Quran with Burmese translation - Surah Ibrahim ayat 37 - إبراهِيم - Page - Juz 13
﴿رَّبَّنَآ إِنِّيٓ أَسۡكَنتُ مِن ذُرِّيَّتِي بِوَادٍ غَيۡرِ ذِي زَرۡعٍ عِندَ بَيۡتِكَ ٱلۡمُحَرَّمِ رَبَّنَا لِيُقِيمُواْ ٱلصَّلَوٰةَ فَٱجۡعَلۡ أَفۡـِٔدَةٗ مِّنَ ٱلنَّاسِ تَهۡوِيٓ إِلَيۡهِمۡ وَٱرۡزُقۡهُم مِّنَ ٱلثَّمَرَٰتِ لَعَلَّهُمۡ يَشۡكُرُونَ ﴾
[إبراهِيم: 37]
﴿ربنا إني أسكنت من ذريتي بواد غير ذي زرع عند بيتك المحرم﴾ [إبراهِيم: 37]
| Ba Sein ၃၇။ အို-အကျွနု်ပ်တို့၏ အသက်သခင်ကျေးဇူးရှင်၊ အကျွနု်ပ်သည် မိမိ၏ နောက်သားနောင်လာအချို့ကို အရှင်မြတ် ကျောင်းတော်ကြီးအနီးအပါးလယ်ယာထွန်ယက်မလုပ်မကိုင်နိုင်သောတောင်ကြားချိုင့်ဝှမ်းတခုတွင် နေရာချထား ပါ၏။ အို-အကျွနု်ပ်တို့၏ အသင်သခင်ကျေးဇူးရှင်၊ ယင်းသို့ချထားခြင်းမှာ သူတို့ဖြောင့်မတ်မှန်ကန်သောသာသနာ တော်ကြီးကို တည်ထောင်ဖို့ရာဖြစ်ပါ၏။ လူသားအချို့တို့၏ စိတ်နှလုံးကို သူတို့ဘက်သို့ ယိမ်းယိုင်စေတော်မူပါ။ သူတို့သည် အရှင်၏ ဂုဏ်ကျေးဇူးတော်ကို ချီးကျူးတသဖို့ရာ သူတို့အား သစ်သီးသစ်ဥများကို ပေးသနားတော် မူပါ။ |