×

ထိုပြင် ထိုအရှင်မြတ်သည်ပင် ကမ္ဘာဂြိုလ်ကို ဖြန့်ခင်းတိုးပွားစေတော်မူခဲ့ပြီး ယင်း၌ ခိုင်မြဲသော တောတောင်များနှင့်မြစ်ချောင်းပင်လယ်သမုဒ္ဒရာများကို ဖြစ်ပေါ်စေတော်မူခြင်းဖြင့် အဖိုအမ၊ အရောင်အနံ့အရသာစသော အပေါင်းအဖော်ဒွယံဒွယံရှိသည့် သစ်သီးဝလံများ၊ 13:3 Burmese translation

Quran infoBurmeseSurah Ar-Ra‘d ⮕ (13:3) ayat 3 in Burmese

13:3 Surah Ar-Ra‘d ayat 3 in Burmese (البورمية)

Quran with Burmese translation - Surah Ar-Ra‘d ayat 3 - الرَّعد - Page - Juz 13

﴿وَهُوَ ٱلَّذِي مَدَّ ٱلۡأَرۡضَ وَجَعَلَ فِيهَا رَوَٰسِيَ وَأَنۡهَٰرٗاۖ وَمِن كُلِّ ٱلثَّمَرَٰتِ جَعَلَ فِيهَا زَوۡجَيۡنِ ٱثۡنَيۡنِۖ يُغۡشِي ٱلَّيۡلَ ٱلنَّهَارَۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَتَفَكَّرُونَ ﴾
[الرَّعد: 3]

ထိုပြင် ထိုအရှင်မြတ်သည်ပင် ကမ္ဘာဂြိုလ်ကို ဖြန့်ခင်းတိုးပွားစေတော်မူခဲ့ပြီး ယင်း၌ ခိုင်မြဲသော တောတောင်များနှင့်မြစ်ချောင်းပင်လယ်သမုဒ္ဒရာများကို ဖြစ်ပေါ်စေတော်မူခြင်းဖြင့် အဖိုအမ၊ အရောင်အနံ့အရသာစသော အပေါင်းအဖော်ဒွယံဒွယံရှိသည့် သစ်သီးဝလံများ၊ သီးနှံပန်းမန်များအား ပေါ်ထွက်ဖြစ်တည်စေတော်မူ၍ နေ့ကိုညဖြင့် အစားတိုး ဖုံးလွှမ်းစေတော်မူ၏။ ဧကန်ပင်၊ ထိုသို့ ဖြစ်ပေါ်ပြောင်းလဲခြင်း၌ စဉ်းစားဆင်ခြင်တွေးခေါ် သုံးသပ်ကြသော လူမျိုးတို့အတွက် အမှန်ပင် သက်သေလက္ခဏာတော်များ ရှိနေ၏။

❮ Previous Next ❯

ترجمة: وهو الذي مد الأرض وجعل فيها رواسي وأنهارا ومن كل الثمرات جعل, باللغة البورمية

﴿وهو الذي مد الأرض وجعل فيها رواسي وأنهارا ومن كل الثمرات جعل﴾ [الرَّعد: 3]

Ba Sein
၃။ တဖန် အလ္လာဟ်အရှင်မြတ်သည် မဟာပထဝီမြေကြီးကို ဖြန့်ခင်း၍လည်းကောင်း၊ မြေပေါ်၌ တောတောင်မြစ် ချောင်းစသည်တို့ကို ဖန်ဆင်းထားတော်မူ၏။ ထိုမြေပေါ်တွင် အသီးအနှံများ၊ ဖို-မစုံတွဲ စုံတွဲစီစီရင်ထားတော်မူ၏။ အရှင်မြတ်သည် ညဉ့်ကို နေ့အားဖြင့် ဖုံးလွှမ်းထားတော်မူ၏။ မှတ်သားကြလော့။ ဤအချင်းအရာများတွင် စဉ်းစားတတ်သူတို့အဖို့အရာ သက်သေသာဓကတော်များပါရှိ၏။
Ghazi Mohammad Hashim
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင်လျှင် ပထဝီမြေကို ဖြန့်ခင်းတော်မူခဲ့သောအရှင် ဖြစ်တော်မူပေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင် ထိုပထဝီမြေ၌ တောင်များကိုလည်းကောင်း၊ ချောင်းမြစ်တို့ ကိုလည်းကောင်း၊ ပြုလုပ်ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ထိုအရှင်မြတ်သည် ယင်းပထဝီမြေ၌သစ်သီးဝလံ အသီးသီးကို နှစ်မျိုးစီ ဖန်ဆင်းတော်မူခဲ့၏။ ထိုအရှင်မြတ်သည် ညဖြင့်နေ့ကို ဖုံးအုပ်ခဲ့တော်မူ၏။ ဧကန်မလွဲဤသည်တို့၌ စဉ်းစားဆင်ခြင်ကုန်သော သူတို့အဖို့ အမှန်ပင်သက်သေလက္ခဏာများသည် ရှိချေသတည်း။
Hashim Tin Myint
ထို့ပြင် ထိုအရှင်မြတ်သည် ပထဝီ‌မြေကို ဖြန့်ခင်း‌တော်မူ‌သောအရှင်* ဖြစ်‌တော်မူသည်။ ထို့‌နောက် အရှင်မြတ်သည် ‌မြေပထဝီတွင် ‌တောင်များနှင့် မြစ်‌ချောင်းများကို ပြုလုပ်ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ထို‌မြေပထဝီတွင် သစ်သီးဝလံများကို စုံလိုက် ဖန်ဆင်း‌တော်မူခဲ့သည်။* အရှင်မြတ်သည် ညကို ‌နေ့ဖြင့် ဖုံးအုပ်‌တော်မူခဲ့သည်။ အမှန်စင်စစ် ထိုအထဲတွင် စဉ်းစားဆင်ခြင်သူများအတွက် အမှန်ပင် သက်‌သေလက္ခဏာများ ရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek