×

ထို့ပြင် တစ်ခုတည်းသော မိုးရေကို သွင်းပေးတိုက်ကျွေးခြင်းခံရသော်လည်း အမြစ်တစ်ခုတည်း သို့မဟုတ် တစ်ခုထက်ပိုသော အမြစ်ပေါ် အခိုင်အမာရပ်တည်နေကြသော သစ်ပင်မျိုးစုံ ရှင်သန်ပေါက်ပွားကြီးထွား လာ၍ 13:4 Burmese translation

Quran infoBurmeseSurah Ar-Ra‘d ⮕ (13:4) ayat 4 in Burmese

13:4 Surah Ar-Ra‘d ayat 4 in Burmese (البورمية)

Quran with Burmese translation - Surah Ar-Ra‘d ayat 4 - الرَّعد - Page - Juz 13

﴿وَفِي ٱلۡأَرۡضِ قِطَعٞ مُّتَجَٰوِرَٰتٞ وَجَنَّٰتٞ مِّنۡ أَعۡنَٰبٖ وَزَرۡعٞ وَنَخِيلٞ صِنۡوَانٞ وَغَيۡرُ صِنۡوَانٖ يُسۡقَىٰ بِمَآءٖ وَٰحِدٖ وَنُفَضِّلُ بَعۡضَهَا عَلَىٰ بَعۡضٖ فِي ٱلۡأُكُلِۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَعۡقِلُونَ ﴾
[الرَّعد: 4]

ထို့ပြင် တစ်ခုတည်းသော မိုးရေကို သွင်းပေးတိုက်ကျွေးခြင်းခံရသော်လည်း အမြစ်တစ်ခုတည်း သို့မဟုတ် တစ်ခုထက်ပိုသော အမြစ်ပေါ် အခိုင်အမာရပ်တည်နေကြသော သစ်ပင်မျိုးစုံ ရှင်သန်ပေါက်ပွားကြီးထွား လာ၍ စွန်ပလွံစိုက်ပျိုးခြံများ၊ ကောက်ပဲသီးနှံစိုက်ခင်းများနှင့်စပျစ်ခြံများစသော စိုက်ပျိုးရေးဆိုင်ရာ လယ်ယာခြံမြေများနှင့်ပန်းခြံဥယာဉ်မျိုးစုံဖြင့် စိန်းလန်းစိုပြေသာယာလှပစေတော်မူခြင်းဖြင့် အိမ်နီး ချင်းပတ်ဝန်းကျင် မြို့ရွာနိုင်ငံများတွင် အသက်မွေးဝမ်းကျောင်းအမျိုးမျိုးအပေါ် မှီခိုနိုင်အောင် ရာသီဥတုနှင့်မြေဆီတို့၏သဘောသဘာဝ အမျိုးမျိုးအဖုံဖုံရှိသော အိမ်နီးချင်းများအဖြစ် ဖြစ်ပေါ်စေတော်မူလျက် စားသောက်မှီဝဲရာတွင်လည်း အချို့ကို အချို့ထက် အရှင့်ကျေးဇူးတော်များဖြစ်သော ရေမြေသယံဇာတအရင်းအမြစ်များဖြင့် ပိုမိုထူးကဲစွာ ပြည့်စုံစေတော်မူရန် တစ်ခုတည်းသော မြေကမ္ဘာ၌ပင် လူသားတို့ အသက်ရှင်ရပ်တည်ရေးဆိုင်ရာ စီးပွားရေးလမ်ကြောင်း အမျိုးမျိုးအသွယ်သွယ်ကို ဖြစ်ပေါ်ဖန်တီးစေတော်မူ၏။ ဧကန်ပင်၊ ထိုသို့ ဖြစ်ပေါ်ဖန်တီးစေတော်မူခြင်း၌ စဉ်း စားဆင်ခြင်တွေးခေါ်သုံးသပ်ကြသော လူမျိုးတို့အတွက် အမှန်ပင် သက်သေလက္ခဏာတော်များ ရှိနေ၏။

❮ Previous Next ❯

ترجمة: وفي الأرض قطع متجاورات وجنات من أعناب وزرع ونخيل صنوان وغير صنوان, باللغة البورمية

﴿وفي الأرض قطع متجاورات وجنات من أعناب وزرع ونخيل صنوان وغير صنوان﴾ [الرَّعد: 4]

Ba Sein
၄။ ထို့အပြင် ကမ္ဘာမြေပေါ်ဝယ် ဆက်စပ်နေသောနယ်မြေများ၊ စပျစ်ဥယျာဉ်များ၊ ထွန်ယက်သောလယ်မြေများ၊ စွန်ပလွံပင်များရှိကြ၏။ ထိုသစ်ပင်တို့သည် အမျိုးတူ၊အမျိုးခြားတို့ဖြစ်ကြ၏။ ထိုမြေသစ်ပင်တို့ကို ရေတစ်မျိုး တည်းဖြင့် ဆွတ်ဖျန်းတော်မူ၏။ ထို့အပြင်ငါအရှင်မြတ်သည် ၎င်းသစ်သီးများအနက် အသီးအချို့ကို အသီးအချို့ ထက် အနံ့အရသာပိုမိုကောင်းမွန်စေတော်မူ၏။ မှတ်သားကြလော့။ ဤအကြောင်းအရာများတွင် စဉ်းစားဉာာဏ် ရှိသူတို့အဖို့ သက်သေသာဓကတော်များပါရှိ၏။
Ghazi Mohammad Hashim
၎င်းပြင် ပထဝီမြေ၌ တစ်ခုတည်းသော ရေကိုသွင်းပေးခြင်းခံရသော နီးကပ်စွာရှိသောမြေကွက် များသည်လည်းကောင်း၊ စပျစ်ခြံများသည်လည်းကောင်း၊ လယ်ယာများသည်လည်းကောင်း၊ အမြစ်တစ်ခုတည်းမှ တစ်ပင်မက ပေါက်ရောက်သော စွန်ပလွံပင်များသည်လည်းကောင်း၊ အမြစ်တစ်ခုမှ တစ်ပင်စီပေါက်ရောက်သော စွန်ပလွံပင်များသည် လည်းကောင်း၊ ရှိသည်။ သို့ပါလျက် ငါအရှင်မြတ်သည် အသီးများတွင်၎င်းတို့အနက် အချို့ကိုအချို့ထက် ထူးကဲစေတော်မူ၏။ ဧကန်အမှန် ဤသူတို့၌ နားလည်ကြသူတို့အဖို့ သက်သေလက္ခဏာများသည် အမှန်ပင် ရှိကြပေသတည်း။
Hashim Tin Myint
ထို့ပြင် ‌မြေပထဝီတွင် တစ်ခုနှင့်တစ်ခု ဆက်စပ်‌နေ‌သော‌မြေကြီးအပိုင်းအမျိုးမျိုး(‌မြေလွှာအမျိုးမျိုး)ရှိသည်။ ထို့ပြင် (ထိုအထဲ၌ အချို့သည် ‌မြေ‌ကောင်း၍ အကျိုးရှိ‌သောအပင်များ‌ပေါက်သည်၊ အချို့သည် ‌မြေမ‌ကောင်း၍ မည်သည့်အရာမျှ မ‌ပေါက်‌ပေ။ ထို‌ကောင်း‌သော‌မြေထဲ၌) စပျစ်ခြံများ၊ လယ်ယာများ၊ တစ်‌နေရာတည်း၌ စုပြီး‌ပေါက်‌သော စွန်ပလွံရုံများလည်းရှိသည်၊ အကွဲကွဲအပြားပြား‌ပေါက်‌သော စွန်ပလွံပင်များလည်းရှိသည်။ ထိုအရာအားလုံးသည် ‌ရေတစ်ခုတည်း ‌ပေးသွင်းခံရသည်။ ၎င်း‌နောက် ငါအရှင်မြတ်သည် အချို့ကို အချို့ထက် အရသာထူးကဲ‌စေ‌တော်မူသည်။ အမှန်စင်စစ် ဤသည် နားလည်သူများတွက် သက်‌သေလက္ခဏာများ အမှန်ပင်ရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek