Quran with Burmese translation - Surah Ibrahim ayat 52 - إبراهِيم - Page - Juz 13
﴿هَٰذَا بَلَٰغٞ لِّلنَّاسِ وَلِيُنذَرُواْ بِهِۦ وَلِيَعۡلَمُوٓاْ أَنَّمَا هُوَ إِلَٰهٞ وَٰحِدٞ وَلِيَذَّكَّرَ أُوْلُواْ ٱلۡأَلۡبَٰبِ ﴾
[إبراهِيم: 52]
﴿هذا بلاغ للناس ولينذروا به وليعلموا أنما هو إله واحد وليذكر أولو﴾ [إبراهِيم: 52]
Ba Sein ၅၂။ ဤကုရ်အာန်ကျမ်းတော်မြတ်သည် စာရင်းရှင်းမှု၌ လျင်မြန်တော်မူ၏။ ရှင်းလင်းထင်ရှားသောဗျာဒိတ်တော် ဖြစ်၏။ သူတို့ကို ကျမ်းတော်မြတ်အားဖြင့် သွန်သင်ဆုံးမသတိပေးရန်သော်လည်းကောင်း၊ အရှင်မြတ်သည် တဆူတည်းသောအရှင်သခင်ဖြစ်ကြောင်းကို သူတို့သိနားလည်ရန်သော်လည်းကောင်း၊ စဉ်းစားဆင်ခြင်တတ်သော ပုဂ္ဂိုလ်တို့သည် သတိတရားရရှိရန်သော်လည်းကောင်း၊ ဤကျမ်းတော်မြတ်ကို ပြဋ္ဌာန်းချပေးသနားတော်မူ၏။ |
Ghazi Mohammad Hashim ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည်ကား လူတို့အဖို့ အကြောင်းကြားချက်သည်လည်းကောင်း၊ ထို့ပြင် ထိုသူတို့သည် သတိပေးနှိုးဆော်ခြင်း ခံကြရ အံ့သောငှာလည်းကောင်း၊ထိုမှတစ်ပါး ထိုအရှင်မြတ်သည် တစ်ဆူတည်းသောကိုးကွယ်ရာအရှင်ဖြစ်တော်မူကြောင်း။ ထိုသူတို့ သိရှိယုံကြည်အံ့သောငှာလည်းကောင်း၊ ထို့ပြင်တစ်ဝ နိသမ္မဉာဏ်ရှင်တို့သည် တရားရကြအံ့သောငှာလည်းကောင်း၊ ဖြစ်ချေသတည်း |
Hashim Tin Myint ဤ(ကုရ်အာန်)သည် လူများအတွက် အကြောင်းကြားချက်ဖြစ်သည်၊ ထို့ပြင် သူတို့သည် ၎င်းအရာနှင့် သတိပေးနှိုးဆော်ခြင်းခံရရန်အတွက်လည်း ဖြစ်သည်၊ ထို့ပြင် အရှင်မြတ်သည် တစ်ပါးတည်းရှိသော ကိုးကွယ်ထိုက်သောအရှင် ဖြစ်တောမူကြောင်း သူတို့ သိရှိယုံကြည်ရန်အတွက်လည်း ဖြစ်သည်၊ ထို့ပြင် အသိဉာဏ်ရှိသောသူများ သတိတရားရရန်အတွက်လည်း ဖြစ်သည်။ |