×

ထို့ပြင် ငါအရှင်မြတ်သည် ကမ္ဘာမြေပထဝီကို ဖြန့်ခင်းကျယ်ပြောတော်မူ၍ ယင်း၌ တောင်ကြီး၊ တောင်ငယ်နှင့်တော်တန်းများကို အခိုင်အမာတွယ်ကပ်စိုက်ထူထားတော်မူလျှက် ငါအရှင်မြတ်သည်ပင် (သက်ရှိအားလုံး၏အသက်ရှင် ရပ်တည်ရေးနှင့်သဟဇာတဖြစ်မည့်) သစ်ပင်ပေါက်ပင်မျိုးစုံကို 15:19 Burmese translation

Quran infoBurmeseSurah Al-hijr ⮕ (15:19) ayat 19 in Burmese

15:19 Surah Al-hijr ayat 19 in Burmese (البورمية)

Quran with Burmese translation - Surah Al-hijr ayat 19 - الحِجر - Page - Juz 14

﴿وَٱلۡأَرۡضَ مَدَدۡنَٰهَا وَأَلۡقَيۡنَا فِيهَا رَوَٰسِيَ وَأَنۢبَتۡنَا فِيهَا مِن كُلِّ شَيۡءٖ مَّوۡزُونٖ ﴾
[الحِجر: 19]

ထို့ပြင် ငါအရှင်မြတ်သည် ကမ္ဘာမြေပထဝီကို ဖြန့်ခင်းကျယ်ပြောတော်မူ၍ ယင်း၌ တောင်ကြီး၊ တောင်ငယ်နှင့်တော်တန်းများကို အခိုင်အမာတွယ်ကပ်စိုက်ထူထားတော်မူလျှက် ငါအရှင်မြတ်သည်ပင် (သက်ရှိအားလုံး၏အသက်ရှင် ရပ်တည်ရေးနှင့်သဟဇာတဖြစ်မည့်) သစ်ပင်ပေါက်ပင်မျိုးစုံကို ဟန်ချက်ညီညီ ပေါက်ရောက် ဖြစ်ထွန်း စေတော်မူ၏။

❮ Previous Next ❯

ترجمة: والأرض مددناها وألقينا فيها رواسي وأنبتنا فيها من كل شيء موزون, باللغة البورمية

﴿والأرض مددناها وألقينا فيها رواسي وأنبتنا فيها من كل شيء موزون﴾ [الحِجر: 19]

Ba Sein
၁၉။ ထို့အပြင်ငါအရှင်မြတ်သည် မဟာပထဝီမြေကြီးကို ဖြန့်ခင်းတော်မူ၏။ ထိုမြေပေါ်တွင် တောင်ငယ်တောင်ကြီးကို မြဲမြံစွာဖန်ဆင်းထားတော်မူ၏။ သင့်တော်သောကောက်ပဲသီးနှံအမျိုးမျိုးကို ပေါက်ရောက်စေတော်မူ၏။
Ghazi Mohammad Hashim
၎င်းပြင် ငါအရှင်မြတ်သည် ပထဝီမြေကို ဖြန့်ခင်းတော်မူ၍ ယင်းပထဝီမြေ၌ လေးလံသော တောင်ကြီးများကိုချထားတော်မူလေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည်ယင်းပထဝီမြေ၌ ခန့်မှန်း (သတ်မှတ်)ပြီးဖြစ်သော အရာဝတ္ထုတိုင်းကို ပေါက်ရောက် ဖြစ်ထွန်းစေတော်မူခဲ့လေသည်။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် ‌မြေပထဝီကို ဖြန့်ခင်း‌တော်မူပြီး ထိုအ‌ပေါ်တွင် (‌လေးလံ‌သော)‌တောင်ကြီးများကို စိုက်ထား‌တော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် ထို‌မြေပထဝီတွင် သတ်မှတ်ထားသည့်အရာတိုင်းကို ‌ပေါက်‌ရောက်ဖြစ်ထွန်း‌စေ‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek