Quran with Burmese translation - Surah Ibrahim ayat 47 - إبراهِيم - Page - Juz 13
﴿فَلَا تَحۡسَبَنَّ ٱللَّهَ مُخۡلِفَ وَعۡدِهِۦ رُسُلَهُۥٓۚ إِنَّ ٱللَّهَ عَزِيزٞ ذُو ٱنتِقَامٖ ﴾
[إبراهِيم: 47]
﴿فلا تحسبن الله مخلف وعده رسله إن الله عزيز ذو انتقام﴾ [إبراهِيم: 47]
Ba Sein ၄၇။ ထို့ကြောင့်အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်များအား ပေးသနားတော်မူသောကတိတော်ကို တည် တော်မူမည်မဟုတ်ဟု သင်မထင်မှတ်လင့်။ မှတ်သားလော့၊ အလ္လာဟ်အရှင်မြတ်သည် အနန္တတန်ခိုးတော်နှင့် ပြည့်စုံတော်မူ၏။ ဒုစရိုက်ကောင်များကို လက်စားချေနိုင်တော်မူ၏။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ အသင်သည် အလ္လာဟ်အရှင်မြတ်အား မိမိရစူလ်တမန်တော်များနှင့် ချိန်းချက်ထားရှိတော်မူသော ကတိတော်ကို ဖောက်ဖျက်တော်မူမည့်အရှင် ဟူ၍အလျင်း မထင်မှတ်လေနှင့်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ လက်စားချေတော်မူ သောအရှင်၊ ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint သို့ဖြစ်ရာ အသင်သည် အလ္လာဟ်အရှင်မြတ်အား အရှင်မြတ်၏တမန်တော်များနှင့် ချိန်းဆိုထားသော ကတိကို ဖောက်ဖျက်တော်မူမည့်အရှင်ဟု လုံးဝ မထင်လိုက်လေနှင့်။ အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးတော်နှင့်အလွန်လွှမ်းမိုးတော်မူသောအရှင်၊ တန်ပြန်အရေးယူတော်မူသောအရှင် ဖြစ်တော်မူသည်။ |