×

အကယ်၍ ငါအရှင်မြတ်သည် သူတို့အား ကတိပေးတော်မူသည့်အရာများအနက်မှ အချို့ကို အသင်တ မန်တော်၏သက်တမ်း၌ ဖြည့်ဆည်းစေတော်မူလျှက် အသင့်အား ပြသတော်မူသည်ဖြစ်စေ၊ သို့တည်း မဟုတ် 13:40 Burmese translation

Quran infoBurmeseSurah Ar-Ra‘d ⮕ (13:40) ayat 40 in Burmese

13:40 Surah Ar-Ra‘d ayat 40 in Burmese (البورمية)

Quran with Burmese translation - Surah Ar-Ra‘d ayat 40 - الرَّعد - Page - Juz 13

﴿وَإِن مَّا نُرِيَنَّكَ بَعۡضَ ٱلَّذِي نَعِدُهُمۡ أَوۡ نَتَوَفَّيَنَّكَ فَإِنَّمَا عَلَيۡكَ ٱلۡبَلَٰغُ وَعَلَيۡنَا ٱلۡحِسَابُ ﴾
[الرَّعد: 40]

အကယ်၍ ငါအရှင်မြတ်သည် သူတို့အား ကတိပေးတော်မူသည့်အရာများအနက်မှ အချို့ကို အသင်တ မန်တော်၏သက်တမ်း၌ ဖြည့်ဆည်းစေတော်မူလျှက် အသင့်အား ပြသတော်မူသည်ဖြစ်စေ၊ သို့တည်း မဟုတ် ထိုကတိတော်များကို ငါအရှင်မြတ်ဖြည့်ဆည်းပေတော်မမူမီ အသင်တမန်တော်အား ဘဝကူးပြောင်းစေတော်မူ လျှင်ဖြစ်စေ အသင့်အပေါ်၌ ငါအရှင်မြတ်၏အမိန့်ပညတ်ချက်များကို လူသားတို့ထံအရောက် ပို့ဆောင်ပေးရန်သာ တာဝန်ရှိပြီး ငါအရှင်မြတ်သည် အမိန့်တော်များအား နာခံလိုက်နာသူအတွက် ဆုလဒ်ပေးခြင်းနှင့်ဖီဆန် ငြင်းပယ်သူတို့အား ဒဏ်ခတ်အရေးယူခြင်းဖြင့် စာရင်းရှင်းခြင်းကို ငါအရှင်မြတ်အပေါ်၌ပင် တာဝန်အဖြစ် သတ်မှတ်ပြဋ္ဌာန်းတော်မူ၏။

❮ Previous Next ❯

ترجمة: وإن ما نرينك بعض الذي نعدهم أو نتوفينك فإنما عليك البلاغ وعلينا, باللغة البورمية

﴿وإن ما نرينك بعض الذي نعدهم أو نتوفينك فإنما عليك البلاغ وعلينا﴾ [الرَّعد: 40]

Ba Sein
၄ဝ။ တမန်တော်၊ ငါအရှင်မြတ်သည် လူသားတို့အား ကတိထားသည့်အရာမှ အချို့ကို သင့်အား ငါအရှင်မြတ်မြင်ခွင့် ပြုတော်မူသည်ဖြစ်စေ၊ သို့မဟုတ် ထိုအရာမဖြစ်မီ သင်ကံကုန်သည်ဖြစ်စေ၊ သင်၏ တာဝန်ဝတ္တရားမှာကား အမှာဗျာဒိတ်တော်ကို ယူဆောင်လာရခြင်းသာဖြစ၏။ စစ်ကြောစီရင်ခြင်းမှာ ငါအရှင်မြတ်၏ ဝတ္တရားသာတည်း။
Ghazi Mohammad Hashim
အမှန်သော်ကား အကယ်၍ ငါအရှင်မြတ်သည်အသင်အား ငါအရှင်မြတ် ၎င်းတို့ကို ကတိပေးတော်မူရာအချို့ကိုပြသတော်မူသည်ဖြစ်စေ၊ သို့တည်းမဟုတ် ငါအရှင်မြတ်သည် ကွယ်လွန်စေတော်မူသည်ဖြစ်စေ၊ (မည်သို့ပင်ဖြစ်စေ) အသင့် အပေါ်၌မူကား (ငါအရှင်မြတ် အမိန့်ပညတ်တော်များကိုလူတို့ထံ)ပို့ဆောင်ရုံမျှပင် ထာဝန်ရှိပေသည်။ ငါအရှင်မြတ်အပေါ်၌မူကား စစ်ဆေးရန်တာဝန်သည် ရှိပေသတည်း။
Hashim Tin Myint
ထို့ပြင် အကယ်၍ ငါအရှင်မြတ်က သူတို့အား ကတိပြုထား‌သောအရာအချို့ကို ငါအရှင်မြတ်အ‌နေဖြင့် အသင့်အား ပြသသည်ဖြစ်‌စေ၊ သို့မဟုတ် ငါအရှင်မြတ်အ‌နေဖြင့် အသင့်အား ကွယ်လွန်‌စေ‌တော်မူသည်ပင်ဖြစ်‌စေ၊ အသင်၏အ‌ပေါ်၌ (အမိန့်‌တော်များကို)ပို့‌ဆောင်ရန်သာ တာဝန်ရှိသည်။ ထို့ပြင် ငါအရှင်မြတ်သည်အ‌ပေါ်၌မူ စစ်‌ဆေးရန်တာဝန်လည်းရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek