ إِنَّمَآ أُمِرۡتُ أَنۡ أَعۡبُدَ ٱللَّهَ وَلَآ أُشۡرِكَ بِهِۦٓۚ إِلَيۡهِ أَدۡعُواْ وَإِلَيۡهِ مَـَٔابِ ﴾
[الرَّعد: 36]

ယခင်က ငါအရှင်မြတ်က တရားဒေသနာတော် ကျမ်းစာများ ပေးအပ်တော်မူခဲ့သော သူတို့သည် အသင် တမန်တော်ထံ ချမှတ်ပေးအပ်ခြင်းခံရသောအရာ ကျမ်းတော်မြတ်ကုရ်အာန်အား သူတို့ မျှော်လင့်တောင့်တနေ သောကျမ်းတော်အဖြစ် ယုံကြည်ကြရုံသာမက လွန်လေပြီးသော တမန်တော်များ၏အကြောင်းလည်း ယင်း၌ ပါဝင်နေသောကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်၏။ သို့ရာတွင် ထိုအုပ်စုများအနက်မှ အချို့သည် ကျမ်း တော်၏အချို့အစိတ်အပိုင်းများကို ငြင်းပယ်နေကြ၏။ (အို၊ ရစူလ်တမန်တော်၊ သူတိုအား) ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ရန်နှင့်မည်သည့် တစ် စုံတစ်ရာကိုမျှ ထိုအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ခြင်း မပြုရန်သာလျှင် အမိန့်ပေးတော်မူခြင်းခံရ၏။ ကျွန်ုပ်သည် ထိုအရှင်မြတ်ဘက်သို့သာလျှင် (လူသား တို့အား) ဖိတ်ခေါ်နေပြီး ထိုအရှင်မြတ်ထံတော်သို့သာ ကျွန်ုပ်၏ပြန်လည်ရာဋ္ဌာန ပန်းတိုင်အဖြစ် သတ်မှတ်တော်မူခြင်း ဖြစ်၏။

❮ Previous Next ❯

ترجمة: والذين آتيناهم الكتاب يفرحون بما أنـزل إليك ومن الأحزاب من ينكر بعضه, باللغة البورمية

﴿والذين آتيناهم الكتاب يفرحون بما أنـزل إليك ومن الأحزاب من ينكر بعضه﴾ [الرَّعد: 36]

Ba Sein
၃၆။ အကြင်သူတို့အား အထက်ကျော်ကာရီက ငါအရှင်မြတ်ကျမ်းတော်ချပေးတော်မူ၏။ ထိုသူတို့သည် သင့်အား ချပေးသနားတော်မူသောကုရ်အာန်ကျမ်းတော်၌ ရွှင်လန်းဝမ်းမြောက်ကြ၏။ ထိုလူမျိုးစုများအနက် အချို့သော သူတို့သည် ကုရ်အာန်ကျမ်းတော်မြတ်၏ အချို့သောအစိတ်အပိုင်းကို ဖယ်ရှားကြ၏။ အို-တမန်တော်၊ ဟောကြား လော့။ အရှင်မြတ်အား ဖက်စပ်သူမပေးလင့်ဟုသာ ငါ့အား ဗျာဒိတ်ပေးတော်မူ၏။ အရှင်မြတ်၌ ငါသည် ဆု တောင်း၏။ အရှင်မြတ်သို့ ငါပြန်ရမည်။
Ghazi Mohammad Hashim
အမှန်သော်ကား ငါအရှင်မြတ်က ဒေသနာတော်ကျမ်းမြတ်ကို ချီးမြှင့်ပေးသနားတော်မူသော သူတို့သည်အသင့်ထံသို့ ကျရောက်လာသော ကျမ်းမြတ်ဒေသနာတော်ကြောင့် ရွှင်မြူးလျက်ရှိကြကုန်၏။ သို့ရာတွင် ယင်းအုပ်စုထဲ၌ပင် ယင်းကျမ်းမြတ်ဒေသနာတော်၏ အချို့အစိတ်အပိုင်းကိုငြင်းပယ်သောသူများလည်း ရှိကုန်၏။(သို့ဖြစ်ပေရာ) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့၊ အမှန်စင်စစ် မှာမူကား)ငါသည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ရန်နှင့်မည်သည့် တစ်စုံတစ်ရာကိုမျှ ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ခြင်း မပြုရန်လည်းကောင်း အမိန့်ပေးတော်မူခြင်းကိုသာ ခံခဲ့ရလေသည်။ ငါသည် ထိုအရှင်မြတ်ဘက်သို့သာလျှင်(အသင်တို့အား) ဖိတ်ခေါ်လျက်ရှိပေသည်။ ၎င်းပြင် ငါသည်ထိုအရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်၍ သွားရမည်ဖြစ်ချေသတည်း။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်က ကျမ်းဂန်‌ပေးသနားထား‌တော်မူ‌သောသူများသည် အသင်(တမန်‌တော်)၏အ‌ပေါ်တွင် ကျ‌ရောက်လာ‌သောအရာ(ကုရ်အာန်)‌ကြောင့် ‌ပျော်ရွှင်‌နေကြသည်။ ထို့ပြင် အုပ်စုများထဲတွင် ထိုကျမ်း‌တော်၏ အချို့အစိတ်အပိုင်းကို ငြင်းပယ်‌သောသူများလည်း ရှိကြသည်။* (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- ငါသည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့် မည်သူ့ကိုမှ တွဲဖက်မကိုးကွယ်ရန် အမိန့်‌ပေး‌တော်မူခြင်းကိုသာ ခံခဲ့ရသည်။ ငါသည် အရှင်မြတ်ဘက်သို့သာ ဖိတ်‌ခေါ်‌နေခြင်းဖြစ်သည်။ ထို့ပြင် ငါသည် အရှင်မြတ်ထံ‌တော်သို့ပင် ပြန်လည်သွားရမည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek