×

သက်ဝင်ယုံကြည်ကြသော ငါအရှင်မြတ်၏အစေခံများအား ထိုနေ့၌ မည်သည့်အပေးအယူနှင့်အရောင်း အဝယ်မျှ အသုံးဝင်မည်မဟုတ်သော မည်သည့်အပေါင်းအဖော်တို့၏ရင်းနှီးမှုမျှ အကျိုးပြုမည် မဟုတ်သော ထိုတမလွန်တရားစီရင်မည့်နေ့ရောက်မလာမီ ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းများနှင့်အညီ 14:31 Burmese translation

Quran infoBurmeseSurah Ibrahim ⮕ (14:31) ayat 31 in Burmese

14:31 Surah Ibrahim ayat 31 in Burmese (البورمية)

Quran with Burmese translation - Surah Ibrahim ayat 31 - إبراهِيم - Page - Juz 13

﴿قُل لِّعِبَادِيَ ٱلَّذِينَ ءَامَنُواْ يُقِيمُواْ ٱلصَّلَوٰةَ وَيُنفِقُواْ مِمَّا رَزَقۡنَٰهُمۡ سِرّٗا وَعَلَانِيَةٗ مِّن قَبۡلِ أَن يَأۡتِيَ يَوۡمٞ لَّا بَيۡعٞ فِيهِ وَلَا خِلَٰلٌ ﴾
[إبراهِيم: 31]

သက်ဝင်ယုံကြည်ကြသော ငါအရှင်မြတ်၏အစေခံများအား ထိုနေ့၌ မည်သည့်အပေးအယူနှင့်အရောင်း အဝယ်မျှ အသုံးဝင်မည်မဟုတ်သော မည်သည့်အပေါင်းအဖော်တို့၏ရင်းနှီးမှုမျှ အကျိုးပြုမည် မဟုတ်သော ထိုတမလွန်တရားစီရင်မည့်နေ့ရောက်မလာမီ ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းများနှင့်အညီ မြဲမြံစွာ ဆောက်တည်ကြရန်နှင့်ငါအရှင်ချီးမြှင့်ပေးအပ်တော်မူသော ဥစ္စာဓန၊ ဩဇာအာဏာနှင့်ဉာဏ် ပညာများမှ အရှင့်ကျေနပ်နှစ်မြို့မှုအတွက် ဆင်းရဲချို့တဲ့သူတို့အား တိတ်တဆိတ်ဖြစ်စေ လူသိရှင်ကြား ပွင့်ပွင့်လင်းလင်းဖြစ်စေ၊ ပေးကမ်း စွန့်လှူကြရန် ဟောပြောလော့။

❮ Previous Next ❯

ترجمة: قل لعبادي الذين آمنوا يقيموا الصلاة وينفقوا مما رزقناهم سرا وعلانية من, باللغة البورمية

﴿قل لعبادي الذين آمنوا يقيموا الصلاة وينفقوا مما رزقناهم سرا وعلانية من﴾ [إبراهِيم: 31]

Ba Sein
၃၁။ တမန်တော်၊ သင်သည် ငါအရှင်မြတ်၏ ကျေးကျွန်တို့အား ဝတ်၌ တည်မြဲဖို့ရာနှင့် ငါပေးသနားတော်မူသောဥစ္စာ ပစ္စည်းမှ တိတ်တဆိတ်သော်လည်းကောင်း၊ ထင်ရှားစွာသော်လည်းကောင်း၊ သုံးစွဲဖို့ရာဟောကြားလော့။ ထို ကုသိုလ်ကောင်းမှုများကို ရောင်းဝယ်ဖောက်ကားခြင်းသော်လည်းကောင်း၊ မိတ်ဖွဲ့ခြင်းသော်လည်းကောင်း၊ မရှိသောနေ့တော်ကြီးမကျရောက်မီ ဆည်းပူးကြရမည်။
Ghazi Mohammad Hashim
(အို- နဗီတမန်တော်) အသင်သည် သက်ဝင်ယုံကြည်ကြကုန်သော ငါအရှင်မြတ်၏ကျွန်များအား ထိုသူတို့သည်ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြရမည်။ ထို့ပြင် ငါအရှင်မြတ်က ထိုသူတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သည့် ဥစ္စာပစ္စည်းများအနက်မှ အကြင်နေ့ မဆိုက်ရောက်မီ လျှို့ဝှက်စွာလည်းကောင်း၊ ထင်ရှားစွာလည်းကောင်း၊ ပေးကမ်းစွန့်ကြဲကြရမည်ဟု ပြောကြားပါလေ။ ထိုနေ့တွင် ကုန်သွယ်မှုသည်လည်းရှိလိမ့်မည်မဟုတ်ပေ။ မိတ်ဖွဲ့ရင်းနှီး ကျွမ်းဝင်မှုဟူ၍လည်းရှိလိမ့်မည်မဟုတ်ပေ။
Hashim Tin Myint
(အို- တမန်‌တော်)အသင်သည် အီမာန်ယုံကြည်ကြ‌သော ငါအရှင်မြတ်၏ကျွန်များကို ‌ပြောလိုက်ပါ၊ သူတို့သည် စွလာသ်ဝတ်ပြုမှုကို ‌ဆောက်တည်ကြရမည်၊ ၎င်း‌နောက် ‌ရောင်းဝယ်‌ဖောက်ကားမှုလည်းရှိမည် မဟုတ်၊ မိတ်‌ဆွေဖြစ်မှုလည်းရှိမည် မဟုတ်‌သော‌နေ့ မဆိုက်‌ရောက်မီ ငါအရှင်မြတ်က သူတို့အား ‌ပေးသနား‌တော်မူခဲ့‌သော ပစ္စည်းဥစ္စာများထဲမှ လျှို့ဝှက်စွာနှင့် ထင်ရှားစွာ ‌ပေးကမ်းစွန့်ကြဲကြရမည်(ဟု ‌ပြောလိုက်ပါ)။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek